[Zawgyi]

2020 ကစၿပီး 100% Renewable Energy သုံးေတာ့မယ့္ Samsung

Samsung Electronics အေနနဲ႔ Renewable Energy (ျပန္လည္ အသုံးခ်ႏိုင္တဲ့ စြမ္းအင္) အသုံးျပဳေရး ေဆြးေႏြးလ်ာထားခ်က္မ်ားကို မေန႔က ျပဳလုပ္ခဲ့တဲ့ Samsung Newsroom မွာ ေဖာ္ျပခဲ့တယ္လို႔ သိရပါတယ္။ ဒီ အစီအစဥ္မွာ 100% စြမ္းအင္ ျပန္လည္ အသုံးခ်ႏိုင္တဲ့ စက္႐ုံမ်ားကို လာမယ့္ 2020 မွာ အေမရိက၊ ဥေရာပနဲ႔ တ႐ုတ္တစ္ခြင္ တည္ေဆာက္သြားမွာ ျဖစ္တယ္လို႔ ေဖာ္ျပထားပါတယ္။ လက္ရွိ ေဆြးေႏြးခ်က္မွာေတာ့ Renewable Energy အတြက္ စြမ္းအင္ေခြၽတာႏိုင္မယ့္ နည္းပညာ၊ စြမ္းအင္သုံးစြဲမႈေၾကာင့္ ထြက္ရွိလာမယ့္ Operational Emissions နည္းပါးေရး နည္းပညာမ်ား ပါဝင္မယ္လို႔ သိရပါတယ္။

Samsung အေနနဲ႔ ပတ္ဝန္းက်င္ေဂဟစနစ္ ကာကြယ္ေရး Greenpeace Campaign မွာ ပါဝင္လာၿပီ ျဖစ္ေပမယ့္ Apple နဲ႔ Google တို႔ဟာ ေလအားနဲ႔ ေနေရာင္ျခည္ စြမ္းအင္သုံး Green Products မ်ား ဝယ္ယူခဲ့ၿပီး ၿပီးခဲ့တဲ့ႏွစ္ April လ ကတည္းက Renewable Energy စတင္ အသုံးျပဳေနၿပီ ျဖစ္ပါတယ္။ လက္ရွိအေျခအေနမွာ ကမာၻတစ္ဝန္းမွာရွိတဲ့ Samsung စက္႐ုံ 17 ႐ုံကိုသာ 100% Renewable Energy Upgrade ျပဳလုပ္သြားမွာျဖစ္ၿပီး အစၥေရး၊ အိႏၵိယ၊ စကၤာပူနဲ႔ ဂ်ပန္မွာ ရွိေနတဲ့ စက္႐ုံမ်ားကို ေဖာ္ျပထားျခင္းမရွိပါဘူး။

Rooftop solar panels on the Samsung Advanced Institute of Technology site in Samsung Digital City, Suwon, installed in 2013

ဆက္လက္ၿပီး ကိုးရီးယားႏိုင္ငံရဲ႕ Renewable Energy ေထာက္ပံ့သြားဖို႔ လ်ာထားခ်က္ အေနနဲ႔ လာမယ့္ 2030 မွာ ႏိုင္ငံရဲ႕ စြမ္းအင္ ေခြၽတာသုံးစြဲမႈ 20% အထိ တိုးျမႇင့္သြားႏိုင္ဖို႔ Samsung အေနနဲ႔ စတင္ ေဆာင္႐ြက္ေနၿပီျဖစ္ပါတယ္။ 2018 ခုႏွစ္ရဲ႕ အေစာပိုင္း ကာလမွာတင္ ဧရိယာ 42000㎡ အက်ယ္အဝန္းရွိ Solar Panel ေတြကို Suwon ၿမိဳ႕ေတာ္ရဲ႕ Samsung Digital City တိုးခ်ဲ႕ တည္ေဆာက္ေနၿပီ ျဖစ္ပါတယ္။ လာမယ့္ 2019 နဲ႔ 2020 မွာ ဧက 21,000㎡ ရွိတဲ့ Solar Arrays ေတြနဲ႔ Geothermal Power Generation Facilities မ်ားကို Pyeongtaek Campus နဲ႔ Hwaseong Campus မွာ တည္ေဆာက္သြားမွာျဖစ္တယ္လို႔ သိရပါတယ္။

အခုလို Renewable Energy သုံးစြဲဖို႔ Samsung အေနနဲ႔ ႀကိဳတင္လ်ာထားခ်က္ဟာ လက္ရွိ ကမာၻ႔စံႏႈန္းအရ 3.1 GW (Giga Watt) [3.1 GW = 3100000000 W] စြမ္းအင္ ထုတ္ေပးေနတဲ့ Solar Plant စံႏႈန္းကို 2020 ခုႏွစ္မွာ အမွီလိုက္ႏိုင္မွာ ျဖစ္တယ္လို႔ သိရပါတယ္။ ဒီစြမ္းအင္ ပမာဏဟာ ကိုးရီးယားႏိုင္ငံရဲ႕ လူ ၄ ေယာက္ေနထိုင္တဲ့ အိမ္မွာ အသုံးျပဳေနတဲ့ လွ်ပ္စစ္ပစၥည္းေပါင္း 115,000 ရဲ႕ စြမ္းအင္သုံးစြဲမႈ ပမာဏနဲ႔ ညီမွ်မွာ ျဖစ္တယ္လို႔ သိရပါတယ္။ Samsung Electronics အေနနဲ႔ Renewable Energy နဲ႔ ထုတ္လုပ္လာမယ့္ ကုန္ၾကမ္းလည္ပတ္မႈ အေျခအေန ဆက္လက္ ထိန္းသိမ္းထားႏိုင္ဖို႔ Carbon Disclosure Project (CDP) နဲ႔ လာမယ့္ႏွစ္မွာ ပူးေပါင္းသြားမွာျဖစ္ပါတယ္။

As part of Samsung Electronics’ efforts to source renewable energy, solar panels have been installed in parts of Samsung Digital City, Suwon

Samsung ရဲ႕ ေဆြးေႏြးျပင္ဆင္ခ်က္မ်ားနဲ႔ ပတ္သက္လို႔ ေကာင္းမြန္တဲ့ တုံ႔ျပန္ခ်က္ ရရွိထားျဖစ္ၿပီး ကမာၻေျမ စိမ္းလန္းစိုေျပေရး Program တစ္ခုျဖစ္တဲ့ Greenpeace က Newsroom ကို အခုလို တုံ႔ျပန္ထားပါတယ္။

“ကမာၻ႔အႀကီးဆုံး Manufacturer တစ္ေယာက္ျဖစ္တဲ့ Samsung အေနနဲ႔ စြမ္းအင္သုံးစြဲမႈ ေလ်ာ့ခ်ပစ္ႏိုင္တာ တကယ့္ကို အေရးႀကီးတဲ့ အခ်က္ပါ။ ဒီလိုေလ်ာ့ခ်ႏိုင္တဲ အတြက္ေၾကာင့္ သတၱဳတြင္းထြက္ ႏိုင္ငံေတြျဖစ္တဲ့ တ႐ုတ္နဲ႔ ေတာင္ကိုးရီးယားႏိုင္ငံေတြရဲ႕ ေက်ာက္ျဖစ္႐ုပ္ႂကြင္းစြမ္းအင္ ျပဳန္းတီးမႈက ကာကြယ္ႏိုင္မွာ ျဖစ္ပါတယ္။”

Samsung Electronics ရဲ႕ လက္ေထာက္ ဥကၠဌ တစ္ျဖစ္လည္း Global Public Affairs ဥကၠဌ ျဖစ္သူ “Won Kyong Kim” အေနနဲ႔ ဆက္လက္ ေဆာင္႐ြက္မယ့္ အစီအစဥ္မ်ားကို အခုလို ေျပာၾကားခဲ့ပါတယ္။

“Samsung အေနနဲ႔ လူေနမႈ အဆင့္တန္း ျမင့္မားေရးနဲ႔ ေဂဟစနစ္အတြက္ လူသားေတြရဲ႕ လိုအပ္ခ်က္ကို စတင္ ျဖည့္ဆည္းေနၿပီ ျဖစ္ပါတယ္။ ကြၽန္ေတာ္တို႔ အခုလို သ႐ုပ္ျပခ်က္အတိုင္း ကမာၻေျမကို ကာကြယ္ဖို႔ ေဆာင္႐ြက္သြားမွာျဖစ္ၿပီး ေဂဟစနစ္ ေကာင္းမြန္ေရးအတြက္ မိမိတို႔တတ္ႏိုင္တဲ့ အပိုင္းမွာ အေကာင္းဆုံး ေဆာင္႐ြက္သြားမွာ ျဖစ္ပါတယ္။”

World Wildlife Fund ရဲ႕ Partnership Director ျဖစ္သူ “Jochem Verberne” ကလည္း “အခုလို Renewable Energy ကို ကမာၻတစ္ဝန္းမွာ ရွိတဲ့ Samsung စက္႐ုံမွာ အသုံးျပဳသြားဖို႔ ႀကိဳးပမ္းအားထုတ္မႈကို ေႏြးေထြးစြာ ႀကိဳဆိုပါတယ္။ ဒါဟာ ကြၽန္ေတာ္တို႔အတြက္ အေရးပါတဲ့ ပထမဦးဆုံး အခ်က္ျဖစ္ၿပီး Renewable Energy နဲ႔ ထုတ္လုပ္မယ့္ ကုန္ၾကမ္းပစၥည္း လည္ပတ္မႈအေပၚ သက္ေရာက္လာမယ့္ အခ်က္ေတြ တိုင္းတာဖို႔ Samsung နဲ႔ အတူတကြ လုပ္ေဆာင္သြားမွာ ျဖစ္တယ္လို႔ ေျပာၾကားခဲ့ပါတယ္။

Kyaw Zaw (Akhayar)

www.akhayar.com

Ref: The Verge, Samsung

Facebook လူမႈကြန္ရက္ေပၚတြင္တင္ဆက္ေနသည့္ စာမ်က္ႏွာမ်ားတြင္ အခရာမွတင္ဆက္ထားသည့္ ေဆာင္းပါးမ်ား၊ သတင္းမ်ားကို ခြင့္ျပဳခ်က္ တစ္စုံတစ္ရာ ရယူထားျခင္းမရွိဘဲ စီးပြားျဖစ္ ကူးယူသုံးစြဲေနသည္မ်ားကို ေတြ႕ရွိေနရပါသည္။ အခရာစာမ်က္ႏွာအား တစ္ဦးတစ္ေယာက္ခ်င္း ေဝမွ်သည္ကို အသိအမွတ္ျပဳေက်းဇူးတင္ေသာ္လည္း စီပြားျဖစ္တည္ေထာင္ထားသည့္ စာမ်က္ႏွာမ်ား၊ ဝက္ဘ္ဆိုက္မ်ားတြင္ ကူးယူတင္ဆက္ေနသည္မ်ားကိုမူ ျပင္းထန္စြာကန႔္ကြက္ပါသည္။ သို႔ျဖစ္ပါ၍ အခရာမီဒီယာမွတင္ဆက္ေနသည့္ အေၾကာင္းအရာမ်ားထဲမွ စာသားအခ်ိဳ႕ကိုျဖစ္ေစ ၊ အပုဒ္လိုက္ျဖစ္ေစ ၊ တစ္ပိုဒ္ျခင္းျဖစ္ေစ ကူးယူသုံးစြဲျခင္းမျပဳရန္ႏွင့္ ဆက္လက္ျပဳလုပ္ပါက ခိုးယူသုံးစြဲေနသည့္ စာမ်က္ႏွာမ်ားကို အမည္ႏွင့္တကြ အမ်ားသိေစရန္ေၾကညာသြားမည္ျဖစ္ၿပီး ဥပေဒအရ အေရးယူမည္ျဖစ္ေၾကာင္း သတိေပးေၾကညာအပ္ပါသည္။

[Unicode]

2020 ကစပြီး 100% Renewable Energy သုံးတော့မယ့် Samsung

Samsung Electronics အနေနဲ့ Renewable Energy (ပြန်လည် အသုံးချနိုင်တဲ့ စွမ်းအင်) အသုံးပြုရေး ဆွေးနွေးလျာထားချက်များကို မနေ့က ပြုလုပ်ခဲ့တဲ့ Samsung Newsroom မှာ ဖော်ပြခဲ့တယ်လို့ သိရပါတယ်။ ဒီ အစီအစဥ်မှာ 100% စွမ်းအင် ပြန်လည် အသုံးချနိုင်တဲ့ စက်ရုံများကို လာမယ့် 2020 မှာ အမေရိက၊ ဥရောပနဲ့ တရုတ်တစ်ခွင် တည်ဆောက်သွားမှာ ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။ လက်ရှိ ဆွေးနွေးချက်မှာတော့ Renewable Energy အတွက် စွမ်းအင်ချွေတာနိုင်မယ့် နည်းပညာ၊ စွမ်းအင်သုံးစွဲမှုကြောင့် ထွက်ရှိလာမယ့် Operational Emissions နည်းပါးရေး နည်းပညာများ ပါဝင်မယ်လို့ သိရပါတယ်။

Samsung အနေနဲ့ ပတ်ဝန်းကျင်ဂေဟစနစ် ကာကွယ်ရေး Greenpeace Campaign မှာ ပါဝင်လာပြီ ဖြစ်ပေမယ့် Apple နဲ့ Google တို့ဟာ လေအားနဲ့ နေရောင်ခြည် စွမ်းအင်သုံး Green Products များ ဝယ်ယူခဲ့ပြီး ပြီးခဲ့တဲ့နှစ် April လ ကတည်းက Renewable Energy စတင် အသုံးပြုနေပြီ ဖြစ်ပါတယ်။ လက်ရှိအခြေအနေမှာ ကမ္ဘာတစ်ဝန်းမှာရှိတဲ့ Samsung စက်ရုံ 17 ရုံကိုသာ 100% Renewable Energy Upgrade ပြုလုပ်သွားမှာဖြစ်ပြီး အစ္စရေး၊ အိန္ဒိယ၊ စင်္ကာပူနဲ့ ဂျပန်မှာ ရှိနေတဲ့ စက်ရုံများကို ဖော်ပြထားခြင်းမရှိပါဘူး။

Rooftop solar panels on the Samsung Advanced Institute of Technology site in Samsung Digital City, Suwon, installed in 2013

ဆက်လက်ပြီး ကိုးရီးယားနိုင်ငံရဲ့ Renewable Energy ထောက်ပံ့သွားဖို့ လျာထားချက် အနေနဲ့ လာမယ့် 2030 မှာ နိုင်ငံရဲ့ စွမ်းအင် ချွေတာသုံးစွဲမှု 20% အထိ တိုးမြှင့်သွားနိုင်ဖို့ Samsung အနေနဲ့ စတင် ဆောင်ရွက်နေပြီဖြစ်ပါတယ်။ 2018 ခုနှစ်ရဲ့ အစောပိုင်း ကာလမှာတင် ဧရိယာ 42000㎡ အကျယ်အဝန်းရှိ Solar Panel တွေကို Suwon မြို့တော်ရဲ့ Samsung Digital City တိုးချဲ့ တည်ဆောက်နေပြီ ဖြစ်ပါတယ်။ လာမယ့် 2019 နဲ့ 2020 မှာ ဧက 21,000㎡ ရှိတဲ့ Solar Arrays တွေနဲ့ Geothermal Power Generation Facilities များကို Pyeongtaek Campus နဲ့ Hwaseong Campus မှာ တည်ဆောက်သွားမှာဖြစ်တယ်လို့ သိရပါတယ်။

အခုလို Renewable Energy သုံးစွဲဖို့ Samsung အနေနဲ့ ကြိုတင်လျာထားချက်ဟာ လက်ရှိ ကမ္ဘာ့စံနှုန်းအရ 3.1 GW (Giga Watt) [3.1 GW = 3100000000 W] စွမ်းအင် ထုတ်ပေးနေတဲ့ Solar Plant စံနှုန်းကို 2020 ခုနှစ်မှာ အမှီလိုက်နိုင်မှာ ဖြစ်တယ်လို့ သိရပါတယ်။ ဒီစွမ်းအင် ပမာဏဟာ ကိုးရီးယားနိုင်ငံရဲ့ လူ ၄ ယောက်နေထိုင်တဲ့ အိမ်မှာ အသုံးပြုနေတဲ့ လျှပ်စစ်ပစ္စည်းပေါင်း 115,000 ရဲ့ စွမ်းအင်သုံးစွဲမှု ပမာဏနဲ့ ညီမျှမှာ ဖြစ်တယ်လို့ သိရပါတယ်။ Samsung Electronics အနေနဲ့ Renewable Energy နဲ့ ထုတ်လုပ်လာမယ့် ကုန်ကြမ်းလည်ပတ်မှု အခြေအနေ ဆက်လက် ထိန်းသိမ်းထားနိုင်ဖို့ Carbon Disclosure Project (CDP) နဲ့ လာမယ့်နှစ်မှာ ပူးပေါင်းသွားမှာဖြစ်ပါတယ်။

As part of Samsung Electronics’ efforts to source renewable energy, solar panels have been installed in parts of Samsung Digital City, Suwon

Samsung ရဲ့ ဆွေးနွေးပြင်ဆင်ချက်များနဲ့ ပတ်သက်လို့ ကောင်းမွန်တဲ့ တုံ့ပြန်ချက် ရရှိထားဖြစ်ပြီး ကမ္ဘာမြေ စိမ်းလန်းစိုပြေရေး Program တစ်ခုဖြစ်တဲ့ Greenpeace က Newsroom ကို အခုလို တုံ့ပြန်ထားပါတယ်။

“ကမ္ဘာ့အကြီးဆုံး Manufacturer တစ်ယောက်ဖြစ်တဲ့ Samsung အနေနဲ့ စွမ်းအင်သုံးစွဲမှု လျော့ချပစ်နိုင်တာ တကယ့်ကို အရေးကြီးတဲ့ အချက်ပါ။ ဒီလိုလျော့ချနိုင်တဲ အတွက်ကြောင့် သတ္တုတွင်းထွက် နိုင်ငံတွေဖြစ်တဲ့ တရုတ်နဲ့ တောင်ကိုးရီးယားနိုင်ငံတွေရဲ့ ကျောက်ဖြစ်ရုပ်ကြွင်းစွမ်းအင် ပြုန်းတီးမှုက ကာကွယ်နိုင်မှာ ဖြစ်ပါတယ်။”

Samsung Electronics ရဲ့ လက်ထောက် ဥက္ကဌ တစ်ဖြစ်လည်း Global Public Affairs ဥက္ကဌ ဖြစ်သူ “Won Kyong Kim” အနေနဲ့ ဆက်လက် ဆောင်ရွက်မယ့် အစီအစဥ်များကို အခုလို ပြောကြားခဲ့ပါတယ်။

“Samsung အနေနဲ့ လူနေမှု အဆင့်တန်း မြင့်မားရေးနဲ့ ဂေဟစနစ်အတွက် လူသားတွေရဲ့ လိုအပ်ချက်ကို စတင် ဖြည့်ဆည်းနေပြီ ဖြစ်ပါတယ်။ ကျွန်တော်တို့ အခုလို သရုပ်ပြချက်အတိုင်း ကမ္ဘာမြေကို ကာကွယ်ဖို့ ဆောင်ရွက်သွားမှာဖြစ်ပြီး ဂေဟစနစ် ကောင်းမွန်ရေးအတွက် မိမိတို့တတ်နိုင်တဲ့ အပိုင်းမှာ အကောင်းဆုံး ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။”

World Wildlife Fund ရဲ့ Partnership Director ဖြစ်သူ “Jochem Verberne” ကလည်း “အခုလို Renewable Energy ကို ကမ္ဘာတစ်ဝန်းမှာ ရှိတဲ့ Samsung စက်ရုံမှာ အသုံးပြုသွားဖို့ ကြိုးပမ်းအားထုတ်မှုကို နွေးထွေးစွာ ကြိုဆိုပါတယ်။ ဒါဟာ ကျွန်တော်တို့အတွက် အရေးပါတဲ့ ပထမဦးဆုံး အချက်ဖြစ်ပြီး Renewable Energy နဲ့ ထုတ်လုပ်မယ့် ကုန်ကြမ်းပစ္စည်း လည်ပတ်မှုအပေါ် သက်ရောက်လာမယ့် အချက်တွေ တိုင်းတာဖို့ Samsung နဲ့ အတူတကွ လုပ်ဆောင်သွားမှာ ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

Kyaw Zaw (Akhayar)

www.akhayar.com

Ref: The Verge, Samsung

Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။