Samung ဟာ သူတို့ရဲ့ ထုတ်ကုန်ဖြစ်တဲ့ Galaxy S8 Flagship Smartphone ကို 2017 ဖေဖော်ဝါရီမှာ ကျင်းပမယ့် Mobile World Congress မှာ ပြသမှာမဟုတ်ဘူးဆိုတဲ့  သတင်းထွက်ပြီးနောက်မှာ  Samsung Mobile Chief Koh-Dong Jin ဟာ ဒီသတင်းကို အတည်ပြုခဲ့ပြီး S Series Smartphone ကို ကမ္ဘာ့အကြီးဆုံး စမတ်ဖုန်း  ပြပွဲမှာ ပါဝင်ပြသမှာ မဟုတ်ကြောင်း ပြောကြားခဲ့ပါတယ်။

သတင်းတွေအရကတော့ Samsung Galaxy S8 ကို မတ်လ ၂၉မှာ စတင်ကြေငြာမှာဖြစ်ပြီး ဈေးနှုန်းအနေ နဲ့ကတော့  €850 ( ခန့်မှန်းခြေ Rs. 62,190 ) ရှိကြောင်းသိရပါတယ်။ ဒီဈေးနှုန်းဟာ အရင်ကထွက်ရှိခဲ့တဲ့ Galaxy S7 နဲ့ S7 Edge ဈေးနှုန်းထက်မြင့်မားပြီး ဧပရယ် ၂၀၁၇ မှာ ပထမပတ်မှာ စတင်ရောင်းချ မှာဖြစ်တယ်လို့ သိရပါတယ်။

S8 နဲ့ပတ်သတ်တဲ့ သတင်းတွေ အရကတော့  ဒီဖုန်းမှာ Bezel-Less Disply သုံးထားတာကြောင့် မြင်ကွင်းနဲ့ ပတ်သတ်တဲ့ ပုံရိပ်တွေဟာ တကယ့်အစစ် အတိုင်းပိုမို ဆွဲဆောင်မှု ရှိတယ်လို့သိရပါတယ်။ ဒါ့အပြင် AI Assistant Feature လည်းပါဝင်ပါတယ်။ Samsung Executive Vice President ဖြစ်တဲ့ Rhee In-Joing ရဲ့ Bloomberg ကိုပြောတဲ့ စကားအရကတော့ ဒီ အသစ်ပါတဲ့ Assistant ဟာ Apple ဒါမှမဟုတ် Google’s Assistant တို့နဲ့ မတူညီပဲ “သိသိသာသာကွဲပြားကြောင်း” သိရပါတယ်။

New AI Assistant ကို အခြေခံပြီး ပြုလုပ်ထားတဲ့ဒါကိုတော့ VIV လို့ခေါ်ပြီး Samsung နဲ့ အောက်တိုဘာ 2016 မှာပေါင်းခဲ့ကြောင်းသိရပါတယ်။ Virtual Assistant ကို Bixby လို့ခေါ်ဆိုရန် မျှော်လင့်ထားပြီး ပြုလုပ်တဲ့  Apple’s Siri ရဲ့ Creator ဖြစ်ကြောင်းသိရပါတယ်။

Ref: GSM arena

Jan (Akhayar)