Samsung ကနေ ပြီးခဲ့တဲ့ ရက်သတ္တပတ်ပိုင်းတုန်းက 64 Megapixels Mobile Sensor ကို မိတ်ဆက်ခဲ့တာဖြစ်ပါတယ်။ အခုအချိန်မှာတော့ Samsung ကနေ Xiaomi နဲ့ ပူးပေါင်းပြီး ထုတ်လုပ်ထားတဲ့ 108 Megapixels Samsung ISOCELL Bright HMX Sensor ကို ပြသလိုက်ပြီဖြစ်ပါတယ်။

အခု Camera Sensor က 100 Million Pixel Milestone ကို ပထမဆုံးအကြိမ်အနေနဲ့ ချိုးနိုင်ခဲ့တာဖြစ်ပြီးတော့ ယခင်တုန်းက စမတ်ဖုန်းကင်မရာတွေနဲ့ လုံးဝမတူတဲ့ အရည်အသွေးမြင့် ဓါတ်ပုံတွေကို ရိုက်ကူးနိုင်မှာပါ။ ဒါ့အပြင် Video အနေနဲ့လည်း 6K Video (6016 x 3384) တွေကို 30fps နဲ့ ရိုက်ကူးနိုင်မှာဖြစ်ပါတယ်။

ဒါပေမယ့် အခု Sensor က Pixel-binning နည်းပညာကို အသုံးပြုထားတဲ့အတွက် Default အနေနဲ့ 27MP Image တွေအနေနဲ့ပဲ ရိုက်ကူးသွားမှာဖြစ်ပါတယ်။ Resolution အရနည်းသွားတယ်ဆိုပေမယ့် Low Light ဓါတ်ပုံတွေမှာ ပိုကောင်းတဲ့ရလဒ်ကိုရရှိမှာပါ။ ဒါ့အပြင် အခု Sensor မှာ Samsung ရဲ့ Smart-ISO နည်းပညာလည်း ပါဝင်မှာဖြစ်တဲ့အတွက် အရမ်းလင်းတဲ့နေရာ ဒါမှမဟုတ် အရမ်းမှောင်တဲ့နေရာတွေမှာ ISO ကို အလိုအလျောက်အတိုးအလျော့ပြုလုပ်ပေးမှာဖြစ်ပါတယ်။

Samsung ရော Xiaomi ရော အခု Sensor ကို သူတို့ရဲ့ စမတ်ဖုန်းတွေမှာ အသုံးပြုလာမယ်လို့ ပြောကြားခဲ့ပေမယ့် ဘယ်ဖုန်းမှာ အရင်သုံးမလဲဆိုတာကိုတော့ ပြောကြားထားခဲ့ခြင်းမရရှိပါဘူး။ ဘာပဲဖြစ်ဖြစ် လက်ရှိသိရတဲ့သတင်းတွေအရတော့ Xiaomi Mi Mix 4 မှာ ယခု 108MP Camera Sensor ကို အသုံးပြုလာမယ်လို့ သိရပါတယ်။

ဒီ 108MP Sensor ဟာ Size အနေနဲ့လည်း 1/1.33-inch Size ရှိတဲ့အတွက် လက်ရှိ Sony RX100 VII Compact Camera တွေရဲ့ 1″ Sensor Size ရဲ့ ၃ ပုံ ၁ ပုံအထိကို ရှိလာပြီလို့ ပြောရမှာပါ။

Ref : The Verge