နောက်နှစ်ထွက်မယ့်ဖုန်းတွေအတွက် 2nd Gen 10nm Processor ကို စတင်ထုတ်လုပ်နေတဲ့ Samsung

နောက်နှစ်ထွက်မယ့်ဖုန်းတွေအတွက် 2nd Gen 10nm Processor ကို စတင်ထုတ်လုပ်နေတဲ့ Samsung





Ref : GSMArena

Zawyè (Akhayar) 

www.akhayar.com

Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။

[UNICODE]

Samsung ကနေ အခုနောက်ဆုံးသိရတဲ့ သတင်းတွေအရ Second Generation 10nm LPP FinFET Chipset တွေကို စတင်ထုတ်လုပ်နေပြီလို့ သိရပါတယ်။ အဲ့ဒီအတွက်နောက်နှစ်ထွက်မယ့် စမတ်ဖုန်းတွေမှာ 7nm Architecture ကို သုံးနိုင်မှာမဟုတ်သေးပဲ ယခင် 10nm Chip တွေထက် စွမ်းဆောင်ရည် ၁၀ ရာခိုင်နှုန်း ပိုမိုရရှိပြီး ယခင်ထက် ၁၅ ရာခိုင်နှုန်း ပါဝါစားသုံးမှုနည်းပါးမယ်လို့ သိရပါတယ်။

ဒါပေမယ့် Qualcomm က နောက်နှစ်အတွက် Snapdragon 845 Processor ထုတ်လုပ်မှုတွေအတွက် Samsung အစား TSMC ကို ရွေးချယ်ခဲ့တဲ့အတွက် အမြင့်ပိုင်း Chipset တွေဖြစ်လာမှာမဟုတ်သေးပဲ Snapdragon 670 CPU တွေနဲ့ Samsung Exynos Processor တွေမှာပဲတွေ့ရမယ်လို့ ယူဆရပါတယ်။

Samsung ကတော့ အခုဒီ Second Generation 10nm Chipsets တွေက 10nm Architecture တွေအတွက် နောက်ဆုံးဖြစ်လာမှာဖြစ်ပြီး နောက်ထပ်အနေနဲ့ 8nm LPP Architecture ကိုသွားဖို့ စီစဉ်ထားတယ်လို့ သိရပါတယ်။

နောက်ထပ်လည်း Samsung ကနေ 7nm FinFET Chip တွေကို EUV နည်းပညာအသုံးပြုပြီး ထုတ်လုပ်ဦးမှာဖြစ်တယ်လို့ သိရပါတယ်။

Ref : GSMArena