[Zawgyi]






ကြည်သာ (Akhayar)

www.akhayar.com
[Unicode]

ကျိုက်ထီးရိုးဘုရားဖူး ရောက်နေတဲ့ ခိုင်သင်းကြည်တို့မိသားစု

မိသားစုသုံးယောက်လုံး ပျော်ပျော်ရွှင်ရွှင်နဲ့ ဘုရားဖူးနေတဲ့ ပုံရိပ်တွေကိုတွေ့မြင်ရမှာဖြစ်ပါတယ်။ သုံးယောက်စလုံးဟာ ဘယ်သွားသွားအတူတူ တက်ညီလက်ညီနဲ့ အမြဲတမ်း စည်းစည်းလုံးလုံးတွေ့ရတတ်တဲ့ မိသားစုဖြစ်ပါတယ်။

ဘုရားတရားကိုလည်း အရမ်းလုပ်တဲ့ ခိုင်သင်းကြည်က သမီးဖြစ်သူစံထိပ်ထားလေးကို ဆိုရင်လည်း သူနဲ့အတူတူ ဘုရားသွားပြီး ကုသိုလ်ပြုတိုင်းမှာ ခေါ်လေ့ရှိတာကိုတွေ့ရပါတယ်။

အခုတစ်ခေါက်မှာတော့ ဘုရားဖူးရင်းမိသားစု သုံးယောက်လုံးပျော်ရွှင်နေတဲ့ ပုံလေးတွေကိုတွေ့ရတာဟာစိတ်ကြည်နူးစရာကောင်းလှပါတယ်။ ဘုရားတရားအတူတူလုပ်နေကြတဲ့ သူတို့မိသားစု ကိုအားကျရအောင် အခုလိုပြန်လည်ဖော်ပြလိုက်တာဖြစ်ပါတယ်။

Photo Credit:San Htet Htar Facebook

ကြည်သာ (Akhayar)

www.akhayar.com