Samsung Galaxy S8 ကုိ ထုတ္လုပ္တာ တစ္လေလာက္ပဲရွိေသးေပမယ့္ ဂ်ာမန္ဟက္ကာေတြကေတာ့ ဖုန္းရဲ႕ iris မွတ္တမ္းတင္ ေဆာ့ဖ္ဝဲ (Iris Scanner) ကုိ အရူးလုပ္ႏုိင္မယ့္ နည္းလမ္းကုိ ရွာေဖြေတြ႔ရွိသြားခဲ့ၾကပါၿပီ။ Chaos Computer Club လုိ႔ေခၚတဲ့ ဂ်ာမန္ဟက္ကာ အုပ္စုတစ္ခုဟာ S8 ရဲ႕ Biometric စနစ္ကုိ အေျခခံတဲ့ လံုျခံဳေရးနည္းပညာကုိ ကင္မရာနဲ႔ မ်က္ကပ္မွန္တို႔လုိ ရုိးရွင္းတဲ့ Tools ေတြနဲ႔ ဟက္သြားခဲ့တာပါ။

ဒီအေၾကာင္းကုိ ဗီဒီယုိအတုိတစ္ခုတင္ၿပီး အလုပ္ျဖစ္ေၾကာင္းကုိ ေဖာ္ျပခဲ့ပါတယ္။ အဲ့ဒီအျပင္သူတို႔က တကယ္လုိ႔ Samsung ဆင္ဆာကုိ အရူးလုပ္ခ်င္ရင္ လုိအပ္တဲ့ ပစၥည္းအခ်ိဳ႕ကုိလည္း ေဖာ္ျပသြားခဲ့ပါတယ္။ အဲ့ဒါေတြကေတာ့..

  • ကင္မရာတစ္လံုး (သာမန္ကင္မရာတစ္လံုးဆုိအလုပ္ျဖစ္)
  • ေလဆာပရင္တာတစ္ခု၊
  • မ်က္ကပ္မွန္တစ္ခု
  • Samsung Galaxy S8 တစ္လံုး
  • “Subject” တစ္ခု ဒါမွမဟုတ္ S8 ကုိ အသံုးျပဳမယ့္သူတစ္ေယာက္

အရင္ဆံုး သူတုိ႔က ပစ္မွတ္ထားတဲ့သူကုိ ငါးမီတာေလာက္ အကြာအေဝးကေန ဓာတ္ပံုရုိက္လုိက္ၿပီး မ်က္လံုးကုိ အနီးကပ္ Zoom ဆြဲက ေလဆာပရင္တာနဲ႔ Print လုပ္လုိက္တာပါ။ သူတုိ႔ကေတာ့ Samsung ကပဲ ထုတ္တဲ့ Printer ကုိ သံုးထားပါတယ္။ အဲ့ေနာက္မွာေတာ့ သာမန္မ်က္ကပ္မွန္ေတြကုိ ဓာတ္ပံုထဲက မ်က္လံုးအေပၚဘက္နားေလာက္ကေန ကပ္လုိက္တာပါ။ အဲ့ဒီစာရြက္ကုိ စမတ္ဖုန္းဖြင့္ၿပီး ျပလုိက္တဲ့အခါမွာ ဖုန္းက Unlock ျဖစ္သြားခဲ့ပါတယ္။  ဗီဒီယုိကုိ ေအာက္မွာၾကည့္ရႈႏုိင္ပါတယ္။

“မ်က္ၾကည္လႊာဖတ္လံုျခံဳေရးကုိ စြန္႔စားမႈဟာ Fingerprint ထက္ပုိႀကီးပါတယ္” လုိ႔ အဖြဲ႕ရဲ႕ ေျပာေရးဆုိခြင့္ရွိသူ Dirk Engling ကဆုိပါတယ္။ သူတုိ႔ဟာဆုိရင္ ယခင္တုနး္က iPhone 5S ရဲ႕ Fingerprint ဆင္ဆာကုိ ဖန္ခြက္မ်က္ႏွာျပင္ကုိရုိက္ထားတဲ့ ဓာတ္ပံုတစ္ပံုနဲ႔ ဟက္ခဲ့ဖူးပါတယ္။ “တခ်ိဳ႕အေျခအေနေတြမွာ၊ အင္တာနက္က Resolution ျမင့္ျမင့္နဲ႔ပံုေတြဟာ iris ကုိ ေကာင္းေကာင္း ဖမ္းရုိက္ထားႏုိင္ပါတယ္” လုိ႔ သူကဆုိပါတယ္။

Biometric လံုျခံဳေရးကုိ ဖုန္းလံုျခံဳေရးအတြက္သာမက၊ မိုဘိုင္းေငြေပးေျခမႈေတြမွာပါ Mastercard က ထည့္သြင္းလုိက္ပါတယ္။ ဒီလုိေပးေျခမႈကုိ “Selfie Pay” လုိ႔ေခၚၿပီး ဥေရာပ၊ ၾသစေၾတးလ် တုိ႔မွာ စတင္အသံုးျပဳေနပါၿပီ။ အဲ့ဒီအျပင္ Facial Recognition ကုိ Passport ေတြမွာပါ အသံုးျပဳဖုိ႔ ုလုပ္ေဆာင္ေနတာ ေၾကာင့္ လံုျခံဳေရးအဆင့္ျမွင့္ဖုိ႔ အေရးႀကီးေၾကာင္း အဖြဲ႕ကဆုိပါတယ္။

Joker (Akhayar) 

Ref: Engadget, TNW

=================

Galaxy S8 ရဲ့ Iris Scanner လုံခြုံရေးကို အရူးလုပ်ခဲ့တဲ့ ဟက်ကာအဖွဲ့

Samsung Galaxy S8 ကို ထုတ်လုပ်တာ တစ်လလောက်ပဲရှိသေးပေမယ့် ဂျာမန်ဟက်ကာတွေကတော့ ဖုန်းရဲ့ iris မှတ်တမ်းတင် ဆော့ဖ်ဝဲ (Iris Scanner) ကို အရူးလုပ်နိုင်မယ့် နည်းလမ်းကို ရှာဖွေတွေ့ရှိသွားခဲ့ကြပါပြီ။ Chaos Computer Club လို့ခေါ်တဲ့ ဂျာမန်ဟက်ကာ အုပ်စုတစ်ခုဟာ S8 ရဲ့ Biometric စနစ်ကို အခြေခံတဲ့ လုံခြုံရေးနည်းပညာကို ကင်မရာနဲ့ မျက်ကပ်မှန်တို့လို ရိုးရှင်းတဲ့ Tools တွေနဲ့ ဟက်သွားခဲ့တာပါ။

ဒီအကြောင်းကို ဗီဒီယိုအတိုတစ်ခုတင်ပြီး အလုပ်ဖြစ်ကြောင်းကို ဖော်ပြခဲ့ပါတယ်။ အဲ့ဒီအပြင်သူတို့က တကယ်လို့ Samsung ဆင်ဆာကို အရူးလုပ်ချင်ရင် လိုအပ်တဲ့ ပစ္စည်းအချို့ကိုလည်း ဖော်ပြသွားခဲ့ပါတယ်။ အဲ့ဒါတွေကတော့..

  • ကင်မရာတစ်လုံး (သာမန်ကင်မရာတစ်လုံးဆိုအလုပ်ဖြစ်)
  • လေဆာပရင်တာတစ်ခု၊
  • မ်က္ကပ္မွန္တစ္ခု
  • Samsung Galaxy S8 တစ္လံုး
  • “Subject” တစ်ခု ဒါမှမဟုတ် S8 ကို အသုံးပြုမယ့်သူတစ်ယောက်

အရင်ဆုံး သူတို့က ပစ်မှတ်ထားတဲ့သူကို ငါးမီတာလောက် အကွာအဝေးကနေ ဓာတ်ပုံရိုက်လိုက်ပြီး မျက်လုံးကို အနီးကပ် Zoom ဆွဲက လေဆာပရင်တာနဲ့ Print လုပ်လိုက်တာပါ။ သူတို့ကတော့ Samsung ကပဲ ထုတ်တဲ့ Printer ကို သုံးထားပါတယ်။ အဲ့နောက်မှာတော့ သာမန်မျက်ကပ်မှန်တွေကို ဓာတ်ပုံထဲက မျက်လုံးအပေါ်ဘက်နားလောက်ကနေ ကပ်လိုက်တာပါ။ အဲ့ဒီစာရွက်ကို စမတ်ဖုန်းဖွင့်ပြီး ပြလိုက်တဲ့အခါမှာ ဖုန်းက Unlock ဖြစ်သွားခဲ့ပါတယ်။  ဗီဒီယိုကို အောက်မှာကြည့်ရှုနိုင်ပါတယ်။

“မျက်ကြည်လွှာဖတ်လုံခြုံရေးကို စွန့်စားမှုဟာ Fingerprint ထက်ပိုကြီးပါတယ်” လို့ အဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူ Dirk Engling ကဆိုပါတယ်။ သူတို့ဟာဆိုရင် ယခင်တုန်းက iPhone 5S ရဲ့ Fingerprint ဆင်ဆာကို ဖန်ခွက်မျက်နှာပြင်ကိုရိုက်ထားတဲ့ ဓာတ်ပုံတစ်ပုံနဲ့ ဟက်ခဲ့ဖူးပါတယ်။ “တချို့အခြေအနေတွေမှာ၊ အင်တာနက်က Resolution မြင့်မြင့်နဲ့ပုံတွေဟာ iris ကို ကောင်းကောင်း ဖမ်းရိုက်ထားနိုင်ပါတယ်” လို့ သူကဆိုပါတယ်။

Biometric လုံခြုံရေးကို ဖုန်းလုံခြံုရေးအတွက်သာမက၊ မိုဘိုင်းငွေပေးခြေမှုတွေမှာပါ Mastercard က ထည့်သွင်းလိုက်ပါတယ်။ ဒီလိုပေးခြေမှုကို “Selfie Pay” လို့ခေါ်ပြီး ဥရောပ၊ သြစတြေးလျ တို့မှာ စတင်အသုံးပြုနေပါပြီ။ အဲ့ဒီအပြင် Facial Recognition ကို Passport တွေမှာပါ အသုံးပြုဖို့ ုလုပ်ဆောင်နေတာ ကြောင့် လုံခြံုရေးအဆင့်မြှင့်ဖို့ အရေးကြီးကြောင်း အဖွဲ့ကဆိုပါတယ်။

Ref: Engadget, TNW