ပရိသတ္ခ်စ္တဲ႔ အဆိုရွင္တစ္ဦးျဖစ္တဲ႔ ေမရြက္ဝါရဲ႕အႏုပညာအေမြကို ဆက္ခံထားႏိုင္သူေလးျဖစ္တဲ႔ ဆန္းသစ္လကေတာ႔ Photo Model အျဖစ္သာမက ဗီဒီယို ရုပ္ရွင္ကားေတြမွာပါ ပါဝင္သရုပ္ေဆာင္ခဲ႔ဖူးပါတယ္။ ဂီတဘက္မွာပါ ထူးခၽြန္သူျဖစ္တဲ႔သူမက လတ္တေလာအႏုပညာအလုပ္ေတြအေၾကာင္းကို “လတ္တေလာမွာေတာ႔ ညီမရုပ္ရွင္ေတြ ဗီဒီယိုေတြမရိုက္ျဖစ္ပါဘူး။ Photo Model အေနနဲ႔ပဲ ဓာတ္ပံုေတြရိုက္ကူးျဖစ္ေနပါတယ္။ ျပီးေတာ႔ ညီမရဲ႕တစ္ကိုယ္ေတာ္အေခြေလးကို စက္တင္ဘာလဆန္းေလာက္မွာထြက္ဖို႔ စီစဥ္ထားပါတယ္။ သီခ်င္းေလးေတြေတာ္ေတာ္မ်ားမ်ားလက္ထဲရွိေနပါျပီ။ ေတးေရးေတြလည္း အစံုပါပဲ။ သီခ်င္းပံုစံေလးေတြလည္း အစံုပါမွာပါ။ ဒီအေခြေလးစီစဥ္ထားတာက ၂ ႏွစ္ေလာက္ၾကာျပီမို႔လို႔ စက္တင္ဘာလဆန္းမွာ ေနာက္ဆံုးထားျပီးထြက္ႏိုင္ေအာင္ၾကိဳးစားေနပါတယ္။ အရင္ဆံုး Audio CD ထြက္ႏိုင္ေအာင္ ၾကိဳးစားေနပါတယ္။ သီခ်င္းကေတာ႔ ၁၀ပုဒ္ ၁၁ ပုဒ္ေလာက္ပါမွာပါ” လို႔ေျပာပါတယ္။

ဒီေတးအယ္လ္ဘမ္မွာ ပါဝင္မယ္႔သီခ်င္းေတြအေၾကာင္းကိုေတာ႔

“သီခ်င္းေတြကေတာ႔ အေမ႔ေခတ္က သီခ်င္းေဟာင္းေလးေတြပါမယ္။ သီခ်င္းေဟာင္းေတြထဲက မီးရထား ဆိုတဲ႔သီခ်င္းေလးကေတာ႔ ေသခ်ာေနျပီ။ က်န္တာေတြက စဥ္းစားေနတုန္းပါပဲ။ သီခ်င္းသစ္ဆိုရင္ေတာ႔ Own Tune ေတြပဲမ်ားမယ္။ Music ပံုစံကေတာ႔ Pop မ်ားျပီး ဒီဘက္ေခတ္ပံုစံ အျမဴးေလးေတြလည္းထည္႔ထားပါတယ္။  လက္ရွိအခ်ိန္ထိေတာ႔ Featuring ေတြမပါေသးဘူး။ ညီမတစ္ေယာက္တည္းပဲျဖစ္ဖို႔မ်ားပါတယ္” လို႔ဖြင္႔ဟခဲ႔ပါတယ္။

Photo# San Thit La Facebook

ဂ်ဴဂ်ဴး(အခရာ)

www.akhayar.com

Unicode

ပရိသတ်ချစ်တဲ့ အဆိုရှင်တစ်ဦးဖြစ်တဲ့ မေရွက်ဝါရဲ့အနုပညာအမွေကို ဆက်ခံထားနိုင်သူလေးဖြစ်တဲ့ ဆန်းသစ်လကတော့ Photo Model အဖြစ်သာမက ဗီဒီယို ရုပ်ရှင်ကားတွေမှာပါ ပါဝင်သရုပ်ဆောင်ခဲ့ဖူးပါတယ်။ ဂီတဘက်မှာပါ ထူးချွန်သူဖြစ်တဲ့သူမက လတ်တလောအနုပညာအလုပ်တွေအကြောင်းကို “လတ်တလောမှာတော့ ညီမရုပ်ရှင်တွေ ဗီဒီယိုတွေမရိုက်ဖြစ်ပါဘူး။ Photo Model အနေနဲ့ပဲ ဓာတ်ပုံတွေရိုက်ကူးဖြစ်နေပါတယ်။ ပြီးတော့ ညီမရဲ့တစ်ကိုယ်တော်အခွေလေးကို စက်တင်ဘာလဆန်းလောက်မှာထွက်ဖို့ စီစဉ်ထားပါတယ်။ သီချင်းလေးတွေတော်တော်များများလက်ထဲရှိနေပါပြီ။ တေးရေးတွေလည်း အစုံပါပဲ။ သီချင်းပုံစံလေးတွေလည်း အစုံပါမှာပါ။ ဒီအခွေလေးစီစဉ်ထားတာက ၂ နှစ်လောက်ကြာပြီမို့လို့ စက်တင်ဘာလဆန်းမှာ နောက်ဆုံးထားပြီးထွက်နိုင်အောင်ကြိုးစားနေပါတယ်။ အရင်ဆုံး Audio CD ထွက်နိုင်အောင် ကြိုးစားနေပါတယ်။ သီချင်းကတော့ ၁၀ပုဒ် ၁၁ ပုဒ်လောက်ပါမှာပါ” လို့ပြောပါတယ်။
ဒီတေးအယ်လ်ဘမ်မှာ ပါဝင်မယ့်သီချင်းတွေအကြောင်းကိုတော့
“သီချင်းတွေကတော့ အမေ့ခေတ်က သီချင်းဟောင်းလေးတွေပါမယ်။ သီချင်းဟောင်းတွေထဲက မီးရထား ဆိုတဲ့သီချင်းလေးကတော့ သေချာနေပြီ။ ကျန်တာတွေက စဉ်းစားနေတုန်းပါပဲ။ သီချင်းသစ်ဆိုရင်တော့ Own Tune တွေပဲများမယ်။ Music ပုံစံကတော့ Pop များပြီး ဒီဘက်ခေတ်ပုံစံ အမြူးလေးတွေလည်းထည့်ထားပါတယ်။  လက်ရှိအချိန်ထိတော့ Featuring တွေမပါသေးဘူး။ ညီမတစ်ယောက်တည်းပဲဖြစ်ဖို့များပါတယ်” လို့ဖွင့်ဟခဲ့ပါတယ်။

Photo# San Thit La Facebook

ဂျူဂျူး(အခရာ)
www.akhayar.com