[Zawgyi]

ဘာစီလိုနာအသင္းနဲ႔ စာခ်ဳပ္သစ္ ခ်ဳပ္ဆိုခဲ့တဲ့ ေနာက္ခံလူ အမ္တီတီ

ဘာစီလိုနာ ေနာက္ခံလူ အမ္တီတီ Umtiti ဟာ အသင္းနဲ႔ စာခ်ဳပ္သစ္ ခ်ဳပ္ဆိုၿပီး အေျပာင္းအေရႊ႕ ေကာလာဟလေတြကို အဆံုးသတ္ခဲ့ပါတယ္။ ဘာစီလိုနာအသင္းနဲ႔ (၅)ႏွစ္ သက္တမ္းရွိတဲ့ စာခ်ဳပ္သစ္ ခ်ဳပ္ဆိုခဲ့တာျဖစ္ၿပီး ဘာစီလိုနာအသင္းမွာ (၂၀၂၃) ခုႏွစ္အထိ ဆက္ရွိေနေတာ့မွာျဖစ္ပါတယ္။ အသက္ (၂၄)ႏွစ္အရြယ္ရွိ ေနာက္ခံလူ အမ္တီတီ Umtiti ဟာ (၂၀၁၆) ခုႏွစ္မွာ ျပင္သစ္လီဂူးကလပ္ လိုင္ယြန္အသင္းကေန လာလီဂါထိပ္သီး ဘာစီလိုနာအသင္းကို ေပါင္သန္း (၂၀)နဲ႔ ေျပာင္းေရႊ႕ခဲ့တဲ့ ကစားသမား တစ္ဦးျဖစ္ပါတယ္။ အေစာပိုင္းမွာ စာခ်ဳပ္သစ္ ခ်ဳပ္ဆိုဖို႔ ၾကန္႔ၾကာေနခဲ့တဲ့အတြက္ ပရီးမီးယားလိဂ္ကလပ္ မန္ယူအသင္းက အမ္တီတီ Umtiti စာခ်ဳပ္ပါေလ်ာ္ေၾကး ေပါင္ (၅၃)သန္းနဲ႔ ေခၚယူဖို႔ ႀကိဳးပမ္းမႈေတြ ရွိခဲ့တာျဖစ္ပါတယ္။ ဘာစီလိုနာအသင္းနဲ႔ စာခ်ဳပ္သက္တမ္း တိုးျမွင့္ခဲ့တဲ့အတြက္ အမ္တီတီ Umtiti ဟာ လက္ရွိလစာထက္ (၂)ဆခန္႔ မ်ားျပားတဲ့ ပမာဏကို ရရွိမွာျဖစ္သလို စာခ်ဳပ္ပါေလ်ာ္ေၾကးကလည္း အခုထက္ ပုိမိုမ်ားျပားဖို႔ ရွိေနပါတယ္။

France-central-defender-Samuel-Umtiti-has-extended-his-contract-with-Barcelona-until-2023

France-central-defender-Samuel-Umtiti-has-extended-his-contract-with-Barcelona-until-2023

အခုတစ္ပတ္ တနလၤာေန႔မွာ အမ္တီတီ Umtiti ရဲ႕ စာခ်ဳပ္သစ္နဲ႔ ပတ္သက္တဲ့ သတင္းစာ ရွင္းလင္းပြဲတစ္ရပ္ကို ႏူးကမ့္ကြင္းမွာ ျပဳလုပ္သြားမွာျဖစ္ၿပီး စာခ်ဳပ္ပါ အေသးစိတ္ အခ်က္အလက္ေတြကို သတင္းထုတ္ျပန္သြားမွာ ျဖစ္ပါတယ္။ အသင္းရဲ႕ အဓိက ေနာက္ခံလူေတြျဖစ္တဲ့ ပီေကး Pique နဲ႔ ေရာ္ဘတ္တို Roberto တို႔လို စာခ်ဳပ္သက္တမ္းတိုးခဲ့တဲ့ ေနာက္ခံလူ အမ္တီတီ Umtiti ရဲ႕ စာခ်ဳပ္ပါ ေလ်ာ္ေၾကးကလည္း ယူရိုသန္း (၅၀၀)အထိ ျမင့္တက္လာဖို႔ ရွိေနပါတယ္။ ၿပီးခဲ့တဲ့ (၂)ရာသီအတြင္း ဘာစီလိုနာအသင္းရဲ႕ အဓိက ေနာက္ခံလူတစ္ဦးအျဖစ္ အမ္တီတီ Umtiti ဟာ ၿပိဳင္ပြဲစံု (၈၃)ပြဲအထိ ပါဝင္ကစားေပးခဲ့ပါတယ္။ အေစာပိုင္းမွာ ပစ္မွတ္ထားခဲ့တဲ့ မန္ယူအသင္းကေတာ့ အမ္တီတီ Umtiti ဘာစီလိုနာအသင္းနဲ႔ စာခ်ဳပ္သက္တမ္း တိုးျမွင့္ခဲ့တဲ့အတြက္ စပါးေနာက္ခံလူ အယ္ဒါဝီလ္ရယ္ Alderweireld ကို ေပါင္ (၅၅)သန္းနဲ႔ ေခၚယူသြားဖို႔ ျပင္ဆင္ေနပါတယ္။

REF:Daily Mail
Photo:Barcelona Twitter, Sporting News
Aung Kyaw Wai (Akhayar)
www.akhayar.com

[Unicode]

ဘာစီလိုနာအသင်းနဲ့ စာချုပ်သစ် ချုပ်ဆိုခဲ့တဲ့ နောက်ခံလူ အမ်တီတီ

ဘာစီလိုနာ နောက်ခံလူ အမ်တီတီ Umtiti ဟာ အသင်းနဲ့ စာချုပ်သစ် ချုပ်ဆိုပြီး အပြောင်းအရွှေ့ ကောလာဟလတွေကို အဆုံးသတ်ခဲ့ပါတယ်။ ဘာစီလိုနာအသင်းနဲ့ (၅)နှစ် သက်တမ်းရှိတဲ့ စာချုပ်သစ် ချုပ်ဆိုခဲ့တာဖြစ်ပြီး ဘာစီလိုနာအသင်းမှာ (၂၀၂၃) ခုနှစ်အထိ ဆက်ရှိနေတော့မှာဖြစ်ပါတယ်။ အသက် (၂၄)နှစ်အရွယ်ရှိ နောက်ခံလူ အမ်တီတီ Umtiti ဟာ (၂၀၁၆) ခုနှစ်မှာ ပြင်သစ်လီဂူးကလပ် လိုင်ယွန်အသင်းကနေ လာလီဂါထိပ်သီး ဘာစီလိုနာအသင်းကို ပေါင်သန်း (၂၀)နဲ့ ပြောင်းရွှေ့ခဲ့တဲ့ ကစားသမား တစ်ဦးဖြစ်ပါတယ်။ အစောပိုင်းမှာ စာချုပ်သစ် ချုပ်ဆိုဖို့ ကြန့်ကြာနေခဲ့တဲ့အတွက် ပရီးမီးယားလိဂ်ကလပ် မန်ယူအသင်းက အမ်တီတီ Umtiti စာချုပ်ပါလျော်ကြေး ပေါင် (၅၃)သန်းနဲ့ ခေါ်ယူဖို့ ကြိုးပမ်းမှုတွေ ရှိခဲ့တာဖြစ်ပါတယ်။ ဘာစီလိုနာအသင်းနဲ့ စာချုပ်သက်တမ်း တိုးမြှင့်ခဲ့တဲ့အတွက် အမ်တီတီ Umtiti ဟာ လက်ရှိလစာထက် (၂)ဆခန့် များပြားတဲ့ ပမာဏကို ရရှိမှာဖြစ်သလို စာချုပ်ပါလျော်ကြေးကလည်း အခုထက် ပိုမိုများပြားဖို့ ရှိနေပါတယ်။

France-central-defender-Samuel-Umtiti-has-extended-his-contract-with-Barcelona-until-2023

France-central-defender-Samuel-Umtiti-has-extended-his-contract-with-Barcelona-until-2023

အခုတစ်ပတ် တနင်္လာနေ့မှာ အမ်တီတီ Umtiti ရဲ့ စာချုပ်သစ်နဲ့ ပတ်သက်တဲ့ သတင်းစာ ရှင်းလင်းပွဲတစ်ရပ်ကို နူးကမ့်ကွင်းမှာ ပြုလုပ်သွားမှာဖြစ်ပြီး စာချုပ်ပါ အသေးစိတ် အချက်အလက်တွေကို သတင်းထုတ်ပြန်သွားမှာ ဖြစ်ပါတယ်။ အသင်းရဲ့ အဓိက နောက်ခံလူတွေဖြစ်တဲ့ ပီကေး Pique နဲ့ ရော်ဘတ်တို Roberto တို့လို စာချုပ်သက်တမ်းတိုးခဲ့တဲ့ နောက်ခံလူ အမ်တီတီ Umtiti ရဲ့ စာချုပ်ပါ လျော်ကြေးကလည်း ယူရိုသန်း (၅၀၀)အထိ မြင့်တက်လာဖို့ ရှိနေပါတယ်။ ပြီးခဲ့တဲ့ (၂)ရာသီအတွင်း ဘာစီလိုနာအသင်းရဲ့ အဓိက နောက်ခံလူတစ်ဦးအဖြစ် အမ်တီတီ Umtiti ဟာ ပြိုင်ပွဲစုံ (၈၃)ပွဲအထိ ပါဝင်ကစားပေးခဲ့ပါတယ်။ အစောပိုင်းမှာ ပစ်မှတ်ထားခဲ့တဲ့ မန်ယူအသင်းကတော့ အမ်တီတီ Umtiti ဘာစီလိုနာအသင်းနဲ့ စာချုပ်သက်တမ်း တိုးမြှင့်ခဲ့တဲ့အတွက် စပါးနောက်ခံလူ အယ်ဒါဝီလ်ရယ် Alderweireld ကို ပေါင် (၅၅)သန်းနဲ့ ခေါ်ယူသွားဖို့ ပြင်ဆင်နေပါတယ်။

REF:Daily Mail
Photo:Barcelona Twitter, Sporting News
Aung Kyaw Wai (Akhayar)
www.akhayar.com