Samsung ဟာ Taiwan မှာကျင်းပခဲ့တဲ့ Computex 2017 မှာ သူတို့ရဲ့ ထုတ်ကုန်အသစ်ဖြစ်တဲ့ Notebook9 Pro ကိုမိတ်ဆက်ခဲ့ပါတယ်။ ဒီ Notebook မှာ Samsung’s S Pen ကို Built-In ထည့်သွင်းထားပါတယ်။ အရင်က ထုတ်လုပ်ခဲ့တဲ့ Notebook 9 Series တွေနဲ့ မတူတဲ့အချက်ကတော့ အခုထုတ်လိုက်တဲ့ Versionဟာ Lenovo’s Yoga Laptops လို Laptop အလယ်မှာ ပတ္တာပုံစံ ပြုလုပ်ထားပါတယ်။ ဒါကြောင့် 360 Degree ခေါက်နိုင် ချိုးနိုင်ပါတဲ့ အပြင် Tablet လိုမျိုးပါ အသုံးပြုနိုင်ပါတယ်။

NoteBook 9 Pro မှာပါဝင်တဲ့ S Pen ဟာ ဖိအား ၄၀၀၀ထိ ခံနိုင်စွမ်းရှိပြီး Microsoft New Surface pen နဲ့တူတယ်လို့သိရပါတယ်။ ဒါ့အပြင် ပုံဆွဲခြင်း ၊ မှတ်စု မှတ်ခြင်းနဲ့ စာဖိုင်တွေကို ပြင်ဆင်နိုင်ဖို့အတွက် Samsung’s Air Command Software ပါဝင်တယ်လို့ သိရပါတယ်။ Samsung ပြောကြားချက်အရ S Pen ဟာ Windows Ink နဲ့အသုံးပြုတဲ့အခါ လည်းအဆင်ပြေကြောင်းသိရပါတယ်။

Samsung ဟာ Notebook 9 Pro ကို ၁၃.၃လက်မ နဲ့ ၁၅လက်မ ဆိုပြီးနှစ်မျိုးထုတ်လုပ်ထားပါတယ်။ ဒီ မော်ဒယ် နှစ်မျိုးလုံးမှာ အသုံးပြုထားတဲ့ Processor ကတော့ Intel’s ရဲ့ Core i7 processors ပဲဖြစ်ပါတယ်။ ၁၃.၃လက်မှမှာ RAM 8GB ပါဝင်ပြီး ၁၅လက်မ ရှိတဲ့NoteBook မှာတော့ RAM 16GB ပါဝင်ပါတယ်။ နှစ်ခုလုံးမှာ 256GB SSD ပါဝင်ပြီး ၁၅လက်မမော်ဒယ်မှာတော့ AMD’s Radeon 450 Graphic Card ထည့်သွင်းအသုံးပြုထားပါတယ်။

အားသွင်းတဲ့အခါ မြန်ဆန်စေဖို့အတွက် USB Type C Port အထောက်အပံ့ပေးထားတဲ့အပြင် ပုံမှန်အသုံးပြုနေကျ USB Port ၂ ခုလည်းပါဝင်ပါတယ်။ Windows 10 အသုံးပြုထားတဲ့ Notebook 9 Pro ထွက်ရှိမယ့်နေ့ရက်နဲ့ ဈေးနှုန်းအတိအကျကိုတော့ ဖော်ပြထားခြင်းမရှိသေးပါဘူး။

Jan (Akhayar)

Ref : gsm arena, the verge