[Zawgyi]






ကြည်သာ (Akhayar)

www.akhayar.com
[Unicode]

အိမ်ထောင်ဖက်ရဲ့ချစ်ခင်မှုကို အပြည့်အဝရရှိထားတဲ့ စန္ဒီမြင့်လွင်

ကမ္ဘာဒီးယားကိုရောက်နေတဲ့ စန္ဒီမြင့်လွင်တို့လင်မယားနှစ်ယောက်ပုံရိပ်တွေကို ဖော်ပြပေးချင်ပါတယ်။ ကမ်းခြေမှာ နှစ်ယောက်အတူပျော်ရွှင်နေတာ ကိုတွေ့ရတာဟာ ကြည်နူးစရာကောင်းလှပါတယ်။ မယ်သီလရှင်လူထွက် ဆံပင်လေးနဲ့ပဲ ပေါ့ပေါ့ပါးပါးနဲ့ ဟန်ဆောင်မှုကင်းစွာပျော်ရွှင်နေတဲ့ ဒီးဒီး လေးကလည်း ချစ်စရာကောင်းလှပါတယ်။

သူမရဲ့လူမှုကွန်ရက်မှာလည်း ခင်ပွန်းဖြစ်သူနဲ့ ပုံတွေကို ဒီလိုရေးပြီးတင်ထားတာပါ။ “ချစ်ရတဲ့သူတွေနဲ့တူတူသွားရင်ပျော်နေရော” ဆိုတဲ့ စာလေးနဲ့ သူတို့လင်မယားနှစ်ယောက်ရဲ့ပုံရိပ်လေးကို ပရိသတ်တွေအတွက် ပြန်လည်မျှဝေလိုက်တာပါ။

စန္ဒီမြင့်လွင်ကို သူမရဲ့ခင်ပွန်းက အရမ်းဂရုစိုက်ပြီး ချစ်တယ်ဆိုတာကလည်း သူမရဲ့ဓါတ်ပုံလေးတွေကသက်သေပြလို့နေပါတယ်။

Photo Credit:Sandy Myint Lwin Facebook

ကြည်သာ (Akhayar)

www.akhayar.com