[Zawgyi]

အေမရိကန္ေျခစမ္းခရီးစဥ္ကို လိုက္ပါပူးေပါင္းခြင့္ရေတာ့မယ့္ ဆန္းခ်က္ဇ္ Sanchez

မန္ယူအသင္းရဲ႕ တိုက္စစ္ကစားသမား ဆန္းခ်က္ဇ္ Sanchez အေနနဲ႔ အေမရိကန္ေျခစမ္းခရီးစဥ္ကို လိုက္ပါပူးေပါင္းခြင့္ ရရွိေတာ့မွာျဖစ္ပါတယ္။ အေမရိကန္ႏိုင္ငံမွာ ရာသီႀကိဳေျခစမ္းခရီးစဥ္ကစားဖို႔ ထြက္ခြာသြားတဲ့ အသင္းေဖာ္ကစားသမားေတြနဲ႔ ဆန္းခ်က္ဇ္ Sanchez လိုက္ပါပူးေပါင္းသြားေတာ့မွာပါ။ ဆန္းခ်က္ဇ္ Sanchez ဟာ ၿပီးခဲ့တဲ့ ေဖေဖာ္ဝါရီလက အခြန္တိမ္းေရွာင္မႈေၾကာင့္ ေထာင္ဒဏ္ (၁၆)လဆိုင္းငံ့ျပစ္ဒဏ္ ခ်မွတ္ခံခဲ့ရၿပီး ဗီဇာအခက္အခဲေတြေၾကာင့္ အသင္းရဲ႕ရာသီႀကိဳေျခစမ္းခရီးအစမွာ ပါဝင္ႏိုင္ခဲ့ျခင္းမရွိခဲ့ပါဘူး။ ဒီေန႔ (ၾကာသပေတးေန႔)မွာ အေမရိကန္ႏိုင္ငံကို ဝင္ေရာက္ဖို႔ ဆန္းခ်က္ဇ္ Sanchez ကို မီးစိမ္းျပခဲ့ၿပီျဖစ္ေၾကာင္း ထုတ္ေဖာ္ေျပာၾကားခဲ့ပါတယ္။

Alezis-Sanchez-posted-this-picture-on-Instagram-on-Thursday

Alezis-Sanchez-posted-this-picture-on-Instagram-on-Thursday

အသက္ (၂၉)ႏွစ္အရြယ္ရွိ ဆန္းခ်က္ဇ္ Sanchez ဟာ မနက္ျဖန္ (ေသာၾကာေန႔)မွာ ကစားမယ့္ ကလပ္အေမရိကအသင္းနဲ႔ ေျခစမ္းပြဲမတိုင္ခင္ အေမရိကန္ႏိုင္ငံကို ေရာက္ရွိဖို႔ ရွိေနၿပီး ေျခစမ္းပြဲမွာ မန္ယူအသင္းအတြက္ ပါဝင္ကစားေပးသြားဖို႔ေတာ႔ မရွိပါဘူး။ ၿပီးခဲ့တဲ့ ဗုဒၶဟူးေန႔က ဗီဇာျပႆနာေၾကာင့္ မန္ယူအသင္းရဲ႕ ရာသီႀကိဳေျခစမ္းပြဲမွာ မလိုက္ပါႏိုင္တဲ့ ဆန္းခ်က္ဇ္ Sanchez အတြက္ စိတ္မေကာင္းျဖစ္မိေၾကာင္း နည္းျပ ေမာ္ရင္ဟို Mourinho က ေျပာၾကားခဲ့ပါတယ္။ ဆန္းခ်က္ဇ္ Sanchez အေနနဲ႔ အသင္းရဲ႕ ရာသီႀကိဳေျခစမ္းခရီးစဥ္မွာ မလိုက္ပါႏိုင္ခဲ့လို႔ အသင္းေလ့က်င့္ေရးကြင္းမွာ တစ္ဦးတည္း ေလ့က်င့္ခန္းဆင္းေနရတဲ့ ပံုကို သူ႔ရဲ႕ Instagram စာမ်က္ႏွာထက္မွာ တင္ခဲ့ၿပီး နာရီပိုင္းအၾကာမွာပဲ အေမရိကန္ႏိုင္ငံကို လိုက္ပါခြင့္ရခဲ့တာျဖစ္ပါတယ္။

REF:The Sun
Photo:BBC Sports, Scoopnest.com
Aung Kyaw Wai (Akhayar)
www.akhayar.com

[Unicode]

အမေရိကန်ခြေစမ်းခရီးစဉ်ကို လိုက်ပါပူးပေါင်းခွင့်ရတော့မယ့် ဆန်းချက်ဇ် Sanchez

မန်ယူအသင်းရဲ့ တိုက်စစ်ကစားသမား ဆန်းချက်ဇ် Sanchez အနေနဲ့ အမေရိကန်ခြေစမ်းခရီးစဉ်ကို လိုက်ပါပူးပေါင်းခွင့် ရရှိတော့မှာဖြစ်ပါတယ်။ အမေရိကန်နိုင်ငံမှာ ရာသီကြိုခြေစမ်းခရီးစဉ်ကစားဖို့ ထွက်ခွာသွားတဲ့ အသင်းဖော်ကစားသမားတွေနဲ့ ဆန်းချက်ဇ် Sanchez လိုက်ပါပူးပေါင်းသွားတော့မှာပါ။ ဆန်းချက်ဇ် Sanchez ဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလက အခွန်တိမ်းရှောင်မှုကြောင့် ထောင်ဒဏ် (၁၆)လဆိုင်းငံ့ပြစ်ဒဏ် ချမှတ်ခံခဲ့ရပြီး ဗီဇာအခက်အခဲတွေကြောင့် အသင်းရဲ့ရာသီကြိုခြေစမ်းခရီးအစမှာ ပါဝင်နိုင်ခဲ့ခြင်းမရှိခဲ့ပါဘူး။ ဒီနေ့ (ကြာသပတေးနေ့)မှာ အမေရိကန်နိုင်ငံကို ဝင်ရောက်ဖို့ ဆန်းချက်ဇ် Sanchez ကို မီးစိမ်းပြခဲ့ပြီဖြစ်ကြောင်း ထုတ်ဖော်ပြောကြားခဲ့ပါတယ်။

Alezis-Sanchez-posted-this-picture-on-Instagram-on-Thursday

Alezis-Sanchez-posted-this-picture-on-Instagram-on-Thursday

အသက် (၂၉)နှစ်အရွယ်ရှိ ဆန်းချက်ဇ် Sanchez ဟာ မနက်ဖြန် (သောကြာနေ့)မှာ ကစားမယ့် ကလပ်အမေရိကအသင်းနဲ့ ခြေစမ်းပွဲမတိုင်ခင် အမေရိကန်နိုင်ငံကို ရောက်ရှိဖို့ ရှိနေပြီး ခြေစမ်းပွဲမှာ မန်ယူအသင်းအတွက် ပါဝင်ကစားပေးသွားဖို့တော့ မရှိပါဘူး။ ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့က ဗီဇာပြဿနာကြောင့် မန်ယူအသင်းရဲ့ ရာသီကြိုခြေစမ်းပွဲမှာ မလိုက်ပါနိုင်တဲ့ ဆန်းချက်ဇ် Sanchez အတွက် စိတ်မကောင်းဖြစ်မိကြောင်း နည်းပြ မော်ရင်ဟို Mourinho က ပြောကြားခဲ့ပါတယ်။ ဆန်းချက်ဇ် Sanchez အနေနဲ့ အသင်းရဲ့ ရာသီကြိုခြေစမ်းခရီးစဉ်မှာ မလိုက်ပါနိုင်ခဲ့လို့ အသင်းလေ့ကျင့်ရေးကွင်းမှာ တစ်ဦးတည်း လေ့ကျင့်ခန်းဆင်းနေရတဲ့ ပုံကို သူ့ရဲ့ Instagram စာမျက်နှာထက်မှာ တင်ခဲ့ပြီး နာရီပိုင်းအကြာမှာပဲ အမေရိကန်နိုင်ငံကို လိုက်ပါခွင့်ရခဲ့တာဖြစ်ပါတယ်။

REF:The Sun
Photo:BBC Sports, Scoopnest.com
Aung Kyaw Wai (Akhayar)
www.akhayar.com