Samsung ကနေ အခုအချိန်မှာ Galaxy A Series စမတ်ဖုန်းတွေကို India မှာ စတင်ရောင်းချနေတာ အချိန်တစ်ခုရှိသွားပြီပဲဖြစ်ပါတယ်။ ယခင်တုန်းက Samsung အနေနဲ့ Galaxy J Series စမတ်ဖုန်းတွေမှာ ဝေဖန်ခံရပေမယ့်လည်း ဒီ Galaxy A Series တွေကနေ အောင်မြင်တဲ့ရလဒ်တွေကို ရယူနိုင်ခဲ့ပါတယ်။

Galaxy A Series

ဒါကတော့ Samsung ကနေ Galaxy A Series တွေကို India မှာ စတင်ရောင်းချပြီိး ရက် ၇၀ အတွင်း စမတ်ဖုန်းအလုံးရေ ၅ သန်းအထိ ရောင်းချရပြီးပြီလို့ ထုတ်ပြန်ကြေညာလိုက်တာကြောင့်ဖြစ်ပါတယ်။ ယခင်တုန်းကလည်း မိတ်ဆက်ပြီး ရက် ၄၀ အတွင်း Galaxy A Series ဖုန်းတွေ ၂ သန်းခန့်ရောင်းချရတယ်လို့ ပြောကြားခဲ့တဲ့အတွက် နောက်ထပ် ရက် ၃၀ အတွင်းမှာတင် အလုံးရေ ၃ သန်းရောင်းချရခဲ့တဲ့ပုံစံပါပဲ။

Galaxy A Series

Samsung ရဲ့ Galaxy A Series စမတ်ဖုန်းတွေဟာ အခုဆိုရင် A10 ကနေ A80 အထိကို မိတ်ဆက်ထားပြီးတော့ ဈေးနှုန်းတွေကလည်း လူတိုင်းတတ်နိုင်တဲ့ ဒေါ်လာ ၁၀၀ ဝန်းကျင်ကနေ ဒေါ်လာ ၄၀၀ ကျော်တန်အထိ ရွေးချယ်နိုင်တာပဲဖြစ်ပါတယ်။ ဒါ့အပြင် Galaxy A20 လိုမျိုး အနိမ့်ဆုံး A Series ဖုန်းတွေမှာတင် USB-C ၊ AMOLED Display နဲ့ Ultrawide Camera တွေကို ထည့်သွင်းထားပေးတာက အားသာချက်ဖြစ်နေမှာပါ။

Galaxy A Series

Samsung အနေနဲ့ ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ်ရဲ့ ပထမ ၃ လပတ် ကာလမှာ India ဈေးကွက်ရဲ့ ၂၃ ရာခိုင်နှုန်းကို တင်ပို့ရောင်းချနိုင်ခဲ့ပြီး ဒုတိယနေရာမှာတော့ Xiaomi က ဈေးကွက်ရဲ့ ၂၉ ရာခိုင်နှုန်းကို ရောင်းချထားပြီး ပထမနေရာကို ရရှိထားတာဖြစ်ပါတယ်။ ဒါပေမယ့် ဒီလိုမျိုး Galaxy A Series တွေက နောက်ပိုင်းမှာလည်း ရောင်းအားဆက်တိုက်ကောင်းနေတယ်ဆိုရင် India ဈေးကွက်မှာ ပထမနေရာကို ပြန်လည်ရယူနိုင်ဖွယ်ရှိနေပါတယ်။

Ref : GSMArena