[Zawgyi]





Ref;GSMArena
[Unicode]

Galaxy Note 9 နဲ့ S9 Duo စမတ်ဖုန်းတွေအတွက် Android Pie Update ကို ၂၀၁၉ ခုနှစ်ဇန်နဝါရီလမှာ ရရှိမယ်

မနေ့ကကျင်းပခဲ့တဲ့ Samsung ရဲ့ Developer Conference မှာ ကွေးခေါက်နိုင်တဲ့ Foldable စမတ်ဖုန်းကိုမိတ်ဆက်ခဲ့ပါတယ်။ အဲ့ဒီနောက်မှာတော့ လက်ရှိ နောက်ဆုံး Flagship စမတ်ဖုန်းတွေဖြစ်တဲ့ Galaxy Note 9 နဲ့ S9 Duo စမတ်ဖုန်းတွေအတွက် Android OS Update ရရှိမယ့်အကြောင်းတွေကိုထုတ်ပြန်ခဲ့ပါတယ်။

အခုလာမယ့် ဒီဇင်ဘာလ အစောပိုင်းလောက်မှာ Open Beta အနေနဲ့ စတင်ထုတ်ပေးသွားမှာဖြစ်ပြီး အစောဆုံးအနေနဲ့ US ၊ South Korea နဲ့ Germany နိုင်ငံတွေမှာရရှိမှာပါ။ အဲ့ဒီ့နောက်မှာတော့ ဥရောပနဲ့ အာရှနိုင်ငံတွေအတွက်ရရှိမှာဖြစ်ပါတယ်။

၂၀၁၉ ရဲ့ပထမဦးဆုံးလပတ်မှာတော့ Stable Update ရရှိနိုင်ပြီး ပုံမှန်အသုံးပြုနေကြ Samsung Experience UI အစား မနေ့ကအသစ်မိတ်ဆက်လိုက်တဲ့ Samsung ရဲ့ One UI နဲ့အသုံးပြုရမှာဖြစ်ပါတယ်။

Ref;GSMArena