Samsung ကတော့ Galaxy Note10 အသုံးပြုသူတွေကို PC ဂိမ်း Streaming ဆော့ကစားနိုင်မယ့် Link App တစ်ခုကို စမ်းသပ်နေပြီ ဖြစ်ပါတယ်။
Beta Version ကို အမေရိကနဲ့ တောင်ကိုးရီးယားနိုင်ငံတွေမှာ စတင်နေပြီး လက်ရှိသတင်းတွေအရ တခြားနိုင်ငံတွေနဲ့ Tablet တချို့မှာလည်း PlayGalaxy Link သုံးလို့ရလာမယ်လို့ သိရပါတယ်။

Streaming လုပ်တဲ့ သဘောတရားက Nvidia GameStream နဲ့ Steam Link တို့နဲ့ အတူတူပဲဖြစ်ပြီး Wi-Fi ကပဲ ဆော့ရမှာပါ။ အမေရိကနဲ့ တောင်ကိုးရီးယားမှာ အရင် စမ်းနေတယ်ဆိုတာကလည်း Latency ပိုနည်းတဲ့ 5G အားသာချက်ကြောင့် ဖြစ်တယ် ဆိုပါတယ်။

လက်ရှိအနေထားအရ 4G ကွန်ရက်နဲ့ ကစားနိုင်တယ်ဆိုမယ့် Streaming App တွေ Recommend လုပ်ထားတဲ့ Speed ကို အပြည့်ဝ ထောက်ပံ့နိုင်ချေ မရှိပါဘူး။

နောက်လိုအပ်ချက်တစ်ခုက Note10 နဲ့ PC ဂိမ်းဆော့မယ်ဆိုရင် သီးသန့် Controller တစ်ခု ထပ်ဝယ်ရဦးမှာပါ။ အထူးသဖြင့် Bluetooth နဲ့ ချိတ်ကစားနိုင်မယ့် Controller ဒါမှမဟုတ် Keyboard ၊ Mouse တို့အသုံးပြုရမှာပါ။

အဲ့ဒီတော့ Xbox Controller တွေနဲ့ ကစားနိုင်မယ်လို့ ခန့်မှန်းရပြီး PlayGalaxy Website မှာတော့ Glap Controller ပြထားပါတယ်။
အဲ့ဒါကြောင့် PlayStation ဂိမ်းတွေကို Xperia 5 စမတ်ဖုန်းမှာ DualShock 4 Controller တပ်ဆော့ပြတာမျိုးနဲ့ သွားဆင်နေမှာပါ။

Gap Controller

PC Hardware ပိုင်း လိုအပ်ချက် အနေနဲ့ Intel Core i5 Processor ၊ 8GB RAM နဲ့ GTX 1060 ဒါမှမဟုတ် AMD Radeon 550 တို့ သတ်မှတ်ထားပါတယ်။

အဲ့ဒါကြောင့် သွားလေရာ PC ဂိမ်း ဆော့ချင်တယ်ဆိုရင်တော့ Wi-Fi လိုင်း ကောင်းကောင်းရှိမှ အဆင်ပြေမယ်၊ Streaming လုပ်မယ့် PC က Recommend လုပ်ထားတာထက် ပို Strong ဖြစ်နေဖို့လိုမယ်။
ဒါတွေက လိုအပ်ချက်ဆိုမယ့် Controller မရှိပြန်ရင်လည်း အလုပ်မဖြစ်ပြန်ဘူးဆိုတော့ ကိုယ်ကစားချင်တဲ့ဂိမ်း ရွေးချယ်ထားတာမျိုးရှိတော့ မြန်မာနိုင်ငံမှာလည်း Support မြန်မြန်ရဖို့ မျှော်လင့်ရမှာပါ။

Source: GSMArenaPlayGalaxy
2B (Akhayar)
www.akhayar.com