Samsung ကေန အခုအခ်ိန္အထိကို Android Pie Update ေပးႏုိင္တဲ့ စမတ္ဖုန္းေတြမရွိေသးပါဘူး။ ဒါေပမယ့္ အခုအခ်ိန္မွာေတာ့ Samsung ကေန Android 9 Pie Update ကို သူရဲ႕ Flagship စမတ္ဖုန္းေတြအတြက္ ရရွိေအာင္ေဆာင္ရြက္ေပးသြားေတာ့မွာျဖစ္ပါတယ္။

Samsung Galaxy S9

Samsung က ယခုသတင္းကို အတည္ျပဳေျပာၾကားခဲ့လိုက္ျပီျဖစ္ျပီးေတာ့ Samsung ကေန မၾကာခင္ ႏုိဝင္ဘာလ ၇ ရက္ေန႔ကေန ၈ ရက္ေန႔အထိ ျပဳလုပ္မယ့္ Samsung’s 2018 Developer’s Conference မွာ ယခု Android 9 Pie ကို အေျခခံထားတဲ့ Galaxy UX အသစ္ကို ျပသသြားမယ္လုိ႔ သိရပါတယ္။ ဒါေပမယ့္ အခု Galaxy UX အသစ္က Stable ေတာ့ မျဖစ္ေသးဘဲ Beta Program အေနနဲ႔ပဲရရွိဦးမွာပါ။

New Galaxy UX

ယခင္တုန္းက Samsung Galaxy S9 ေပၚမွာ တင္ထားတဲ့ Android 9 Pie ေပၚအေျခခံထားတဲ့ Galaxy UX 9.0 က ေပါက္ၾကားခဲ့ဖူးျပီးေတာ့ အခုအခါမွာေတာ့ Samsung ကေန အခု Galaxy UX အသစ္က ဘယ္လုိပံုစံမ်ိဳးေျပာင္းလဲထားတယ္၊ ဘယ္လုိမ်ိဳး Feature အသစ္ေတြပါဝင္လာမလဲဆုိတာကို ရွင္းျပသြားမယ့္ပံုပါပဲ။ ပံုမွန္အားျဖင့္ေတာ့ Samsung ကေန ယခုလုိမ်ိဳး Beta Program ေတြကို South Korea ၊ US နဲ႔ UK ေတြမွာ အဓိကေဆာင္ရြက္တာျဖစ္ျပီး ဒီအခ်ိန္မွာလည္း အဆုိပါႏုိင္ငံေတြမွာပဲရရွိလာမယ္လုိ႔ ယူဆရပါတယ္။

New Galaxy UX

အခု Android 9 Pie ကို အေျခခံလာမယ့္ Galaxy UX အသစ္က Setting နဲ႔ Menu အသစ္ေတြကိုရရွိလာမွာျဖစ္ျပီးေတာ့ Full Screen Gesture အသစ္ေတြအျပင္ Dark Theme ကိုပါ Support ျပဳလုပ္လာမွာျဖစ္တဲ့အတြက္ Samsung ရဲ႕ အေကာင္းဆံုးေသာ UI တစ္ခုလို႔ေတာင္ေျပာလုိ႔ရမွာပါ။

Ref : GSMArena

Zawyè (Akhayar) 

www.akhayar.com

[UNICODE]

Samsung ကနေ အခုအချိန်အထိကို Android Pie Update ပေးနိုင်တဲ့ စမတ်ဖုန်းတွေမရှိသေးပါဘူး။ ဒါပေမယ့် အခုအချိန်မှာတော့ Samsung ကနေ Android 9 Pie Update ကို သူရဲ့ Flagship စမတ်ဖုန်းတွေအတွက် ရရှိအောင်ဆောင်ရွက်ပေးသွားတော့မှာဖြစ်ပါတယ်။

Samsung Galaxy S9

Samsung က ယခုသတင်းကို အတည်ပြုပြောကြားခဲ့လိုက်ပြီဖြစ်ပြီးတော့ Samsung ကနေ မကြာခင် နိုဝင်ဘာလ ၇ ရက်နေ့ကနေ ၈ ရက်နေ့အထိ ပြုလုပ်မယ့် Samsung’s 2018 Developer’s Conference မှာ ယခု Android 9 Pie ကို အခြေခံထားတဲ့ Galaxy UX အသစ်ကို ပြသသွားမယ်လို့ သိရပါတယ်။ ဒါပေမယ့် အခု Galaxy UX အသစ်က Stable တော့ မဖြစ်သေးဘဲ Beta Program အနေနဲ့ပဲရရှိဦးမှာပါ။

New Galaxy UX

ယခင်တုန်းက Samsung Galaxy S9 ပေါ်မှာ တင်ထားတဲ့ Android 9 Pie ပေါ်အခြေခံထားတဲ့ Galaxy UX 9.0 က ပေါက်ကြားခဲ့ဖူးပြီးတော့ အခုအခါမှာတော့ Samsung ကနေ အခု Galaxy UX အသစ်က ဘယ်လိုပုံစံမျိုးပြောင်းလဲထားတယ်၊ ဘယ်လိုမျိုး Feature အသစ်တွေပါဝင်လာမလဲဆိုတာကို ရှင်းပြသွားမယ့်ပုံပါပဲ။ ပုံမှန်အားဖြင့်တော့ Samsung ကနေ ယခုလိုမျိုး Beta Program တွေကို South Korea ၊ US နဲ့ UK တွေမှာ အဓိကဆောင်ရွက်တာဖြစ်ပြီး ဒီအချိန်မှာလည်း အဆိုပါနိုင်ငံတွေမှာပဲရရှိလာမယ်လို့ ယူဆရပါတယ်။

New Galaxy UX

အခု Android 9 Pie ကို အခြေခံလာမယ့် Galaxy UX အသစ်က Setting နဲ့ Menu အသစ်တွေကိုရရှိလာမှာဖြစ်ပြီးတော့ Full Screen Gesture အသစ်တွေအပြင် Dark Theme ကိုပါ Support ပြုလုပ်လာမှာဖြစ်တဲ့အတွက် Samsung ရဲ့ အကောင်းဆုံးသော UI တစ်ခုလို့တောင်ပြောလို့ရမှာပါ။

Ref : GSMArena

Zawyè (Akhayar) 

www.akhayar.com