Samsung က ထုတ္လုပ္တဲ့ Galaxy S Series ေတြနဲ႔ Galaxy Note Series လုိမ်ိဳး Flagship စမတ္ဖုန္းေတြဟာ အျမဲတမ္းလုိလုိ အေကာင္းဆံုးေသာ Android စမတ္ဖုန္းေတြအျဖစ္သတ္မွတ္ခံေနရတာျဖစ္ပါတယ္။ အခုလိုမ်ိဳး အရည္အေသြးျမင့္ စမတ္ဖုန္းေတြကို ထုတ္လုပ္ႏုိင္ေပမယ့္ Samsung ဟာ တစ္ေနရာမွာေတာ့ အားနည္းေနပါေသးတယ္။

Samsung Galaxy S9

ဒါကေတာ့ System Update အပိုင္းပဲျဖစ္ျပီးေတာ့ Samsung က ထုတ္သမွ်စမတ္ဖုန္းေတြဟာ တျခားေသာ စမတ္ဖုန္းေတြနဲ႔ယွဥ္မယ္ဆုိရင္ Android Update ရရွိတာ အလြန္ေႏွးေကြးေနတာပဲျဖစ္ပါတယ္။ ဒါက Mid Range ဖုန္းေတြတင္မဟုတ္ဘဲ Flagship ဖုန္းေတြမွာပါ ျဖစ္ေနတဲ့ကိစၥတစ္ခုပါ။

Samsung Galaxy S9

အခုလည္း Samsung ရဲ႕ အေစာဆံုး Android 9 Pie ကို Update ျပဳလုပ္ႏုိင္မယ့္ဖုန္းေတြျဖစ္တဲ့ Galaxy S9 နဲ႔ S9+ ဖုန္းေတြရဲ႕ Final Stable Android 9 Pie Update ရရွိမယ့္ေန႔က ေပါက္ၾကားလာခဲ့ပါတယ္။ အခုသတင္းအရ Samsung Galaxy S9 နဲ႔ S9+ ဖုန္းေတြက လာမယ့္ႏွစ္ ၂၀၁၉ ခုႏွစ္ ဇန္နဝါရီလဝန္းက်င္မွ Android 9 Pie Update ကို ျပဳလုပ္ႏုိင္ေတာ့မွာပါ။ မၾကာေသးမီကေတာ့ Android 9 Pie Update ကို Run ေနတဲ့ Galaxy S9 ကို Leak Video ေတြထြက္လာေပမယ့္ျဖစ္ႏုိင္တာတစ္ခုက Beta Version ေတြျဖစ္ႏုိင္ပါတယ္။

တကယ္သာ Samsung ရဲ႕ အေကာင္းဆံုး Flagship ဖုန္းေတြျဖစ္တဲ့ Galaxy S9 နဲ႔ S9+ ဖုန္းေတြက Android 9 Pie Update ကို ေနာက္ႏွစ္မွရမယ္ဆိုရင္ ေတာ္ေတာ္ေလးကို ေနာက္ၾကေနတာျဖစ္ျပီးေတာ့ Google Pixel ဖုန္းေတြဆိုရင္ ျပီးခဲ့တဲ့ ၾသဂုတ္လ နဲ႔ တျခား OnePlus 6 လုိဖုန္းေတြဆုိရင္လည္း စက္တင္ဘာလထဲက Update ျပဳလုပ္ေနႏုိင္တာျဖစ္ပါတယ္။ အဲ့ဒီအတြက္ Google က Android Update ထုတ္ေပးျပီး ၆ လေက်ာ္မွ Samsung Flagship ဖုန္းေတြ Update လုိက္လုပ္ႏိုင္တာက ထံုးစံတစ္ခုျဖစ္ေနပါျပီ။

Samsung Galaxy S9

Samsung ကေတာ့ အခု Android 9 Pie Update ဟာ ၾကီးမားတဲ့ေျပာင္းလဲမႈေတြရွိလာမွာျဖစ္ျပီး Gesture Navigation အသစ္၊ UI အသစ္နဲ႔ Adaptive Battery လုိ Feature ေတြ၊ Emoji အသစ္ေတြပါဝင္လာမယ္လုိ႔ ေျပာၾကားထားခဲ့ပါတယ္။

Ref : Phone Arena

Zawyè (Akhayar) 

www.akhayar.com

[UNICODE]

Samsung က ထုတ်လုပ်တဲ့ Galaxy S Series တွေနဲ့ Galaxy Note Series လိုမျိုး Flagship စမတ်ဖုန်းတွေဟာ အမြဲတမ်းလိုလို အကောင်းဆုံးသော Android စမတ်ဖုန်းတွေအဖြစ်သတ်မှတ်ခံနေရတာဖြစ်ပါတယ်။ အခုလိုမျိုး အရည်အသွေးမြင့် စမတ်ဖုန်းတွေကို ထုတ်လုပ်နိုင်ပေမယ့် Samsung ဟာ တစ်နေရာမှာတော့ အားနည်းနေပါသေးတယ်။

Samsung Galaxy S9

ဒါကတော့ System Update အပိုင်းပဲဖြစ်ပြီးတော့ Samsung က ထုတ်သမျှစမတ်ဖုန်းတွေဟာ တခြားသော စမတ်ဖုန်းတွေနဲ့ယှဉ်မယ်ဆိုရင် Android Update ရရှိတာ အလွန်နှေးကွေးနေတာပဲဖြစ်ပါတယ်။ ဒါက Mid Range ဖုန်းတွေတင်မဟုတ်ဘဲ Flagship ဖုန်းတွေမှာပါ ဖြစ်နေတဲ့ကိစ္စတစ်ခုပါ။

Samsung Galaxy S9

အခုလည်း Samsung ရဲ့ အစောဆုံး Android 9 Pie ကို Update ပြုလုပ်နိုင်မယ့်ဖုန်းတွေဖြစ်တဲ့ Galaxy S9 နဲ့ S9+ ဖုန်းတွေရဲ့ Final Stable Android 9 Pie Update ရရှိမယ့်နေ့က ပေါက်ကြားလာခဲ့ပါတယ်။ အခုသတင်းအရ Samsung Galaxy S9 နဲ့ S9+ ဖုန်းတွေက လာမယ့်နှစ် ၂၀၁၉ ခုနှစ် ဇန်နဝါရီလဝန်းကျင်မှ Android 9 Pie Update ကို ပြုလုပ်နိုင်တော့မှာပါ။ မကြာသေးမီကတော့ Android 9 Pie Update ကို Run နေတဲ့ Galaxy S9 ကို Leak Video တွေထွက်လာပေမယ့်ဖြစ်နိုင်တာတစ်ခုက Beta Version တွေဖြစ်နိုင်ပါတယ်။

တကယ်သာ Samsung ရဲ့ အကောင်းဆုံး Flagship ဖုန်းတွေဖြစ်တဲ့ Galaxy S9 နဲ့ S9+ ဖုန်းတွေက Android 9 Pie Update ကို နောက်နှစ်မှရမယ်ဆိုရင် တော်တော်လေးကို နောက်ကြနေတာဖြစ်ပြီးတော့ Google Pixel ဖုန်းတွေဆိုရင် ပြီးခဲ့တဲ့ သြဂုတ်လ နဲ့ တခြား OnePlus 6 လိုဖုန်းတွေဆိုရင်လည်း စက်တင်ဘာလထဲက Update ပြုလုပ်နေနိုင်တာဖြစ်ပါတယ်။ အဲ့ဒီအတွက် Google က Android Update ထုတ်ပေးပြီး ၆ လကျော်မှ Samsung Flagship ဖုန်းတွေ Update လိုက်လုပ်နိုင်တာက ထုံးစံတစ်ခုဖြစ်နေပါပြီ။

Samsung Galaxy S9

Samsung ကတော့ အခု Android 9 Pie Update ဟာ ကြီးမားတဲ့ပြောင်းလဲမှုတွေရှိလာမှာဖြစ်ပြီး Gesture Navigation အသစ်၊ UI အသစ်နဲ့ Adaptive Battery လို Feature တွေ၊ Emoji အသစ်တွေပါဝင်လာမယ်လို့ ပြောကြားထားခဲ့ပါတယ်။

Ref : Phone Arena

Zawyè (Akhayar) 

www.akhayar.com