Reuters ရဲ့ သတင်းတစ်ရပ်အရ Samsung ဟာ “Galaxy Note 7 ဖုန်းမီးလောင်ပေါက်ကွဲရခြင်း” အကြောင်းကို သတင်းစာရှင်းလင်းပွဲတစ်ရပ် ပြုလုပ်ပြီး ထုတ်ဖော်ဖို့အတွက် နီးစပ်နေပြီဖြစ်တယ်လို့ သိရပါတယ်။ ဒီပွဲကို Samsung က လာမယ့် တနင်္လာနေ့၊ မနက် ၁၀နာရီမှာ တောင်ကိုရီးယားနိုင်ငံ၊ ဆိုးလ်မြို့တော်မှာ ပြုလုပ်မှာ ဖြစ်ပြီး မြန်မာနိုင်ငံအနေနဲ့ ဆိုရင်တော့ မနက် ၇နာရီ ၃၀အချိန်မှာ ဒီပွဲကို ကြည့်ရှုနိုင်မှာပါ။

ဖုန်းဟာ ထုတ်လုပ်ပြီးမကြာခင်မှာ အပူလွန်ကဲမှုတွေဖြစ်ပြီး ပေါက်ကွဲတဲ့ပြသနာနဲ့ ရင်ဆိုင်ခဲ့ရတာကြောင့် ပြီးခဲ့တဲ့ စက်တင်ဘာလတုန်းက ပထမဆုံး ရောင်းချခဲ့ပြီးတဲ့ ပထမအပတ်မှာတင် ပထမဆုံး သိမ်းဆည်းမှုအနေနဲ့ ဖုန်းအကုန်လုံးကို စတင်သိမ်းဆည်းခဲ့ပါတယ်။ ဒီဇင်ဘာလကုန်မှာ အကုန်လုံးလိုလိုကို သိမ်းဆည်းပြီးခဲ့ပေမယ့် လက်ရှိအချိန်အထိ အသုံးပြုနေသူ တချို့လည်းကျန်ရှိနေသေးကြောင်း Samsung နဲ့ Verizon တို့ရဲ့ သတင်းတွေအရ သိရပါတယ်။

“Samsung Electronic ဟာ Galaxy Note 7 ဖုန်းနဲ့ ပါတ်သက်လို့ စုံစမ်းစစ်ဆေးမှုတွေကို ပြုလုပ်ခဲ့ပြီး ဘာကြောင့်ဖြစ်ပေါ်ရတယ်ဆိုတဲ့ တွေ့ရှိချက်တွေကို ထုတ်ဖော်ပေးမှာပါ” လို့ ကုမ္ပဏီရဲ့ ဖော်ပြချက်အရ သိရပါတယ်။

Ref: The Verge