Samsung LPDDR5 RAM
Samsung LPDDR5 RAM
Samsung LPDDR5 RAM
Ref : Phone Arena
Zawyè (Akhayar) 
www.akhayar.com
Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။
[UNICODE]
လက်ရှိအချိန်မှာ Mobile Devices တွေက အချိန်နဲ့အမျှတိုးတက်လာပြီးတော့ အခုနောက်ဆုံးအနေနဲ့ Samsung ကနေ Mobile Devices တွေအတွက် Hardware Limitations တွေကို နောက်ထပ်ဘောင်တစ်ခုကို ကျော်လွှားခဲ့လိုက်ပါပြီ။ အဲ့ဒါကတော့ Mobile Devices တွေအတွက် LPDDR6 DRAM Chip ကို ထုတ်လုပ်ပေးလိုက်တာပဲဖြစ်ပါတယ်။
Samsung LPDDR5 RAM
Samsung ဟာ ယခင်ကလည်း ပထမဆုံးသော LPDDR4 RAM Chip တွေကို ထုတ်လုပ်နိုင်ခဲ့တဲ့ ကုမ္ပဏီတစ်ခုဖြစ်ပြီးတော့ နာမည်ကြီး Chip Maker တစ်ဦးဖြစ်တဲ့ Qualcomm ကိုပါ Snapdragon Chips တွေကို ထုတ်လုပ်တဲ့နေရာမှာပါ အကူအညီပေးခဲ့သေးတာပဲဖြစ်ပါတယ်။ အဲ့ဒီအတွက် အခုလိုမျိုး ပထမဆုံးအနေနဲ့ Mobile Devices တွေအတွက် 10nm Class LPDDR5 DRAM Chip ကို ထုတ်လုပ်နိုင်တာက ထူးဆန်းတဲ့အရာမဟုတ်ဘူးလို့ ပြောရမှာပါ။
အခု Samsung ကနေ ထုတ်လုပ်လိုက်တဲ့ LPDDR5 RAM က ပုံမှန်လက်ရှိအကောင်းဆုံးအဖြစ်သတ်မှတ်ခံထားရတဲ့ LPDDR4X RAM ထက် ၁ဆခွဲ ပိုပြီး မြန်ဆန်မှာဖြစ်ပြီးတော့ Data Transfer Rate အနေနဲ့ 51.2 GB Data ကို ၁ စက္ကန့်အတွင်းပေးပို့နိုင်တော့မှာပါ။ ဒါတင်မကသေးပဲ Samsung ရဲ့ LPDDR5 RAM အသစ်က ပါဝါစားသုံးမှုအနေနဲ့လည်း 1.05V ပဲရှိမှာဖြစ်တဲ့အတွက် ယခင် LPDDR4X RAM ထက် ၃၀ ရာခိုင်နှုန်းပိုပြီး ပါဝါစားသက်သာတယ်လို့ သိရပါတယ်။
Samsung LPDDR5 RAM
အခုလိုမျိုး Samsung ရဲ့ ပြောကြားချက်အရတော့ အခု LPDDR4 RAM ဟာ Mobile Devices တွေအပေါ်မှာ Machine Learning စနစ်တွေကို ယခင်ထက်ပိုပြီး အလုပ်လုပ်နိုင်မှာဖြစ်ပြီးတော့ AI Function တွေလုပ်ဆောင်တဲ့နေရာမှာ ပိုပြီး မြန်ဆန် ကောင်းမွန်လာမှာဖြစ်တယ်လို့ သိရပါတယ်။ ဒါတင်မကသေးပဲ Samsung ကနေ အခု LPDDR5 RAM ကြောင့် Ultra HD Video တွေ ရိုက်ကူးတဲ့နေရာ၊ Edit လုပ်တဲ့နေရာမှာ ပိုပြီး မြန်ဆန်လာဦးမယ်လို့ ပြောကြားခဲ့ပါသေးတယ်။
Samsung LPDDR5 RAM
ဘာပဲဖြစ်ဖြစ် Mobile Devices တွေအတွက် ကြီးမားတဲ့ ပြောင်းလဲမှုတစ်ခုဖြစ်လာတဲ့ LPDDR5 RAM ကို နောက်နှစ်မှာ ထွက်လာမယ့် Samsung Galaxy S10 မှာ တွေ့မြင်ရမလားဆိုတာကတော့ စိတ်ဝင်စားဖို့ကောင်းနေပါတယ်။
Ref : Phone Arena
Zawyè (Akhayar) 
www.akhayar.com