Google ရဲ့ Pixel စမတ်ဖုန်းတွေဟာ အခုအချိန်မှာ Generation ၃ ခုရှိလာတာနဲ့အမျှ တဖြည်းဖြည်းပိုပြီးအောင်မြင်လာတယ်လို့ ပြောနိုင်ပါတယ်။ Google က ဒီ Pixel Series ဖုန်းတွေကို အကောင်းဆုံး User Experience ရမယ့် Android ဖုန်းတွေအဖြစ်ရည်ရွယ်သလိုပဲ တဖြည်းဖြည်း အသုံးပြုသူတွေလည်း များပြားလာပါတယ်။

S10 Vs Pixel 3

အခုအချိန်မှာတော့ Market Research Company တစ်ခုဖြစ်တဲ့ CounterPoint Research ကနေ ဒီ Pixel ဖုန်းတွေကို ပြောင်းလဲအသုံးပြုသူတွေက ဘယ်ဖုန်းတွေကို အသုံးပြုခဲ့ဖူးသလဲဆိုတာကို Report တစ်ခုထုတ်ပြန်လိုက်ပြီဖြစ်ပါတယ်။ ဒီ Report အရ Google Pixel ဖုန်းတွေကို အများဆုံးပြောင်းလဲအသုံးပြုသူတွေက Google က ရည်ရွယ်ပြီး ကြော်ငြာနေသလိုမျိုး Apple iPhone အသုံးပြုသူတွေမဟုတ်ပါဘူး။

CounterPoint Research ရဲ့ Report အရ Google Pixel 3 ကို ပြောင်းလဲသူတွေရဲ့ ၅၁ ရာခိုင်နှုန်းက Samsung ဖုန်းအသုံးပြုသူတွေဖြစ်ပြီး အထူးသဖြင့် Galaxy S7 နဲ့ S8 Series အသုံးပြုသူတွေဖြစ်တယ်လို့ သိရပါတယ်။ ဒါ့အပြင် Apple iPhone အသုံးပြုနေတဲ့လူ ၅ ယောက်မှာ ၁ ယောက်ကလည်း Google Pixel 3 ကို ပြောင်းလဲနေတာဖြစ်ပါတယ်။

S10 Vs Pixel 3

CounterPoint Research က Google Pixel 3 ကို ပြောင်းလဲသူတွေအပြင် OnePlus 6T ကိုပြောင်းလဲအသုံးပြုသူတွေကိုပါ ဖော်ပြခဲ့ပါသေးတယ်။ အခု Report အရ OnePlus 6T ကို ပြောင်းလဲသုံးတဲ့သူတွေရဲ့ ၃၇ ရာခိုင်နှုန်းက Samsung အသုံးပြုသူတွေဖြစ်တယ်လို့ သိရပါတယ်။ အဲ့ဒါကြောင့်ဖြစ်နိုင်တာက Samsung အသုံးပြုသူတွေက Samsung UI အစား ပိုပြီး Simple ဖြစ်တဲ့ Pixel နဲ့ OnePlus ဖုန်းတွေကို ပိုသဘောကျလာတာဖြစ်နိုင်ပါတယ်။

ဘာပဲဖြစ်ဖြစ် နောက်ပိုင်းမှာ Android UI တွေက ရှုပ်ရှက်ခတ်နေတဲ့ UI တွေအစား ပိုပြီး Simple ဖြစ်တဲ့ UI တွေက ပိုပြီးလူကြိုက်များနေတာကတော့ ငြင်းလို့မရတော့ပါဘူး။

Ref : 9to5Google