






Samsung Galaxy S8


Ref : Phone Arena

Zawyè (Akhayar) 

www.akhayar.com

Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။

[UNICODE]

ပြီးခဲ့တဲ့ ရက်ပိုင်းတုန်းက Samsung ကနေ ARM Processor နဲ့ ပူးပေါင်းပြီးတော့ 7nm Architecture နဲ့ 5nm Architecture သုံးထားတဲ့ Processor တွေကို ထုတ်လုပ်သွားမယ်ဆိုတာကို ကြေညာခဲ့ပါတယ်။ အခု ကြေညာမှုအပြင် Samsung ဟာ ပထမဆုံးအနေနဲ့ Mobile Processor တွေထဲမှာ အမြန်နှုန်းကို 3GHz+ Speed နဲ့ ထွက်ရှိလာမယ်လို့လည်း ပြောကြားခဲ့တာဖြစ်ပါတယ်။

Samsung Exynos Processor

ARM ကတော့ လက်ရှိအချိန်မှာ Semniconductor Chip တွေနဲ့ သူရဲ့ Intellectual Property တွေကို လိုင်စင်ရယူထားတဲ့အတွက် Samsung လိုမျိုး ကုမ္ပဏီကြီးတွေတောင်မှ ARM ကို သူတို့ရဲ့ Processor တွေထုတ်လုပ်တဲ့နေရာမှာ ပူးပေါင်းဖို့ လိုအပ်တာပဲဖြစ်ပါတယ်။

အခုလိုမျိုး Samsung ကနေ သေးငယ်တဲ့ Architecture နဲ့ Processor တွေကို အသုံးပြုလာတာက မြင့်မားတဲ့ CPU Clock Speed မှာ အပူထွက်ရှိမှုလျော့ကျသွားတတဲ့အတွက် Processor တွေအနေနဲ့ သေးငယ်တဲ့အရွယ်အစားမှာ ပိုပြီးမြင့်မားတဲ့ Performance ကို ရရှိလာတာပဲဖြစ်ပါတယ်။ အဲ့ဒီအတွက် Mobile Processor တွေက ယခုထက်ပိုပြီး စွမ်းဆောင်လာနိုင်မှာပါ။

Samsung Exynos Processor

အခု Samsung က ပြုလုပ်မယ့် Processor တွေဟာ ARM ရဲ့ Artisan Physical IP Platform ကို အခြေခံပြီးတော့ Samsung Foundry ရဲ့ 7LPP (7nm Low Power Plus) နဲ့ 5LPE (5nm Low Power Early) နည်းပညာတွေကို အသုံးပြုသွားမှာဖြစ်ပါတယ်။ အခု Processor တွေအတွက် အသုံးပြုထားတဲ့ Cortex A76 Core က ပထမဆုံးအနေနဲ့ 3GHz Clock Speed အထက် ရရှိမှာပဲဖြစ်ပါတယ်။

လက်ရှိအချိန်မှာတော့ Qualcomm Snapdragon 845 Processor က လက်ရှိ Android Devices တွေထဲမှာ အမြန်ဆုံး Processor ဖြစ်နေသလို Apple ရဲ့ နောက်ဆုံး A11 Processor ကလည်း 10nm Architecture ကိုပဲအသုံးပြုထားတာဖြစ်ပါတယ်။ အဲ့ဒီအတွက် အခု Samsung ရဲ့ 5nm နဲ့ 7nm Processor တွေက ခေတ်ရှေ့ပြေးနေမှာပါ။

Samsung Galaxy S8

Samsung ဟာ အခု High Performance Cortex A76 Cores တွေကို အသုံးပြုထားတဲ့ Devices တွေကို လာမယ့် ၂၀၁၉ နှစ်စပိုင်းမှာ စတင်ထုတ်လုပ်ဖို့ စီစဉ်ထားတဲ့အတွက် Samsung Galaxy S10 မှာ ပါဝင်လာမလားဆိုတာကတော့ ဆက်လက်စောင့်ကြည့်ရဦးမှာပါ။

Ref : Phone Arena

Zawyè (Akhayar) 

www.akhayar.com