Samsung ဟာ ပြန်လည်ဆန်းသစ်ထားတဲ့ ဒီဇိုင်းအသစ်နဲ့ QLED Q9F TV ကို အင်္ဂါနေ့က မိတ်ဆက်ခဲ့ပါတယ်။ ဒီလို အသစ်ထွက်လာတဲ့ TV ဒီဇိုင်းဟာ ဘေးပတ်လည်ကို သစ်သားဘောင်နဲ့ ပြုလုပ်ထားတယ်လို့သိရပါတယ်။ ဒီ TV မှာ “Art Mode” ထည့်သွင်းထားတာကြောင့် TV ကို မကြည့်ပဲ ပိတ်ထားတဲ့အခါ ဖန်သားပြင်မှာ ရုပ်ပုံ အလိုလို ပြောင်းသွားပြီး ပန်းချီကား တစ်ချပ်ထောင် ထားသလို မြင်တွေ့နေရမှာဖြစ်ပါတယ်။

ပိတ်ထားတဲ့ TV ဖန်သားပြင်မှာ ရုပ်ပုံပေါ်အောင် Samsung ရဲ့ Invisible Connection Cable ကို သုံးထားပါတယ်။ Organic Light Emitting Diode ( OLED ) ထက် အဆင့်ပိုမြင့်မားတဲ့ QLED နည်းပညာကို သုံးထားတဲ့ ဒီ TV ဟာ Frame ကို နံရံမှာအပြားလိုက် ထောင်မတ်နေစေဖို့ အထောက်အပံ့ပေးပါတယ်။ ပြိုင်ဘက်ကုမ္ပဏီ ဖြစ်တဲ့ LG ရဲ့ Signature Series W7 OLED ထွက်ရှိပြီးနောက်မှာ Samsung ကလည်း သူတို့ရဲ့ ဒီဇိုင်းအသစ်နဲ့ TV ကို ထုတ်ဖော်ပြသခဲ့တာပါ။

Samsung ရဲ့ ဒီဇိုင်းအသစ်TV မှာ Frame ခပ်သေးသေးနဲ့ ဖန်သားပြင် အပြည့်နီးပါး မြင်ရမှာဖြစ်ပါတယ်။ Panel ဒီဇိုင်းကိုတော့ Swiss ဒီဇိုင်နာ Yves Behar နဲ့ပူးတွဲ ပြုလုပ်ခဲ့တာပါ။  “Art Mode” မှာ ခေါင်းစဉ် ၁၀ ခု ခွဲထားပြီး ပါဝင်တာတွေကတော့ သဘာဝအလှ တောတောင်ရေမြေရှုခင်း ၊ တောရိုင်းတိရ စ္ဆာန် ပုံတွေနဲ့ ဗိသုကာပညာရှင်တွေရဲ့ အနုပညာမြောက်ပုံရိပ်တွေအပြင် ပန်းချီကားပေါင်း ၁၀၀ ပါဝင်ပါတယ်။

Samsung ဟာ ဒီTV နဲ့ပတ်သတ်တဲ့ အသေးစိတ်အချက်အလက်တွေကို ထုတ်ဖော်ပြောကြားခြင်းမရှိသေးပါဘူး။ သတင်းတွေအရကတော့ ဖန်သားပြင်ကို ကြည်လင်ပြတ်သားစွာ ကြည့် နိုင်စေမယ့် 4K HDR  စွမ်းဆောင်ရည် ပါဝင်ပါတယ်တဲ့။ Samsung TV Series အစကတော့ Q7F Flat Screen QLED TV ဖြစ်ပြီး အဲ့ဒီနောက်မှာတော့ Q7C ၊ Q8C နဲ့ နောက်ဆုံး Series ကတော့ Q9F ပဲဖြစ်ပါတယ်။

မျက်နှာပြင် ၅၅ လက်မ ကျယ်ဝန်းတဲ့ Samsung TV ရဲ့ ဈေးနှုန်းတွေကတော့ Q7F – ဒေါ်လာ ၂,၇၉၉ ၊ Q7C – ဒေါ်လာ ၂,၉၉၉ နဲ့ Q8C – ဒေါ်လာ ၃,၄၉၉ ၊ နောက်ဆုံးထွက်တဲ့ Q9F ကတော့ ဈေးနှုန်းကို မသိရသေးပါဘူး။  လက်ရှိမှာ Pre-Order မှာယူနိုင်ပြီဖြစ်ပြီး မတ်လ ၂၉ရက်နေ့မှာ စတင်ရောင်းချမှာဖြစ်တယ်လို့ သိရပါတယ်။

Jan ( Akhayar)

Ref : Techradar