[Zawgyi]







ကြည်သာ (Akhayar)

www.akhayar.com

[Unicode]

ယောင်းမနဲ့ယောက်ကျား လာမှာမို့ပျော်နေတဲ့ စန္ဒီချို

နိုင်းနိုင်း က သူရဲ့ဇနီး ရှိတဲ့ နယူးယောက်မြို့ ကိုညီမဖြစ်သူနဲ့ အတူတူ သွားမှာဖြစ်ပါတယ်။ အဲ့လိုသွားရောက်လည် ပတ်ကြမှာဖြစ်တဲ့ အတွက် နယူးယောက်မှာရှိနေတဲ့ ဇနီးဖြစ်သူ စန္ဒီချိုနဲ့ ကလေးလေးယောက်ကလည်း ပျော်ရွှင်နေကြမယ်ဆိုတာ ပြောပြဖို့တောင်လိုမယ်လို့မထင်ပါဘူး။

ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်ကနေမထွက်ခွါခင်ရိုက်ထားတဲ့ မောင်နှမ နှစ်ယောက်ပုံ

အဲ့လိုပဲ စန္ဒီချိုကလည်း သူတို့တွေလေဆိပ်မှာ ရိုက်ထားတဲ့ ဓါတ်ပုံလေးတွေကို သူမရဲ့အကောင့်မှာတင်မထားပြီးတော့ စောင့်တောင်မစောင့်ချင်တော့ဘူး ဆိုပြီး ယောင်းမနဲ့ ယောက်ကျားပုံကို တင်ထားတာလည်း တွေ့ရပါတယ်။

နိုင်းနိုင်းဟာ ကလေးလေးယောက်နဲ့ ဇနီးကို ရေခြားမြေခြားမှာထားခဲ့ပြီးတော့ အနုပညာလုပ်ငန်းတွေကို မြန်မာပြည်မှာလုပ်ကိုင်နေတဲ့သူတစ်ယောက်ဖြစ်တာကြောင့် အခါအားလျော်စွာ မိသားစုကို အခုလိုအချိန်ပေးရတဲ့ အချိန်တွေကိုလည်း ထားရှိရပါတယ်။ အလုပ်ကိုချစ်သလို မိသားစုကိုလည်း တန်ဖိုးထားတဲ့ မင်းသားချောနိုင်းနိုင်းဒီထက်မကအောင်မြင်မှုတွေကို ရရှိနိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Photo Credit:စန္ဒီချို Facebook

ကြည်သာ (Akhayar)

www.akhayar.com