[Zawgyi]

သူမ်ားက ဝ လာတယ္လို႔ေျပာတိုင္း စိတ္ဓါတ္မက်ဖို႔ကို ေျပာလိုက္တဲ့ စႏၵီခ်ိဳ

ကိုယ့္ကိုဝလာတယ္လို႔ေျပာတိုင္း အမ်ိဳးသမီးေတြအေနနဲ႔ အားမငယ္ၾကဖို႔နဲ႔ သူကိုယ္တိုင္လည္း ခႏၶာကိုယ္ကို ပုံစံ ေျပာင္းလဲဖို႔ စိတ္ကူးမရွိပါဘူးလို႔ ႏိုင္းႏိုင္းရဲ႕ ဇနီးျဖစ္သူ စႏၵီခ်ိဳကေျပာပါတယ္။

ဝတယ္လို႕ အမ်ိဳးသမီးတစ္ေယာက္က အေျပာခံလိုက္ရၿပီဆိုရင္ Depression ဝင္တယ္ ဆိုတာကို သိပါတယ္။ ဒါေပမယ့္လည္း ေျပာတဲ့သူေတြက အရင္ကပံုစံနဲ႔ယွဥ္ၿပီးေတာ့ ေျပာၾကတာလည္း ျဖစ္ေကာင္းျဖစ္ပါလိမ့္မယ္။ အရမ္း Over weight ျဖစ္ေနတယ္လို႔ေျပာတာမဟုတ္ဘူးေတာ့ထင္ပါတယ္။

ဝတယ္ ပိန္တယ္ ဆိုတာထက္ကို က်န္းမာေနဖို႔ကလိုပါတယ္။ မဝဘဲနဲ႔ ဝတယ္ဆိုၿပီးေတာ့ အေျပာခံေနရတဲ့ သူေတြရွိပါတယ္။ အဲ့လိုအေျပာခံရၿပီဆိုရင္ စိတ္ထဲမွာ စိတ္မေကာင္းမျဖစ္ၾကဖို႔ကို စႏၵီကေျပာျပခ်င္တာပါလို႔လည္း Live လႊင့္ၿပီးေျပာခဲ့တာျဖစ္ပါတယ္။

သူကိုယ္တိုင္ကလည္း အရမ္းႀကီး ပိန္တဲ့ ပံုစံမ်ိဳးကိုမႀကိဳက္တဲ့သူတစ္ေယာက္ျဖစ္ၿပီး  လက္ရွိသူမရဲ ႔ခႏၶာကိုယ္အခ်ိဳးအစားပံုစံကို သူမအေနနဲ႔နွစ္သက္တယ္လို႕လည္း ေျပာျပခဲ့ပါတယ္။ အဓိကအေနနဲ႔ အခုလို Live လႊင့္လိုက္ရတာဟာလည္း အမ်ိဳးသမီးတိုင္း ကိုယ့္ကိုယ္ကိုယ္ ယံုၾကည္မႈရွိေစခ်င္လို႔ျဖစ္တယ္လို႔ သိရပါတယ္။

ၿပီးခဲ့တဲ့ ရက္ပိုင္းကလည္း KiKi Challenge အတြက္ ကတဲ့ ဗီဒီယိုဖိုင္ေလးကို အေပ်ာ္အေနနဲ႔ သူမရဲ ႔လူမႈကြန္ရက္ေပၚမွာ တင္ခဲ့ပါေသးတယ္။ အခုလိုေျပာျပထားတဲ့ Live ကိုေတာ့ KiKi Challenge အတြက္ က တဲ့ ဗီဒီိိယိုတင္အၿပီးမွာ ေျပာခဲ့တာပါ။

Photo Credit: စႏၵီခ်ိဳ Facebook

ၾကည္သာ (Akhayar)

www.akhayar.com
[Unicode]

သူများက ဝ လာတယ်လို့ပြောတိုင်း စိတ်ဓါတ်မကျဖို့ကို ပြောလိုက်တဲ့ စန္ဒီချို

ကိုယ့်ကိုဝလာတယ်လို့ပြောတိုင်း အမျိုးသမီးတွေအနေနဲ့ အားမငယ်ကြဖို့နဲ့ သူကိုယ်တိုင်လည်း ခန္ဓာကိုယ်ကို ပုံစံ ပြောင်းလဲဖို့ စိတ်ကူးမရှိပါဘူးလို့ နိုင်းနိုင်းရဲ့ ဇနီးဖြစ်သူ စန္ဒီချိုကပြောပါတယ်။

ဝတယ်လို့ အမျိုးသမီးတစ်ယောက်က အပြောခံလိုက်ရပြီဆိုရင် Depression ဝင်တယ် ဆိုတာကို သိပါတယ်။ ဒါပေမယ့်လည်း ပြောတဲ့သူတွေက အရင်ကပုံစံနဲ့ယှဉ်ပြီးတော့ ပြောကြတာလည်း ဖြစ်ကောင်းဖြစ်ပါလိမ့်မယ်။ အရမ်း Over weight ဖြစ်နေတယ်လို့ပြောတာမဟုတ်ဘူးတော့ထင်ပါတယ်။

ဝတယ် ပိန်တယ် ဆိုတာထက်ကို ကျန်းမာနေဖို့ကလိုပါတယ်။ မဝဘဲနဲ့ ဝတယ်ဆိုပြီးတော့ အပြောခံနေရတဲ့ သူတွေရှိပါတယ်။ အဲ့လိုအပြောခံရပြီဆိုရင် စိတ်ထဲမှာ စိတ်မကောင်းမဖြစ်ကြဖို့ကို စန္ဒီကပြောပြချင်တာပါလို့လည်း Live လွှင့်ပြီးပြောခဲ့တာဖြစ်ပါတယ်။

သူကိုယ်တိုင်ကလည်း အရမ်းကြီး ပိန်တဲ့ ပုံစံမျိုးကိုမကြိုက်တဲ့သူတစ်ယောက်ဖြစ်ပြီး လက်ရှိသူမရဲ့ခန္ဓာကိုယ်အချိုးအစားပုံစံကို သူမအနေနဲ့နှစ်သက်တယ်လို့လည်း ပြောပြခဲ့ပါတယ်။ အဓိကအနေနဲ့ အခုလို Live လွှင့်လိုက်ရတာဟာလည်း အမျိုးသမီးတိုင်း ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိစေချင်လို့ဖြစ်တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းကလည်း KiKi Challenge အတွက် ကတဲ့ ဗီဒီယိုဖိုင်လေးကို အပျော်အနေနဲ့ သူမရဲ့လူမှုကွန်ရက်ပေါ်မှာ တင်ခဲ့ပါသေးတယ်။ အခုလိုပြောပြထားတဲ့ Live ကိုတော့ KiKi Challenge အတွက် က တဲ့ ဗီဒီယိုတင်အပြီးမှာ ပြောခဲ့တာပါ။

Photo Credit: စန္ဒီချို Facebook

ကြည်သာ (Akhayar)

www.akhayar.com