Samsung Galaxy A7
Samsung Galaxy A7
Ref : The Verge
Ref : The Verge
Zawyè (Akhayar) 
www.akhayar.com
Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။
[UNICODE]
စမတ်ဖုန်းတွေမှာ Triple Camera စနစ်ဟာ ဒီနှစ်အစောပိုင်းတုန်းက Huawei ကနေ ထုတ်လုပ်ခဲ့တဲ့ Huawei P20 Pro စမတ်ဖုန်းကနေ စတင်ခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့်အခုအချိန်မှာတော့ OPPO နေ R17 Pro ဖုန်းမှာ Triple Camera ကို တပ်ဆင်လာခဲ့သလို Samsung ကလည်း Triple Camera ပါဝင်တဲ့ ဖုန်းတစ်ခုကို ထုတ်ပြလိုက်ပြီဖြစ်ပါတယ်။
Samsung Galaxy A7
အခု Samsung ကနေ ထုတ်လုပ်လိုက်တဲ့ Triple Camera ပါဝင်တဲ့ စမတ်ဖုန်းကတော့ Galaxy A7 လို့ နာမည်ပေးထားပြီးတော့ ဥရောပနဲ့ အာရှစျေးကွက်အတွက် ရည်ရွယ်ပြီးထုတ်လုပ်လိုက်တာဖြစ်ပါတယ်။ အခုလိုမျိုး Samsung Galaxy A7 ဖုန်းမှာ Triple Camera ပါဝင်လာတဲ့အတွက် နောက်နှစ်မှာထွက်လာမယ့် Samsung Galaxy S10 မှာပါ Triple Camera ပါဝင်လာမယ်ဆိုတာ ကျိန်းသေသွားပါပြီ။
Samsung Galaxy A7 ဖုန်းဟာ 6″ Full HD+ Super AMOLED Display ၊ Exynos Octa-Core 2.2GHz Processor ၊ RAM 6GB နဲ့ Storage 128GB ပါဝင်မှာဖြစ်ပြီးတော့ လာမယ့်အောက်တိုဘာလ ၁၁ ရက်နေ့မှ စတင်ရောင်းချမှာဖြစ်ပါတယ်။
Samsung Galaxy A7
Camera ပိုင်းမှာတော့ Triple Back Camera တွေကို အသုံးပြုထားပြီး 24MP Primary Lens ၊ Portrait Mode အတွက် 5MP Depth Lens နဲ့ 8MP 120 Degree Wide Lens ပါဝင်မှာဖြစ်တယ်လို့ သိရပါတယ်။ အဲ့ဒီအတွက် စမတ်ဖုန်းတစ်လုံးထဲနဲ့ ကိုယ့်စိတ်ကြိုက်ပုံတွေကို ရိုက်ကူးနိုင်မှာဖြစ်ပါတယ်။
Samsung ရဲ့ Head of Mobile Division အဖြစ်တာဝန်ယူထားတဲ့ DJ Koh က တလောကလည်း Samsung ဟာ Flagship Feature တွေကို Galaxy S Series ၊ Note Series တွေအစား Galaxy A Series လို Mid Range ဖုန်းတွေကို အရင်ယူဆောင်လာမယ်လို့ ပြောကြားထားတဲ့အတွက် အခု Galaxy A7 ဖုန်းက Galaxy A Series တွေရဲ့ ပြောင်းလဲမှုအတွက် အစဖြစ်လာပြီလို့ ပြောရမှာပါ။
Ref : The Verge
ဟာ ပြီးခဲ့တဲ့ iPhone X နဲ့ iPhone 8 ဖုန်းတွေထွက်ရှိတုန်းက A11 Bionic Chip နဲ့အတူ Neural Engine ကိုပါ ထည့်သွင်းပေးခဲ့တာဖြစ်ပြီး FaceID နဲ့ Animoji လိုမျိး စနစ်တွေအတွက် AI နည်းပညာမှာ ပိုပြီး လုပ်ဆောင်နိုင်အောင် စတင်ဆောင်ရွက်ခဲ့တာဖြစ်ပါတယ်။
Ref : The Verge
Zawyè (Akhayar) 
www.akhayar.com