[Zawgyi]

သဲကိုခ်စ္ရင္ ေခြးေလးေတြကို ခ်စ္တတ္မွရမယ္လို႔ေျပာျပခဲ့တဲ့ စံရတီမိုးျမင့္

စကားေျပာရင္ သဲသဲ လို႔ေျပာတတ္တဲ့ စံရတီမိုးျမင့္နဲ႔ေတြ႔ဆံုခို္က္ သူမရဲ ႔လတ္တေလာလႈပ္ရွားမႈေလးေတြနဲ႔ သူမအရမ္းခ်စ္ရတဲ့ ေခြးေလးေတြအေၾကာင္းကို အခုလိုေျပာျပခဲ့တာျဖစ္ပါတယ္။

စံရတီမိုးျမင့္ရဲ ႔လတ္တေလာလႈပ္ရွားမႈေတြက

ေၾကာ္ျငာေတြရိုက္ျဖစ္တာမ်ားတယ္ ၊ မဂၢဇင္းကာဗာေတြရိုက္ျဖစ္တာမ်ားတယ္ ၊ ဒီလိုမ်ိဳးဖြင့္ပြဲေတြသြားတယ္ ။ သဲက ၿပီးရင္ သဲရဲ ႔ေခြးေလးေတြကို အခ်ိန္ေပးတယ္။ ၿပီးရင္ သူငယ္ခ်င္းေတြကို အခ်ိန္ေပးတယ္ အခုဆိုရင္သဲဘဝႀကီးကအရမ္းကို ေပ်ာ္ရႊင္ဖို႔ေကာင္းတယ္။

သဲသဲအရမ္းခ်စ္ရတဲ့ ေခြးေလးေတြအေၾကာင္း

သဲသဲကေခြးေလးေတြအတြက္ ပြဲတိုင္းသြားတယ္။ Dog Show ဆိုလည္းဟိုတစ္ေလာက Junction Square မွာလုပ္သြားတယ္ဆိုရင္လည္း စင္ေပၚကို ေလးငါးေခါက္ေလာက္တက္ေလွ်ာက္တာပဲ မသိဘူး။ ကိုယ့္ေခြးရွိတာမွာ သံုးေကာင္ပဲ ကိုယ္ေလွ်ာက္တာ ငါးေခါက္ေလာက္ရွိတယ္။ အခုေနာက္ပိုင္းေတာ့ ပြဲေတြသိပ္မေခၚျဖစ္ဘူး ကိုယ္လည္း မအားတာလည္း ပါတယ္။ ၿပီးေတာ့မိုးရာသီဆိုေတာ့ သူတို႔လည္းပြဲသိပ္မလုပ္ဖူးေပါ့ေနာ္။ မိုးရာသီက်ေတာ့ သူတို႔ကိုလွလွပပ လုပ္ေပးေပမယ့္လည္း ဟိုေရာက္ေတာ့ ဗြက္ေတြလည္းေပတယ္ေလ။ မိုးရာသီက်ေတာ့ ပြဲေတြလည္းသိပ္မလုပ္ဘူးေပါ့ေနာ္။ ပြင့္လင္းရာသီရာက္လို႔ပြဲေတြ ဘာေတြလုပ္ရင္ေတာ့ လိုက္ပို႔ေပးမွာေပါ့ေနာ္။ အဓိကကေတာ့သူတို႔ စိတ္အပန္းေျပတာေပါ့။ ကိုယ္ေတြကသူငယ္ခ်င္းေတြနဲ႔ ေတြ႔သလိုေပါ့။  ညေနဆိုသူငယ္ခ်င္းေတြနဲ႔မေတြ႔ရရင္ စိတ္ကတစ္မ်ိဳးပဲ ဆိုင္သြားၾကမယ္ ၊ Bar သြားၾကမယ္ ၊ မုန္႔စားၾကမယ္  ခ်ိန္းၾကတာပဲ သူတို႔လည္း အဲ့လိုေပါ့။ အိမ္မွာေတာ့မ်ိဳးတူေတြေတာ့ ရွိေပမယ့္လည္း တစ္ျခားအျပင္သူငယ္ခ်င္းကိုေတြ႔ခ်င္မွာပဲ ဆိုတဲ့စိတ္နဲ႔သဲသဲ အျမဲလိုက္ပို႔ျဖစ္တယ္။ အပင္ပန္းခံၿပီးေတာ့ ပို႔တယ္ သူတို႔ကိုပို႔ၿပီးရင္ကိုယ္ေတာ့ ဒါဏ္ရာမ်ိဳးစံုရတာပဲ လိုက္ဆြဲရတာေတြေလ ဆိုၿပီးေတာ့ သဲသဲကသူအရမ္းခ်စ္တဲ့ ေခြးေလးေတြအေၾကာင္းကိုေျပာျပခဲ့တာျဖစ္ပါတယ္။

မအားလပ္တဲ့ ၾကားကေနသူတို႔သံုးေကာင္ကို အခ်ိန္ေပးျဖစ္တာက

အဲ့တာကေတာ့ သဲရဲ ႔အိမ္ကို အရမ္းေက်းဇူးတင္တယ္။သဲက သိပ္ၿပီးေတာ့ Care မလုပ္နိုင္ေတာ့ဘူး။ ၄ ေကာင္ေမြးထားတာ တစ္ေကာင္က မနွစ္ကဆံုးသြားတယ္။ အဲ့သံုးေကာင္ပဲ က်န္ေတာ့တဲ့ အခ်ိန္မွာ သဲကစိတ္ဓါတ္က်ၿပီး ဘာမွေတာ့မလုပ္နုိင္ေတာ့ဘူး။ ဘာအလုပ္မွလည္းမလုပ္ခ်င္ဘူး။ အဲ့လိုမ်ိဳးျဖစ္တဲ့အခ်ိန္မွာ အိမ္ကလူေတြကက်န္တဲ့ေကာင္ေတြကို Take Care လုပ္ေပးရတယ္။ အခုခ်ိန္ဆိုလည္း သဲသဲပြဲလာတယ္ ၊ အျပင္သြားတယ္ ၊ ခရီးေတြဘာေတြသြားတယ္ ဆိုရင္ အိမ္ကလူေတြပဲ Take Care လုပ္ေပးရတာေပါ့ေနာ္။ ေမာင္ေလးေတြကိုလည္း ေက်းဇူးတင္တယ္ ကိုယ္ကသူမ်ားနဲ႔လည္း စိတ္မခ်ဘူး။ ေမာင္ေလးနွစ္ေယာက္ထဲ ကေတာင္မွ ကိုယ္ယံုတဲ့ တစ္ေယာက္နဲ႔ပဲ ကိုယ္ကစိတ္ခ်တယ္။ အစာေကြ်းတာေတြကအစ ဂရုစိုက္တတ္တဲ့သူကို ပိုၿပီးေတာ့စိတ္ခ်တာေပါ့ေနာ္။

သဲကိုခ်စ္တဲ့သူက ေခြးခ်စ္ရမယ္

သဲကို ခ်စ္တယ္လို႕ေျပာတဲ့သူ ကမ္းလမ္းတဲ့သူရွိရင္ေတာင္မွ ငါကေခြးအရမ္းခ်စ္တာ ၊ ငါခ်စ္ရင္ နင္လိုက္ခ်စ္ရမယ္။ ေခြးမခ်စ္တဲ့သူဆိုရင္လည္း သဲသဲကလက္မခံပါဘူး။ ေယာက္က်ားတစ္ေယာက္ကို ဘာၾကည့္လဲဆိုေတာ့ လူေပၚမွာကဟန္ေဆာင္ၿပီးေတာ့ေကာင္းလို႔ရတယ္။ တိရိစာၦန္ေပၚမွာက်ေတာ့ သိသာတယ္ သူတို႔ရုတ္တရက္ ျပဳမူလိုက္တဲ့ေယာက္က်ားတစ္ေယာက္ရဲ ႔အျပအမူက ထမင္းစားေနလို႔ ကိုယ့္ဝိုင္းနားကို လမ္းေဘးကေခြးေလးတစ္ေကာင္ေရာက္လာလို႔ ေဟ့ ရႈးရႈးလို႔ ေမာင္းလိုက္တဲ့ ေယာက္က်ားမ်ိဳးထက္ ကိုယ္စားေနတဲ့ ထဲက နည္းနည္းေလးခ် ေကြ်းတဲ့ေယာက္က်ားမ်ိဳးကို ပိုၿပီးပဲသေဘာက်တယ္။ အဲ့ေတာ့သနားၾကင္နာတတ္တဲေယာက္က်ားမ်ိဳးေပါ့ေနာ္။ ၿပီးေတာ့သဲအေပၚကို နားလည္ေပးမယ္၊ ခ်စ္ေပးမယ္ဆိုရင္ေတာ့ အတိုင္းထက္အလြန္ေပ့ါေနာ္ ဆိုၿပီးေတာ့ သူခ်စ္တဲ့ ေကာင္ေလးပံုစံကိုေျပာျပခဲ့ပါေသးတယ္။ ေခြးခ်စ္တာကို သိတယ္ဆိုေတာ့ မ်ားေသာအားျဖင့္ ကိုယ့္ဆီကိုလာရင္လည္း ေခြးကိုအေၾကာင္းျပၿပီးေတာ့ ေရာက္လာၾကတာေတြပဲမ်ားပါတယ္လို႔လည္း ရီလ်က္ေျပာခဲ့ပါေသးတယ္။

သဲကိုအျမဲတမ္းခ်စ္ေပးၾကတဲ့ ပရိသတ္ေတြကိုလည္းေက်းဇူးတင္ပါတယ္လို႔ေျပာပါရေစ။

ၾကည္သာ (Akhayar)

Photo Credit: San Yati Moe Myint

www.akhayar.com
[Unicode]

သဲကိုချစ်ရင် ခွေးလေးတွေကို ချစ်တတ်မှရမယ်လို့ပြောပြခဲ့တဲ့ စံရတီမိုးမြင့်

စကားပြောရင် သဲသဲ လို့ပြောတတ်တဲ့ စံရတီမိုးမြင့်နဲ့တွေ့ဆုံခိုက် သူမရဲ့လတ်တလောလှုပ်ရှားမှုလေးတွေနဲ့ သူမအရမ်းချစ်ရတဲ့ ခွေးလေးတွေအကြောင်းကို အခုလိုပြောပြခဲ့တာဖြစ်ပါတယ်။

စံရတီမိုးမြင့်ရဲ့လတ်တလောလှုပ်ရှားမှုတွေက

ကြော်ငြာတွေရိုက်ဖြစ်တာများတယ် ၊ မဂ္ဂဇင်းကာဗာတွေရိုက်ဖြစ်တာများတယ် ၊ ဒီလိုမျိုးဖွင့်ပွဲတွေသွားတယ် ။ သဲက ပြီးရင် သဲရဲ့ခွေးလေးတွေကို အချိန်ပေးတယ်။ ပြီးရင် သူငယ်ချင်းတွေကို အချိန်ပေးတယ် အခုဆိုရင်သဲဘဝကြီးကအရမ်းကို ပျော်ရွှင်ဖို့ကောင်းတယ်။

သဲသဲအရမ်းချစ်ရတဲ့ ခွေးလေးတွေအကြောင်း

သဲသဲကခွေးလေးတွေအတွက် ပွဲတိုင်းသွားတယ်။ Dog Show ဆိုလည်းဟိုတစ်လောက Junction Square မှာလုပ်သွားတယ်ဆိုရင်လည်း စင်ပေါ်ကို လေးငါးခေါက်လောက်တက်လျှောက်တာပဲ မသိဘူး။ ကိုယ့်ခွေးရှိတာမှာ သုံးကောင်ပဲ ကိုယ်လျှောက်တာ ငါးခေါက်လောက်ရှိတယ်။ အခုနောက်ပိုင်းတော့ ပွဲတွေသိပ်မခေါ်ဖြစ်ဘူး ကိုယ်လည်း မအားတာလည်း ပါတယ်။ ပြီးတော့မိုးရာသီဆိုတော့ သူတို့လည်းပွဲသိပ်မလုပ်ဖူးပေါ့နော်။ မိုးရာသီကျတော့ သူတို့ကိုလှလှပပ လုပ်ပေးပေမယ့်လည်း ဟိုရောက်တော့ ဗွက်တွေလည်းပေတယ်လေ။ မိုးရာသီကျတော့ ပွဲတွေလည်းသိပ်မလုပ်ဘူးပေါ့နော်။ ပွင့်လင်းရာသီရာက်လို့ပွဲတွေ ဘာတွေလုပ်ရင်တော့ လိုက်ပို့ပေးမှာပေါ့နော်။ အဓိကကတော့သူတို့ စိတ်အပန်းပြေတာပေါ့။ ကိုယ်တွေကသူငယ်ချင်းတွေနဲ့ တွေ့သလိုပေါ့။ ညနေဆိုသူငယ်ချင်းတွေနဲ့မတွေ့ရရင် စိတ်ကတစ်မျိုးပဲ ဆိုင်သွားကြမယ် ၊ Bar သွားကြမယ် ၊ မုန့်စားကြမယ် ချိန်းကြတာပဲ သူတို့လည်း အဲ့လိုပေါ့။ အိမ်မှာတော့မျိုးတူတွေတော့ ရှိပေမယ့်လည်း တစ်ခြားအပြင်သူငယ်ချင်းကိုတွေ့ချင်မှာပဲ ဆိုတဲ့စိတ်နဲ့သဲသဲ အမြဲလိုက်ပို့ဖြစ်တယ်။ အပင်ပန်းခံပြီးတော့ ပို့တယ် သူတို့ကိုပို့ပြီးရင်ကိုယ်တော့ ဒါဏ်ရာမျိုးစုံရတာပဲ လိုက်ဆွဲရတာတွေလေ ဆိုပြီးတော့ သဲသဲကသူအရမ်းချစ်တဲ့ ခွေးလေးတွေအကြောင်းကိုပြောပြခဲ့တာဖြစ်ပါတယ်။

မအားလပ်တဲ့ ကြားကနေသူတို့သုံးကောင်ကို အချိန်ပေးဖြစ်တာက

အဲ့တာကတော့ သဲရဲ့အိမ်ကို အရမ်းကျေးဇူးတင်တယ်။သဲက သိပ်ပြီးတော့ Care မလုပ်နိုင်တော့ဘူး။ ၄ ကောင်မွေးထားတာ တစ်ကောင်က မနှစ်ကဆုံးသွားတယ်။ အဲ့သုံးကောင်ပဲ ကျန်တော့တဲ့ အချိန်မှာ သဲကစိတ်ဓါတ်ကျပြီး ဘာမှတော့မလုပ်နိုင်တော့ဘူး။ ဘာအလုပ်မှလည်းမလုပ်ချင်ဘူး။ အဲ့လိုမျိုးဖြစ်တဲ့အချိန်မှာ အိမ်ကလူတွေကကျန်တဲ့ကောင်တွေကို Take Care လုပ်ပေးရတယ်။ အခုချိန်ဆိုလည်း သဲသဲပွဲလာတယ် ၊ အပြင်သွားတယ် ၊ ခရီးတွေဘာတွေသွားတယ် ဆိုရင် အိမ်ကလူတွေပဲ Take Care လုပ်ပေးရတာပေါ့နော်။ မောင်လေးတွေကိုလည်း ကျေးဇူးတင်တယ် ကိုယ်ကသူများနဲ့လည်း စိတ်မချဘူး။ မောင်လေးနှစ်ယောက်ထဲ ကတောင်မှ ကိုယ်ယုံတဲ့ တစ်ယောက်နဲ့ပဲ ကိုယ်ကစိတ်ချတယ်။ အစာကျွေးတာတွေကအစ ဂရုစိုက်တတ်တဲ့သူကို ပိုပြီးတော့စိတ်ချတာပေါ့နော်။

သဲကိုချစ်တဲ့သူက ခွေးချစ်ရမယ်

သဲကို ချစ်တယ်လို့ပြောတဲ့သူ ကမ်းလမ်းတဲ့သူရှိရင်တောင်မှ ငါကခွေးအရမ်းချစ်တာ ၊ ငါချစ်ရင် နင်လိုက်ချစ်ရမယ်။ ခွေးမချစ်တဲ့သူဆိုရင်လည်း သဲသဲကလက်မခံပါဘူး။ ယောက်ကျားတစ်ယောက်ကို ဘာကြည့်လဲဆိုတော့ လူပေါ်မှာကဟန်ဆောင်ပြီးတော့ကောင်းလို့ရတယ်။ တိရိစ္ဆာန်ပေါ်မှာကျတော့ သိသာတယ် သူတို့ရုတ်တရက် ပြုမူလိုက်တဲ့ယောက်ကျားတစ်ယောက်ရဲ့အပြအမူက ထမင်းစားနေလို့ ကိုယ့်ဝိုင်းနားကို လမ်းဘေးကခွေးလေးတစ်ကောင်ရောက်လာလို့ ဟေ့ ရှုးရှုးလို့ မောင်းလိုက်တဲ့ ယောက်ကျားမျိုးထက် ကိုယ်စားနေတဲ့ ထဲက နည်းနည်းလေးချ ကျွေးတဲ့ယောက်ကျားမျိုးကို ပိုပြီးပဲသဘောကျတယ်။ အဲ့တော့သနားကြင်နာတတ်တဲယောက်ကျားမျိုးပေါ့နော်။ ပြီးတော့သဲအပေါ်ကို နားလည်ပေးမယ်၊ ချစ်ပေးမယ်ဆိုရင်တော့ အတိုင်းထက်အလွန်ပေ့ါနော် ဆိုပြီးတော့ သူချစ်တဲ့ ကောင်လေးပုံစံကိုပြောပြခဲ့ပါသေးတယ်။ ခွေးချစ်တာကို သိတယ်ဆိုတော့ များသောအားဖြင့် ကိုယ့်ဆီကိုလာရင်လည်း ခွေးကိုအကြောင်းပြပြီးတော့ ရောက်လာကြတာတွေပဲများပါတယ်လို့လည်း ရီလျက်ပြောခဲ့ပါသေးတယ်။

သဲကိုအမြဲတမ်းချစ်ပေးကြတဲ့ ပရိသတ်တွေကိုလည်းကျေးဇူးတင်ပါတယ်လို့ပြောပါရစေ။

ကြည်သာ (Akhayar)

Photo Credit: San Yati Moe Myint

www.akhayar.com