[Zawgyi]



New ISOCELL Sensor








2B (Akhayar)
www.akhayar.com

[Unicode]

စမတ်ဖုန်းကင်မရာအတွက် 48MP နဲ့ 32MP Sensor၂ မျိုးကို Samsung မိတ်ဆက်လိုက်ပြီ

အခုချိန်က စမတ်ဖုန်းကင်မရာခေတ်ဆိုတော့ Best-shot ရိုက်ဖို့ Megapixel (MP) ပိုများတဲ့ ကင်မရာသုံးလာတယ်၊ သူ့ထဲက Sensor ကအစ Low-light Mode မှာ အကောင်းဆုံးအနေထားနဲ့ စွမ်းဆောင်နိုင်အောင် ဖန်တီးလာကြတယ်။

New ISOCELL Sensor

အဲ့ဒီထဲကမှ ၂၀၁၈ စမတ်ဖုန်းနည်းပညာကို တစ်ခေတ်ဆန်းသွားစေခဲ့တာ Huawei မိတ်ဆက်ထားလိုက်တဲ့ P20 Pro နဲ့ Mate 20 Pro ဖုန်းတွေပါပဲ။ ဒီဖုန်းကင်မရာတွေက Triple-setup ကို အခြေခံထားတယ်ဆိုပေမယ့်လို့ MP ပိုများတယ်၊ ဒါကြောင့်မလို့ Flagship ဖုန်းချင်းယှဉ်လိုက်ရင်တောင် ပိုကောင်းတဲ့ အနေထားမှာရှိနေတယ်။

Flexible & Powerful Sensor

ဒီသဘောတရားကို ကောင်းကောင်းနားလည်ထားတဲ့ Samsung က Galaxy Flagship ဖုန်းတွေမှာ အသုံးပြုလာဖွယ်ရှိတဲ့  ISOCELL Sensor ၂ မျိုးကိုယမန်နေ့က မိတ်ဆက်သွားခဲ့တယ်။ Samsung အဆိုရပြောရရင် Galaxy S8 ၊ S9 တို့မှာ အသုံးပြုထားတဲ့ Dual Pixel နည်းပညာအတိုင်း Camera Module ကိုပိုပြီး Flexible ဖြစ်တဲ့ဒီဇိုင်း၊ 0.8 micrometer (μm) ပဲရှိတဲ့အထိ သေးငယ်သွားအောင် ပြုလုပ်ထားတယ်။ အဲ့အတွက် Camera Size ပိုသေးငယ်လာသလို Bezel-less Smartphone တွေနဲ့တွဲသုံးဖို့ အကောင်းဆုံးဖြစ်လာတယ်။

The all new 48MP & 32MP Sensor

ဒါထက် စိတ်ဝင်စားစရာအကောင်းဆုံးက Pixel ၄ ခု တစ်ပြိုင်နက် အလုပ်လုပ်နိုင်မယ့် Tetracell နည်းပညာအသုံးပြုထားတာပါ။ ဒါကြောင့်မလို့ Dual Pixel ကို အခြေခံထားတဲ့ 12 ဒါမှမဟုတ် 8MP ကင်မရာထက် Light Sensitivity ပိုမြင့်မယ်၊ 0.8 micrometer ပဲရှိတော့ Sensitivity ပိုကောင်းသွားတာ မဆန်းပါဘူး။

New ISOCELL Camera Sensor

Tetracell Tech ပြောဆိုချက်အရဆိုရင် Bright GM1 အမျိုးစား 48MP ကင်မရာနဲ့ Bright GD1 32MP ကင်မရာတို့ဟာ Gyro-based Electronic Image Stabilization ကိုထောက်ပံ့ထားတယ်၊ Real-time HDR ရိုက်ကူးဖို့အတွက်ဆိုရင်တော့ GD1 32MP ကင်မရာနဲ့ပဲ စွမ်းဆောင်နိုင်မယ်။ အခုလို MP ပိုများလာတဲ့ ကင်မရာ Sensor ၂ မျိုးကို့ 2019 ထဲမိတ်ဆက်လာမယ့် Galaxy S10 ဖုန်းတွေမှာ အစောဆုံး မြင်တွေ့ရဖွယ်ရှိပါတယ်။

2B (Akhayar)
www.akhayar.com