[Zawgyi]

ေဒၚလာ ၁၄ သန္းတန္ Samsung ရဲ Bendable OLED နည္းပညာ ခိုးယူေရာင္းခ်ခံရ

လက္ရွိအခ်ိန္ နည္းပညာလက္ဦးမႈရရွိထားတဲ့ Samsung ကေတာ့ Foldable Smartphone နဲ႔ ေမာၾကြားေနတာ သိျပီးသားျဖစ္ၾကမွာပါ။ ျပိဳင္ဖက္စမတ္ဖုန္းကုမၸဏီေတြ Galaxy Flexible လို ေခါက္ခ်ိဳးစမတ္ဖုန္း ထုတ္ႏိုင္ဖို႔ၾကိဳးစားေနခ်ိန္ မထင္မွတ္ထားတဲ့ အျဖစ္ပ်က္နဲ႔ ရင္ဆိုင္လိုက္ရတဲ့ Samsung ကေတာ့ မခ်ိတင္ကဲျဖစ္၊ စိတ္ထဲမွာ တစ္ခုခုေတာ့ၾကိတ္ၾကံမိေနမွာ အေသခ်ာပါပဲ။

Galaxy Flexible Smartphone

ဘာလို႔လဲဆိုေတာ့ ျဖစ္သြားတဲ့ လိမ္လည္၊ ခိုးယူမႈကလည္း သူ႔ Supplier ေၾကာင့္ဆိုေတာ့ ခံျပင္းစရာ၊ ဒါမယ့္ကိုယ့္ေဖာက္သည္မလို႔ ယံုၾကည္ရခက္၊ အားကိုးရခက္ျဖစ္စရာေကာင္းေပမယ့္လို႔ ၁၄ သန္းတန္ နည္းပညာခိုးယူျပီး တဆင့္ျပန္ေရာင္းဖို႔ ၾကံစည္တာကေတာ့ တကယ့္လူမဆန္တဲ့ လုပ္ရပ္ပါပဲ။

Bendable OLED Panel

အာဏာပိုင္ေတြက နာမည္ထုတ္မေျပာထားေပမယ့္ လူ ၉ ေယာက္နဲ႔ ကုမၸဏီ ၂ ခုပါဝင္တယ္ဆိုပါတယ္၊ အဲ့ဒီထဲက တရုတ္ Supplier ၂ ေယာက္ဟာ နည္းပညာမူပိုင္ခြင့္၊ ေရာင္းခ်ပိုင္ခြင့္နဲ႔ ပတ္သက္လို႔ Samsung ခြင့္ျပဳခ်က္ တစ္စုံတရာမပါရွိဘဲ တရုတ္ကုမၸဏီတစ္ခုဆီ လႊဲေျပာင္းခဲ့တယ္ဆိုပါတယ္။ ခိုးယူခံရတဲ့ အခ်က္လက္အမ်ားစုဟာ Bendable OLED နဲ႔ 3D Lamination နည္းပညာျဖစ္ျပီး တရုတ္လက္ဝယ္အတြင္း ၂ ၾကိမ္ လႊဲေျပာင္းခံခဲ့ရတယ္ဆိုပါတယ္။

Bendable OLED Panel

ဒုတိယအသုတ္ တရုတ္လက္ထဲ ေရာင္းခ်မယ့္အခ်ိန္ တရားခံေတြကို ပစၥည္းသက္ေသနဲ႔အတူ ဖမ္းဆီးရမိခဲ့ျပီး စည္းကမ္းခ်ိဳးေဖာက္တဲ့ ကုမၸဏီ CEO ၊ တာဝန္ခံပုဂၢိဳလ္ေတြနဲ႔ ၾကံရာပါေတြကေတာ့ အေျခေနမေကာင္းႏိုင္ဘူးထင္ပါတယ္။ ခိုးမႈ၊ ပူးေပါင္းၾကံစည္မႈ၊ ေရာင္းဝယ္ေဖာက္ကားမႈနဲ႔ စတဲ့ စြပ္စြဲခ်က္ေတြနဲ႔ တရားရင္ဆိုင္ရဖြယ္ရွိေနျပီး ေျပာေရးဆိုခြင့္ရွိသူက အခုလိုခိုးယူခံရတာ Samsung အေနနဲ႔ ပထမဆုံးအၾကိမ္ ၾကဳံေတြ႔ရျခင္း မဟုတ္ဘူးလို႔ သိရပါတယ္။

2B (akhayar)
www.akhayar.com

[Unicode]

ဒေါ်လာ ၁၄ သန်းတန် Samsung ရဲ Bendable OLED နည်းပညာ ခိုးယူရောင်းချခံရ

လက်ရှိအချိန် နည်းပညာလက်ဦးမှုရရှိထားတဲ့ Samsung ကတော့ Foldable Smartphone နဲ့ မောကြွားနေတာ သိပြီးသားဖြစ်ကြမှာပါ။ ပြိုင်ဖက်စမတ်ဖုန်းကုမ္ပဏီတွေ Galaxy Flexible လို ခေါက်ချိုးစမတ်ဖုန်း ထုတ်နိုင်ဖို့ကြိုးစားနေချိန် မထင်မှတ်ထားတဲ့ အဖြစ်ပျက်နဲ့ ရင်ဆိုင်လိုက်ရတဲ့ Samsung ကတော့ မချိတင်ကဲဖြစ်၊ စိတ်ထဲမှာ တစ်ခုခုတော့ကြိတ်ကြံမိနေမှာ အသေချာပါပဲ။

Galaxy Flexible Smartphone

ဘာလို့လဲဆိုတော့ ဖြစ်သွားတဲ့ လိမ်လည်၊ ခိုးယူမှုကလည်း သူ့ Supplier ကြောင့်ဆိုတော့ ခံပြင်းစရာ၊ ဒါမယ့်ကိုယ့်ဖောက်သည်မလို့ ယုံကြည်ရခက်၊ အားကိုးရခက်ဖြစ်စရာကောင်းပေမယ့်လို့ ၁၄ သန်းတန် နည်းပညာခိုးယူပြီး တဆင့်ပြန်ရောင်းဖို့ ကြံစည်တာကတော့ တကယ့်လူမဆန်တဲ့ လုပ်ရပ်ပါပဲ။

Bendable OLED Panel

အာဏာပိုင်တွေက နာမည်ထုတ်မပြောထားပေမယ့် လူ ၉ ယောက်နဲ့ ကုမ္ပဏီ ၂ ခုပါဝင်တယ်ဆိုပါတယ်၊ အဲ့ဒီထဲက တရုတ် Supplier ၂ ယောက်ဟာ နည်းပညာမူပိုင်ခွင့်၊ ရောင်းချပိုင်ခွင့်နဲ့ ပတ်သက်လို့ Samsung ခွင့်ပြုချက် တစ်စုံတရာမပါရှိဘဲ တရုတ်ကုမ္ပဏီတစ်ခုဆီ လွှဲပြောင်းခဲ့တယ်ဆိုပါတယ်။ ခိုးယူခံရတဲ့ အချက်လက်အများစုဟာ Bendable OLED နဲ့ 3D Lamination နည်းပညာဖြစ်ပြီး တရုတ်လက်ဝယ်အတွင်း ၂ ကြိမ် လွှဲပြောင်းခံခဲ့ရတယ်ဆိုပါတယ်။

Bendable OLED Panel

ဒုတိယအသုတ် တရုတ်လက်ထဲ ရောင်းချမယ့်အချိန် တရားခံတွေကို ပစ္စည်းသက်သေနဲ့အတူ ဖမ်းဆီးရမိခဲ့ပြီး စည်းကမ်းချိုးဖောက်တဲ့ ကုမ္ပဏီ CEO ၊ တာဝန်ခံပုဂ္ဂိုလ်တွေနဲ့ ကြံရာပါတွေကတော့ အခြေနေမကောင်းနိုင်ဘူးထင်ပါတယ်။ ခိုးမှု၊ ပူးပေါင်းကြံစည်မှု၊ ရောင်းဝယ်ဖောက်ကားမှုနဲ့ စတဲ့ စွပ်စွဲချက်တွေနဲ့ တရားရင်ဆိုင်ရဖွယ်ရှိနေပြီး ပြောရေးဆိုခွင့်ရှိသူက အခုလိုခိုးယူခံရတာ Samsung အနေနဲ့ ပထမဆုံးအကြိမ် ကြုံတွေ့ရခြင်း မဟုတ်ဘူးလို့ သိရပါတယ်။

2B (akhayar)
www.akhayar.com