လက်ရှိအချိန်မှာ စမတ်ဖုန်းဈေးကွက်ကို Samsung က အများဆုံးရယူထားတာဖြစ်ပြီး ဈေးကွက်နံပါတ် (၁) နေရာကို ဦးဆောင်ထားတုန်းပဲဖြစ်ပါတယ်။ ဒါပေမယ့် အခုနောက်ပိုင်းမှာ တရုတ်နိုင်ငံစမတ်ဖုန်းထုတ်လုပ်သူတစ်ဦးဖြစ်တဲ့ Huawei ကနေ နံပါတ် (၁) နေရာကို ရရှိဖို့အတွက် ဆက်တိုက်ကို ကြိုးပမ်းနေတာလည်းဖြစ်ပါတယ်။

Samsung

ဒါပေမယ့် အခုအချိန်မှာတော့ Samsung ရဲ့ CEO ဖြစ်တဲ့ DJ Koh ကနေ Samsung ဟာ လာမယ့် ၁၀ နှစ်တာ ကာလမှာလည်း ဈေးကွက်ကို ဦးဆောင်သွားပြီး နံပါတ် (၁) နေရာကို ရယူသွားဦးမယ်လို့ ပြောကြားခဲ့ပါတယ်။

အဲ့ဒီအတွက် Huawei လိုမျိုး ကုမ္ပဏီတွေက ခြိမ်းခြောက်နေပေမယ့်လည်း DJ Koh ကတော့ Samsung က လက်ရှိ Product တွေကို ဆက်တိုက် Innovation တွေပြုလုပ်နေပြီးတော့ ဆက်တိုက်လိုက်ပြီး ပြိုင်ဆိုင်သွားမယ်လို့ ပြောခဲ့တာဖြစ်ပါတယ်။

Samsung CEO DJ Koh

ဒါ့အပြင် Samsung အနေနဲ့ Galaxy Fold လိုမျိုး Foldable ဖုန်းတွေရဲ့ အနာဂတ်ကို ယုံကြည်ထားပြီးတော့ အခုလိုမျိုး ဈေးကြီးတဲ့ Galaxy Fold တင်မဟုတ်ဘဲ လူတိုင်းအတွက်လည်း ဒီ Foldable Phone တွေကို ထုတ်လုပ်သွားဖို့ရှိနေတယ်လို့ သိရပါတယ်။

Huawei ကလည်း Samsung ကို လာမယ့် ၂၀၂၀ ခုနှစ်မှာ ကျော်တက်မယ်လို့ ကြုံးဝါးထားတဲ့အတွက် Samsung အနေနဲ့ နံပါတ် (၁) နေရာကို ဆက်ထိန်းထားဖို့က ပိုပြီး ခက်ခဲတော့မှာပါ။

Ref : GSMArena