Samsung ဖန်တွေအတွက်တော့ သတင်းကောင်းတစ်ခုပါပဲ ဘာလို့လဲဆိုတော့ လတ်တလော သတင်းတွေထွက်နေတဲ့ Galaxy S8 ဖုန်းမှာ မျက်နှာပြင် အနီရောင်သန်းတဲ့ ပြသနာကို Samsung က ဖြေရှင်းလိုက်လို့ပဲ ဖြစ်ပါတယ်။ Galaxy S8 ဖုန်းဝယ်ယူသူတွေဟာ သူတို့ဖုန်းတွေအနေနဲ့ မျက်နှာပြင် အနီရောင်သန်းလွန်းတဲ့ ပြသနာတစ်ခု ရှိနေတယ်လို့ ဖော်ပြခဲ့ကြပြီးတဲ့နောက်မှာ Samsung ဟာ ဒီပြသနာကို ဖြေရှင်းနိုင်ဖို့အတွက် Software Upgrade တစ်ခု ပြုလုပ်လိုက်ပြီဖြစ်ပါတယ်။ “အနီရောင်သန်းနေတဲ့ မျက်နှာပြင်တွေအတွက် ကျွန်တော်တို့ဟာ Galaxy S8 စီးရီးကို Software Upgrade လုပ်ပြီး ပြုပြင်ဖို့ ဆုံးဖြတ်လိုက်ပါတယ်” လို့ Samsung ပြောရေးဆိုခွင့်ရှိသူက The Korea Herald ကို ပြောခဲ့ကြောင်း သိရပါတယ်။ ZDNet ရဲ့ သတင်းအရ မျက်နှာပြင်တွေဟာ ဒီပြသနာကို Pre-Order လုပ်ပြီး တောင်ကိုရီးယားနိုင်ငံကနေ စတင်ဝယ်ယူသူအချို့ထံမှာ ကြုံတွေ့နေရတာဖြစ်ကြောင်း ဖော်ပြခဲ့ပါတယ်။ ဒါကြောင့်နောက်ပိုင်းမှာ သုံးစွဲသူတွေက ဓာတ်ပုံတွေကို လူမှုကွန်ယက်တွေမှာ တင်ခဲ့ကြတာပါ။ ဒါပေမယ့် ဒီလိုဖြစ်နေရင် Settings > Display > Screen Mode > Color Balance ထဲဝင်ပြီး ပြုပြင်ကြည့်နိုင်ကြောင်းလည်း သတင်းတွေက ဆိုကြပါတယ်။ ဒီမျက်နှာပြင်ပြသနာဟာ Note 7 ရဲ့ ဘက်ထရီပြသနာပြီးတော့ Samsung ရဲ့ အဓိက စမတ်ဖုန်းအမျိုးအစားမှာ ဆက်တိုက်ကြုံတွေ့လာရတဲ့ ပြသနာတစ်ခု ဖြစ်လာပါတယ်။ Joker (Akhayar) Ref: Mashable =============== [Unicode]

မျက်နှာပြင် အနီရောင်သန်းတဲ့ ပြသနာကို ဖြေရှင်းဖို့အတွက် Galaxy S8 ကို Software Update ပြုလုပ်

Related Posts

စျေးကွက်ထဲကို ဝင်ရောက်လာတေ့ာမယ့် PUBG ၈နာရီနီးပါး ဆက်တိုက်ပစ်နိုင်မယ့်ဖုန်း

by . 4 days ago

DOTA 2 Update မှာ Cheater နဲ့ Smurf Account တွေကို Ban တော့မယ်

by . 4 days ago

Huawei Nova 5T နဲ့ ပတ်သတ်ပြီး သင်သိသင့်တဲ့အချက် (၅) ချက်

by . 6 days ago

မကြာခင်စျေးကွက်ထဲဝင်ရောက်လာာတော့မယ့် Nokia 3.2 နဲ့ 2.2

by . 1 week ago

PC ဂိမ်းတွေ Streaming ကစားနိုင်မယ့် PlayGalaxy Link ကို စမ်းနေတဲ့ Samsung

by . 1 week ago