Samsung ကေန Premium ေခါက္ဖုန္း တစ္လံုးကုိ ထုတ္လုပ္မယ္ဆိုၿပီး သတင္းထြက္ေနတာ မႏွစ္ကတည္းကပါပဲ။ အာရွေစ်းကြက္မွာ အႀကိဳက္ေတြ႔ေနဆဲျဖစ္တဲ့ Flip ဖုန္းဒီဇုိင္းကုိ Samsung က ျပန္လည္ ယူေဆာင္လာဖုိ႔ ရွိေနပါတယ္။ ဒီသတင္းပတ္အတြင္း ထြက္လာတဲ့ ေကာလဟလေတြအရ Samsung ဟာ Flip ဖုန္းတစ္လံုးကုိ ကုိရီးယားႏုိင္ငံမွာ ထုတ္လုပ္ဖုိ႔ ရွိေနၿပီး Galaxy S8 နဲ႔ S8 Plus တုိ႔လုိ Flagship ပစၥည္းေတြမွာ ထည့္သြင္းထားတဲ့ အဓိက လုပ္ေဆာင္ခ်က္ေတြကုိ ထည့္သြင္းသြားမယ္လုိ႔ ဆုိပါတယ္။

The Investor ရဲ႕ အဆုိအရ အမည္မေပးရေသးတဲ့ ဖုန္းမွာ Wireless Charging, Fingerprint Scanner, Samsung Pay ေထာက္ပံ့မႈ၊ Samsung Knox နဲ႔ ေရစိမ္ခံႏုိင္မႈေတြ ပါဝင္လာမွာပါ။ ဖုန္းက Flip ဆုိတဲ့အတိုင္းပဲ မ်က္ႏွာျပင္အေနနဲ႔ ၄.၂လက္မရွိတဲ့ Dual OLED display ေတြပါဝင္လာမွာ ျဖစ္ၿပီး Qulcomm Snapdragon 430 processor, 64 GB onboard Storage, 12 MP ေက်ာဘက္ကင္မရာ၊ 5 MP ေရွ႕မ်က္ႏွာ ကင္မရာနဲ႔ 2300 mAh ရွိတဲ့ ဘက္ထရီေတြ ပါဝင္လာမွာပါ။

ထုတ္လုပ္မယ့္ ရက္အေသးစိတ္နဲ႔ ေစ်းႏႈန္းေတြကုိ ဖုန္းနဲ႔အတူ ထုတ္ေဖာ္မွာျဖစ္ပါတယ္။ ဒါေပမယ့္ အတည္မျပဳႏုိင္တဲ့ သတင္းေတြအရ ေစ်းဟာ သာမန္ Flip ဖုန္းေတြထက္ေတာ့ ပုိမ်ားမွာ ျဖစ္ၿပီး “Special Edition” ဆုိတဲ့ ထုတ္ကုန္ေအာက္ကေန ထုတ္လုပ္ဖြယ္ရွိေနပါတယ္။ Samsung ရဲ႕ တန္ဖုိးႀကီးႀကီး ေခါက္ဖုန္းကုိ ေစာင့္ၾကည့္လုိက္ၾကပါဦးစုိ႔။

Joker (Akhayar)

Ref: Android Authority

==================

တန်ဖိုးကြီးခေါက်ဖုန်း မော်ဒယ်သစ်တစ်မျိုးကို Samsung ထုတ်လုပ်ဦးမည်

Samsung ကနေ Premium ခေါက်ဖုန်း တစ်လုံးကို ထုတ်လုပ်မယ်ဆိုပြီး သတင်းထွက်နေတာ မနှစ်ကတည်းကပါပဲ။ အာရှစျေးကွက်မှာ အကြိုက်တွေ့နေဆဲဖြစ်တဲ့ Flip ဖုန်းဒီဇိုင်းကို Samsung က ပြန်လည် ယူဆောင်လာဖို့ ရှိနေပါတယ်။ ဒီသတင်းပတ်အတွင်း ထွက်လာတဲ့ ကောလဟလတွေအရ Samsung ဟာ Flip ဖုန်းတစ်လုံးကို ကိုရီးယားနိုင်ငံမှာ ထုတ်လုပ်ဖို့ ရှိနေပြီး Galaxy S8 နဲ့ S8 Plus တို့လို Flagship ပစ္စည်းတွေမှာ ထည့်သွင်းထားတဲ့ အဓိက လုပ်ဆောင်ချက်တွေကို ထည့်သွင်းသွားမယ်လို့ ဆိုပါတယ်။

The Investor ရဲ့ အဆိုအရ အမည်မပေးရသေးတဲ့ ဖုန်းမှာ Wireless Charging, Fingerprint Scanner, Samsung Pay ထောက်ပံ့မှု၊ Samsung Knox နဲ့ ရေစိမ်ခံနိုင်မှုတွေ ပါဝင်လာမှာပါ။ ဖုန်းက Flip ဆိုတဲ့အတိုင်းပဲ မျက်နှာပြင်အနေနဲ့ ၄.၂လက်မရှိတဲ့ Dual OLED display တွေပါဝင်လာမှာ ဖြစ်ပြီး Qulcomm Snapdragon 430 processor, 64 GB onboard Storage, 12 MP ကျောဘက်ကင်မရာ၊ 5 MP ရှေ့မျက်နှာ ကင်မရာနဲ့ 2300 mAh ရှိတဲ့ ဘက်ထရီတွေ ပါဝင်လာမှာပါ။

ထုတ်လုပ်မယ့် ရက်အသေးစိတ်နဲ့ စျေးနှုန်းတွေကို ဖုန်းနဲ့အတူ ထုတ်ဖော်မှာဖြစ်ပါတယ်။ ဒါပေမယ့် အတည်မပြုနိုင်တဲ့ သတင်းတွေအရ စျေးဟာ သာမန် Flip ဖုန်းတွေထက်တော့ ပိုများမှာ ဖြစ်ပြီး “Special Edition” ဆိုတဲ့ ထုတ်ကုန်အောက်ကနေ ထုတ်လုပ်ဖွယ်ရှိနေပါတယ်။ Samsung ရဲ့ တန်ဖိုးကြီးကြီး ခေါက်ဖုန်းကို စောင့်ကြည့်လိုက်ကြပါဦးစို့။

Ref: Android Authority