
Samsung Galaxy S9



Samsung Galaxy S9


Ref : Android Authority

Zawyè (Akhayar) 

www.akhayar.com

[UNICODE]

Samsung ကနေ ခေါက်နိုင်တဲ့ စမတ်ဖုန်းတစ်ခုကို ထုတ်လုပ်ဖို့ စိတ်ကူးနေတာပဲဖြစ်ပါတယ်။ နောက်ဆုံးသိထားရတဲ့သတင်းတွေအရတော့ Samsung ကနေ အခု Foldable စမတ်ဖုန်းကို လာမယ့် ၂၀၁၉ ခုနှစ်မှာ Samsung Galaxy S10 ဖုန်းနဲ့အတူ မိတ်ဆက်လာဖို့ ရှိနေတယ်လို့ ယူဆရပါတယ်။

Samsung Galaxy S9

အခုအချိန်မှာတော့ Samsung ကနေ အခု Foldable စမတ်ဖုန်းက ဘယ်လိုပုံစံမျိုး အလုပ်လုပ်မလဲဆိုတာကို မိတ်ဆက်ပေးသွားတော့မှာဖြစ်ပါတယ်။ အခုသတင်းကို Samsung ရဲ့ တာဝန်ရှိသူတစ်ဦးဖြစ်တဲ့ Lee Kyeong-tae က ပြောကြားခဲ့တာဖြစ်ပြီးတော့ လာမယ့် အပတ်မှာပြုလုပ်မယ့် Samsung Developer Conference မှာ ထုတ်ဖော်ပြောကြားသွားမှာဖြစ်ပါတယ်။

ဒါပေမယ့် အခုပြောကြားချက်အရ Samsung က အခု Foldable စမတ်ဖုန်းမှာ Software ပိုင်းအလုပ်လုပ်မယ့်ပုံစံကိုပဲ အဓိကပြောကြားသွားမှာဖြစ်ပြီးတော့ Hardware ပိုင်းဘယ်လိုပုံစံဖြစ်လာမလဲဆိုတာကတော့ အနည်းငယ်ပဲပြောကြားသွားမယ့်ပုံပါပဲ။ Samsung ဟာ အခု ခေါက်နိုင်တဲ့ Foldable စမတ်ဖုန်းကို ယခင်ထဲက အကြီးအကျယ်ဆောင်ရွက်နေတာဖြစ်ပြီးတော့ Samsung အတွက် တကယ်ကို Game Changer ဖြစ်နိုင်တဲ့ စမတ်ဖုန်းတစ်ခုလို့ ယူဆနေတဲ့ပုံပါပဲ။

Samsung Galaxy S9

ဒါပေမယ့် Lee Kyeong-tae ရဲ့ ပြောကြားချက်အရတော့ Samsung က လက်ရှိအချိန်အထိ အဆိုပါ Foldable စမတ်ဖုန်းကို အပြီးမသတ်နိုင်သေးဘူးလို့ သိရပါတယ်။ အဲ့ဒီအတွက် တကယ့် စမတ်ဖုန်းကို မြင်ရဖို့ကတော့ အချိန်တစ်ခုထပ်ပြီးပေးရဦးမှာပါ။

Ref : Android Authority

Zawyè (Akhayar) 

www.akhayar.com