Samsung ဟာ Galaxy A စီးရီးစမတ်ဖုန်းကို S7 လိုင်းမတိုင်ခင် ဒီနှစ်ဦးပိုင်းမှာ Galaxy A ကို အဆင့်မြှင့်တင်မှုတွေ ပြုလုပ်ပြီး ထုတ်လုပ်တော့မှာဖြစ်ပါတယ်။ ဒီအကြောင်းကို Samsung က တရားဝင်ဝက်ဘ်ဆိုက်နဲ့ လူမှုကွန်ယက်တွေကနေ ကြော်ငြာခဲ့တာဖြစ်ပါတတယ်။

S7 ရဲ့ လုပ်ဆောင်ချက် အတော်များများဖြစ်ပါဝင်တဲ့ မျက်နှာပြင်အကျယ် ၅.၇လက်မ A5 နဲ့ ၄.၇လက်မ အလယ်အလတ်တန်းစား A3 တို့ကို ထုတ်လုပ်လိုက်ပါတယ်။ 2017 Edition ကို 16 megapixel ရှေ့ကင်မရာနဲ့ ကျောဘက်ကင်မရာ၊ ရေစိမ်ခံနိုင်စွမ်းရည်နဲ့ microSD ကဒ်ထည့်သွင်းနိုင်မှုတွေ အပြင် အများအပြား ထပ်မံပါဝင်လာခဲ့ပါတယ်။

အသုံးပြုသူတွေအနေနဲ့ ဒီလအစောပိုင်းမှာ Galaxy A မျိုးဆက်သစ်နှစ်မျိုးကို ရုရှားနိုင်ငံမှာ စတင်ထုတ်လုပ်မှာ ဖြစ်ပြီး နောက်ပိုင်းမှာ တခြားဒေသတွေကိုပါ ဖြန့်ချိတော့မှာ ဖြစ်ပါတယ်။

Samsung အနေနဲ့ ဒီမျိုးဆက်တွေကို အဓိကစမတ်ဖုန်းအမျိုးအစားတွေဖြစ်တဲ့ S7 နဲ့ S7 Edge တို့ကို ထုတ်လုပ်ပြီး တစ်နှစ်နီးပါးအကြာမှာ ထုတ်လုပ်ခဲ့တာဖြစ်ကာ အဓိက စမတ်ဖုန်းအမျိုးအစားသစ် S8 ကိုလည်း ထုတ်လုပ်တော့မှာဖြစ်ပါတယ်။

ပစ္စည်းတွေအနေနဲ့ ရေစိမ်ဒဏ်ကို ခံနိုင်စွမ်း IP68 ရှိမှာဖြစ်ကာ S စီးရီးနဲ့ Rating အတူတူ ဖြစ်သွားပါတယ်။ microSD ကဒ်ကိုလည်း ထောက်ပံ့ထားပြီး Memory ကို 256GB အထိတိုးမြှင့်နိုင်မှာ ဖြစ်တယ်လို့ သိရပါတယ်။ Galaxy A တွေမှာ Fast charging နည်းပညာ၊ Samsung Pay နဲ့ USB Type C တွေ ပါဝင်ပါတယ်။

Note7 တွေမှာ ပါဝင်တဲ့ အသုံးဝင်တဲ့ လုပ်ဆောင်ချက်တွေကိုလည်း A စီးရီးမှာ ထည့်သွင်းပေးထားပါတယ်။ ဥပမာအနေနဲ့ Secure Folders ပဲဖြစ်ပါတယ်။ အဲ့ဒီ လုပ်ဆောင်ချက်မှာဆိုရင် အရေးကြီးတဲ့ဖိုင်တွေကို သင်တစ်ယောက်ထဲသာ ဝင်ရောက်ကြည့်ရှုလို့ရအောင် ပြုလုပ်နိုင်မှာ ဖြစ်ကာ၊ Pattern, PIN ဒါမှမဟုတ် Biometric လုံခြုံရေးစနစ်တွေနဲ့ Lock လုပ်ထားနိုင်တာကြောင့် သင့်အနေနဲ့ Passport ကော်ပီ၊ Financial Apps၊ လိပ်စာတွေအပြင် တခြားအရေးကြီးတဲ့ စာရွက်စာတန်းတွေကို ထည့်သွင်း သိမ်းဆည်းထားနိုင်မှာပါ။ ဒါဟာဆိုရင် ဒီလုပ်ဆောင်ချက်ကို Note မဟုတ်တဲ့ တခြား ပစ္စည်းတွေမှာ ထည့်သွင်းထားတာ ပထမဆုံး အကြိမ်ဖြစ်နိုင်ပါတယ်။

Galaxy A စီးရီးကို အရောင်အနေနဲ့ Black Sky, Gold Sand, Blue Mist နဲ့ Peach Cloud ဆိုပြီး အရောင်ကွဲ လေးမျိုးနဲ့ ထုတ်လုပ်သွားမှာ ဖြစ်ပါတယ်။

Ref: Venture Beat, GSM Arena