[Zawgyi]

အိမ္ေထာင္က်သြားေပမယ့္ အႏုပညာေပၚထားရွိတဲ့စိတ္က အရင္အတုိင္းပါပဲဆိုတဲ့ စႏၵီျမင့္လြင္

သီခ်င္းေတြဆိုေနရရင္ အလိုလိုေပ်ာ္ေနတတ္တဲ့ စႏၵီျမင့္လြင္တစ္ေယာက္ အိမ္ေထာင္က်ၿပီးေနာက္ပိုင္းမွာ ဘာေတြေျပာင္းလဲသြားတယ္ဆိုတာနဲ႔ ပတ္သက္ၿပီး အခုလိုေျပာျပခဲ့ပါတယ္။ “ဒီးဒီအိမ္ေထာင္က်သြားလို႔ အိမ္ေထာင္ရွင္မတစ္ေယာက္ျဖစ္သြားလို႔ဆိုၿပီး စိတ္ခံစားမႈ အေထြအထူးေျပာင္းလဲသြားတာေတြ မရိွပါဘူး။ အိမ္ေထာင္က်သြားေပမယ့္လည္း ဒီအတိုင္းပါပဲ။ အရမ္းႀကီးေျပာင္းလဲသြားတာမ်ိဳးေတြ မရိွပါဘူး။ ကိုယ့္အိမ္ေထာင္ေရးေၾကာင့္ အႏုပညာအလုပ္ေတြဆက္လုပ္ျဖစ္ရဲ႕လားဆိုေတာ့လည္း အႏုပညာအလုပ္ေတြက လုပ္ျဖစ္ေနပါတယ္။ သီခ်င္းေတြ ေဖ်ာ္ေျဖေနဆဲပါပဲ။ အိမ္ေထာင္က်သြားေပမယ့္လည္း ၅ ေခြေျမာက္အေခြကို အေကာင္းဆုံးျဖစ္ေအာင္ ထုတ္သြားမွာပါ” လို႔ ဆိုပါတယ္။

သားသမီးယူဖို႔ ရိွမရိွနဲ႔ပတ္သက္ၿပီးေတာ့လည္း အခုလိုထပ္မံေျပာျပခဲ့ပါတယ္။ “ဒီးဒီ ေနာက္ထပ္အယ္လ္ဘမ္ထုတ္လိုက္ပါဦးမယ္။ ေနာက္ၿပီး ႏွစ္ေယာက္အတူတူလည္း အလုပ္ေတြ လုပ္စရာရိွေသးတာေၾကာင့္ ေလာေလာဆယ္ ကေလးယူဖို႔ အစီအစဥ္မရိွေသးပါဘူးလို႔” ဆိုပါတယ္။ စႏၵီျမင့္လြင္ဟာ လတ္တေလာမွာေတာ့ သီခ်င္းေတြဆိုျဖစ္ေနၿပီး ေနာက္ထပ္ အယ္လ္ဘမ္အေခြသစ္အတြက္လည္း ႀကိဳတင္ျပင္ဆင္ေနၿပီလို႔ သိရပါတယ္။

Photo Credit:Sandy Myint Lwin Facebook

www.akhayar.com

[Unicode]

အိမ်ထောင်ကျသွားပေမယ့် အနုပညာပေါ်ထားရှိတဲ့စိတ်က အရင်အတိုင်းပါပဲဆိုတဲ့ စန္ဒီမြင့်လွင်

သီချင်းတွေဆိုနေရရင် အလိုလိုပျော်နေတတ်တဲ့ စန္ဒီမြင့်လွင်တစ်ယောက် အိမ်ထောင်ကျပြီးနောက်ပိုင်းမှာ ဘာတွေပြောင်းလဲသွားတယ်ဆိုတာနဲ့ ပတ်သက်ပြီး အခုလိုပြောပြခဲ့ပါတယ်။ “ဒီးဒီအိမ်ထောင်ကျသွားလို့ အိမ်ထောင်ရှင်မတစ်ယောက်ဖြစ်သွားလို့ဆိုပြီး စိတ်ခံစားမှု အထွေအထူးပြောင်းလဲသွားတာတွေ မရှိပါဘူး။ အိမ်ထောင်ကျသွားပေမယ့်လည်း ဒီအတိုင်းပါပဲ။ အရမ်းကြီးပြောင်းလဲသွားတာမျိုးတွေ မရှိပါဘူး။ ကိုယ့်အိမ်ထောင်ရေးကြောင့် အနုပညာအလုပ်တွေဆက်လုပ်ဖြစ်ရဲ့လားဆိုတော့လည်း အနုပညာအလုပ်တွေက လုပ်ဖြစ်နေပါတယ်။ သီချင်းတွေ ဖျော်ဖြေနေဆဲပါပဲ။ အိမ်ထောင်ကျသွားပေမယ့်လည်း ၅ ခွေမြောက်အခွေကို အကောင်းဆုံးဖြစ်အောင် ထုတ်သွားမှာပါ” လို့ ဆိုပါတယ်။

သားသမီးယူဖို့ ရှိမရှိနဲ့ပတ်သက်ပြီးတော့လည်း အခုလိုထပ်မံပြောပြခဲ့ပါတယ်။ “ဒီးဒီ နောက်ထပ်အယ်လ်ဘမ်ထုတ်လိုက်ပါဦးမယ်။ နောက်ပြီး နှစ်ယောက်အတူတူလည်း အလုပ်တွေ လုပ်စရာရှိသေးတာကြောင့် လောလောဆယ် ကလေးယူဖို့ အစီအစဉ်မရှိသေးပါဘူးလို့” ဆိုပါတယ်။ စန္ဒီမြင့်လွင်ဟာ လတ်တလောမှာတော့ သီချင်းတွေဆိုဖြစ်နေပြီး နောက်ထပ် အယ်လ်ဘမ်အခွေသစ်အတွက်လည်း ကြိုတင်ပြင်ဆင်နေပြီလို့ သိရပါတယ်။

Photo Credit:Sandy Myint Lwin Facebook

www.akhayar.com