Samsung ရဲ့ Mid Range စမတ်ဖုန်းတွေက ပုံမှန်အားဖြင့် J Series နဲ့ On Series ဆိုပြီး ထွက်ရှိထားတာဖြစ်ပါတယ်။ အဲ့ဒီအပေါ်မှာမှ ပိုပြီးကောင်းတဲ့ A Series ဖုန်းတွေကို မိတ်ဆက်နေကြပါ။ ဒါပေမယ့် အခုအချိန်မှာတော့ Samsung က သူရဲ့ Galaxy J Series ဖုန်းတွေ ဆက်ရှိနေမှာမဟုတ်တော့ဘူးလို့ တရားဝင်ကြေညာခဲ့ပါတယ်။

Samsung က ယခုသတင်းကို ၁ မိနစ်ကျော်ခန့် ကြာမြင့်တဲ့ Video တစ်ခုနဲ့ တင်ဆက်သွားခဲ့တာဖြစ်ပြီး ယခင်တုန်းက J Series ဖုန်းတွေဟာ Single Camera နဲ့ Design ပိုင်း Specs ပိုင်းအားနည်းခဲ့ပေမယ့် အခု A Series မှာတော့ ယခင်အားနည်းချက်တွေကို ပြန်လည်ပြင်ဆင်ခဲ့ပြီးဖြစ်တယ်ဆိုတာကို အဓိကပြသသွားခဲ့ပါတယ်။

Galaxy A Series

Samsung အနေနဲ့ ဒီနှစ်မှာ အောင်မြင်တဲ့ Galaxy A Series ဖုန်းတွေဖြစ်တဲ့ A30 နဲ့ A50 ဖုန်းတွေကို မိတ်ဆက်ခဲ့ပြီး AMOLED Display ကို အသုံးပြုပေးတာတွေ၊ USB-C Charging စနစ်တွေ စတဲ့လူအများကြိုက်နှစ်သက်တဲ့ Feature တွေကို Budget နဲ့ Mid Range Level ဈေးဝန်းကျင်မှာ ထည့်ပေးလာခဲ့တာဖြစ်ပါတယ်။ အဲ့ဒါကြောင့် ဒီနှစ်ထွက်လာတဲ့ Galaxy A Series စမတ်ဖုန်းတွေက ယခင်တုန်းကထွက်ထားဖူးတဲ့ Galaxy J Series တွေနဲ့ယှဉ်ရင် ဈေးနှုန်းအရ အများကြီးကွာမှာမဟုတ်ပေမယ့် စွမ်းဆောင်ရည်ပိုင်းပိုကောင်းလာမှာပါ။

Galaxy A Series

Samsung ကနေ အခုအချိန်မှာ A70 စမတ်ဖုန်းကို အမြင့်ဆုံး Galaxy A Series အနေနဲ့ မိတ်ဆက်ထားပြီးဖြစ်ပြီးတော့ မကြာခင်အချိန်အတွင်းမှာလည်း Snapdragon 855 ၊ Pop-up Selfie Camera ပါဝင်တဲ့ Galaxy A90 ဖုန်းကိုပါ မိတ်ဆက်သွားမယ်ဆိုပြီး သတင်းတွေထွက်ပေါ်နေတာပဲဖြစ်ပါတယ်။

Ref : Android Authority