Samsung ကနေ ဒီနှစ်အစောပိုင်းတုန်းက ထုတ်လုပ်ခဲ့တဲ့ Galaxy S10 Series ဖုန်းတွေမှာ ပုံမှန် Galaxy S10 နဲ့ S10+ ဖုန်းတွေအပြင် အရွယ်အစားပိုသေးပြီး ဈေးလည်း ပိုသက်သာတဲ့ Galaxy S10e ကိုပါ မိတ်ဆက်ပေးခဲ့ပါတယ်။ အခုလိုမျိုး Galaxy S10e ကို မိတ်ဆက်ခဲ့သလိုမျိုးပဲ Samsung ကနေ Galaxy Note 10 ကိုပါ ပြုလုပ်တော့မယ့် ပုံစံပါပဲ။

Samsung Galaxy Note 9

အခုသတင်းအရ Samsung ကနေ လာမယ့် သြဂုတ်လဝန်းကျင်မှာ မိတ်ဆက်လာနိုင်တဲ့ Galaxy Note 10 ဖုန်းမှာ နောက်ထပ် ဈေးသက်သာပြီး အရွယ်အစားပိုသေးတဲ့ Galaxy Note 10e ကိုပါ ထုတ်လုပ်လာမှာဖြစ်ပါတယ်။ Screen Size အနေနဲ့တော့ Galaxy Note 10 ဟာ 6.7″ အထက်ရှိနိုင်ပြီးတော့ Galaxy Note 10e ကတော့ ပြီးခဲ့တဲ့နှစ်က ထွက်ရှိခဲ့တဲ့ Galaxy Note 9 လိုမျိုး 6.4″ ဝန်းကျင်ပဲရှိမှာပါ။

Samsung က အခုလိုမျိုး Note 10e ကို ထုတ်လုပ်ဖို့ စိတ်ကူးတာက အစောပိုင်းက ထွက်ရှိခဲ့တဲ့ Galaxy S10e က အောင်မြင်မှုရရှိခဲ့ပြီး Reviewer တွေတော်တော်များများရဲ့ အကောင်းပြောခြင်းကိုလည်း ခံရတာကြောင့် ဖြစ်နိုင်ပါတယ်။

Galaxy S10 Series

ဒါပေမယ့် ဈေးနှုန်းအနေနဲ့တော့ Galaxy S10e ဖုန်းက ဒေါ်လာ ၇၅၀ ကနေ စတင်တဲ့အတွက် Samsung ရဲ့ ဈေးသက်သာမယ်ဆိုတဲ့ Galaxy Note 10e ကလည်း အနည်းဆုံး ဒေါ်လာ ၈၀၀ နဲ့အထက်ဖြစ်လာနိုင်ပါတယ်။

Ref : GSMArena