[Zawgyi]

Apple Pay ဝန္ေဆာင္မႈကို ပထမဆုံးအၾကိမ္ ေက်ာ္တက္သြားခဲ့တဲ့ Samsung Pay

လြန္ခဲ့တဲ့ ၃ ႏွစ္တုန္းကမွ စတင္ခဲ့တဲ့ Samsung Pay ဝန္ေဆာင္မႈဟာ Apple Pay ဝန္ေဆာင္မႈကို ပထမဆုံးၾကိမ္ ေက်ာ္တက္သြားခဲ့ျပီလို႔ Samsung ေၾကညာလိုက္ပါတယ္။ ဒုတိယ သုံးလပတ္ ကာလေတြမွာ Transaction ေပါင္း ၁.၃ ဘီလီယံ ရရွိခဲ့တဲ့ Samsung Pay ဟာ Transaction ေပါင္း ၁ ဘီလီယံနဲ႔ ရပ္တည္ေနခဲ့ရတဲ့ Apple Pay ထက္ ၀.၃ ဘီလီယံ ပိုမ်ားေနခဲ့လို႔ Samsung Pay ဝန္ေဆာင္မႈ ပိုအာင္ျမင္ေနတယ္ဆိုတာ သိရတာပါ။

Samsung Pay

လက္ရွိအခ်ိန္မွာ ကမာၻ႔ေစ်းကြက္ၾကီး ၂၄ ခုကို လႊမ္းမိုးထားႏိုင္ျပီး ေတာင္အာဖရိကတိုက္မွာပါ Samsung Pay ဝန္ေဆာင္မႈကို ျပီးခဲ့တဲ့ ဇူလိုင္လက စတင္ေပးတဲ့အထိ ေစ်းကြက္ခ်ဲ႕ထြင္ေနပါျပီ။ Apple Pay ကေတာ့ သူ႔ဝန္ေဆာင္မႈ Samsung ေလာက္ မမ်ားေသးတာ တစ္က႑၊ Isle of Man နဲ႔ San Marino လို အက်ိဳးျမတ္ နည္းနည္းပဲရတဲ့ ေဒသေတြေၾကာင့္ အခုလို နည္းပါးခဲ့ရတာလို႔ သိရပါတယ္။

Apple Pay via Apple watch & NFC

ေနာက္တခ်က္က Apple Pay လို ဝန္ေဆာင္မႈဟာ NFC Payment စနစ္ သုံးထားတာမလို႔  Samsung နဲ႔ ယွဥ္လိုက္ရင္ နည္းပညာပိုင္း ပိုအားနည္းတယ္လို႔ ဆိုရပါမယ္။ Apple အေနနဲ႔ ေစ်းကြက္ေပါင္း ၂၉ ခု ပိုင္ဆိုင္ထားေပမယ့္ Samsung Pay လို Banking Card အေနနဲ႔ အသုံးျပဳလို႔ မရတဲ့အခ်က္နဲ႔ NFC ဝန္ေဆာင္မႈ မရွိရင္ေတာင္ iPhone ၊ Apple Watch နဲ႔ ေပးေခ်လို႔ မရတဲ့ အခ်က္ေတြက  နည္းပညာပိုင္းမွာ Samsung ေနာက္ က်န္ရစ္ေနခဲ့ျပီလို႔ ဆိုရမယ္ထင္ပါတယ္။

2B (Akhayar)

www.akhayar.com

[Unicode]

Apple Pay ဝန်ဆောင်မှုကို ပထမဆုံးအကြိမ် ကျော်တက်သွားခဲ့တဲ့ Samsung Pay

လွန်ခဲ့တဲ့ ၃ နှစ်တုန်းကမှ စတင်ခဲ့တဲ့ Samsung Pay ဝန်ဆောင်မှုဟာ Apple Pay ဝန်ဆောင်မှုကို ပထမဆုံးကြိမ် ကျော်တက်သွားခဲ့ပြီလို့ Samsung ကြေညာလိုက်ပါတယ်။ ဒုတိယ သုံးလပတ် ကာလတွေမှာ Transaction ပေါင်း ၁.၃ ဘီလီယံ ရရှိခဲ့တဲ့ Samsung Pay ဟာ Transaction ပေါင်း ၁ ဘီလီယံနဲ့ ရပ်တည်နေခဲ့ရတဲ့ Apple Pay ထက် ဝ.၃ ဘီလီယံ ပိုများနေခဲ့လို့ Samsung Pay ဝန်ဆောင်မှု ပိုအာင်မြင်နေတယ်ဆိုတာ သိရတာပါ။

Samsung Pay

လက်ရှိအချိန်မှာ ကမ္ဘာ့ဈေးကွက်ကြီး ၂၄ ခုကို လွှမ်းမိုးထားနိုင်ပြီး တောင်အာဖရိကတိုက်မှာပါ Samsung Pay ဝန်ဆောင်မှုကို ပြီးခဲ့တဲ့ ဇူလိုင်လက စတင်ပေးတဲ့အထိ ဈေးကွက်ချဲ့ထွင်နေပါပြီ။ Apple Pay ကတော့ သူ့ဝန်ဆောင်မှု Samsung လောက် မများသေးတာ တစ်ကဏ္ဍ၊ Isle of Man နဲ့ San Marino လို အကျိုးမြတ် နည်းနည်းပဲရတဲ့ ဒေသတွေကြောင့် အခုလို နည်းပါးခဲ့ရတာလို့ သိရပါတယ်။

Apple Pay via Apple watch & NFC

နောက်တချက်က Apple Pay လို ဝန်ဆောင်မှုဟာ NFC Payment စနစ် သုံးထားတာမလို့  Samsung နဲ့ ယှဉ်လိုက်ရင် နည်းပညာပိုင်း ပိုအားနည်းတယ်လို့ ဆိုရပါမယ်။ Apple အနေနဲ့ ဈေးကွက်ပေါင်း ၂၉ ခု ပိုင်ဆိုင်ထားပေမယ့် Samsung Pay လို Banking Card အနေနဲ့ အသုံးပြုလို့ မရတဲ့အချက်နဲ့ NFC ဝန်ဆောင်မှု မရှိရင်တောင် iPhone ၊ Apple Watch နဲ့ ပေးချေလို့ မရတဲ့ အချက်တွေက  နည်းပညာပိုင်းမှာ Samsung နောက် ကျန်ရစ်နေခဲ့ပြီလို့ ဆိုရမယ်ထင်ပါတယ်။

2B (Akhayar)

www.akhayar.com