Samsung ကေန ျပီးခဲ့တဲ့ Samsung Developer Conference မွာတုန္းက Android Version 9.0 Pie ကို အေျခခံထားတဲ့ One UI အသစ္ကို မိတ္ဆက္ေပးခဲ့ပါတယ္။ အဲ့ဒီအတြက္ Samsung ဖုန္းေတြမွာ Android 9 Pie ကို လာမယ့္ႏွစ္အေစာပိုင္းကေန စတင္ျပီးေတာ့ ရရွိေတာ့မယ္လုိ႔ ယူဆလုိ႔ရသြားပါတယ္။

Samsung One UI

ဒါေပမယ့္ လက္ရွိေနာက္ဆံုးသိရတဲ့သတင္းေတြအရ အခု Samsung ရဲ႕ Android 9 Pie Update ဟာ အသံုးျပဳသူေတြအေပၚကို မေကာင္းတဲ့အခ်က္ေနာက္တစ္ခုရွိမွာျဖစ္ပါတယ္။ ဒီအခ်က္ကေတာ့ Android 9 Pie ကို Update ျပဳလုပ္ျပီးျပီဆုိရင္ Free Theme ေတြကို အျမဲတမ္းအသံုးျပဳႏုိင္မွာမဟုတ္ေတာ့ဘဲ အခ်ိန္ ၁၄ ရက္ပဲ အသံုးျပဳႏုိင္မွာျဖစ္ပါတယ္။

ေလာေလာဆယ္မွာ Samsung ကေန အသံုးျပဳသူေတြကို အခုလုိမ်ိဳး Android 9 Pie Update ျပဳလုပ္ျပီးရင္ Free Theme ေတြကုိ ၁၄ ရက္ပဲ ေပးသံုးေတာ့မယ္ဆုိတဲ့ Notification ကို စတင္ေပးပို႔ေနျပီျဖစ္ျပီးေတာ့ Samsung ရဲ႕ ေျပာၾကားခ်က္အရေတာ့ Free Theme ေတြကို အသံုးျပဳေနတုန္းဆုိရင္ ၂၄ နာရီအၾကာမွာ ပထမ Notification နဲ႔ ေျပာမွာျဖစ္ျပီးေတာ့ ၁၄ ရက္ေန႔ျပည့္ဖုိ႔ ၁၀ မိနစ္အလုိမွာ ဒုတိယေျမာက္ Notification နဲ႔ သတိေပးမွာျဖစ္ျပီး နဂိုမူလ Theme ကို ျပန္ေျပာင္းသြားမွာျဖစ္ပါတယ္။

Samsung ကေတာ့ အခုလုိမ်ိဳး Free Theme ေတြကို အခ်ိန္အကန္႔အသတ္နဲ႔ပဲ ေပးသံုးတာက Theme Designer ေတြကို ပိုျပီး အရည္အေသြးေကာင္းတဲ့ Theme ေတြအေပၚကိုပဲ အာရုံစုိက္ေစဖုိ႔နဲ႔ ေကာင္းမြန္တဲ့ Theme ေတြကိုပဲ သံုးစြဲသူေတြအတြက္ သံုးေစခ်င္တာေၾကာင့္လုိ႔ေျပာၾကားခဲ့ပါတယ္။ အဲ့ဒီအတြက္ အဓိပၸါယ္ကေတာ့ Samsung ဖုန္းေတြမွာ Theme ေတြအသံုးျပဳခ်င္တယ္ဆုိရင္ Premium Theme ေတြကို မဝယ္မေနရပံုစံမ်ိဳး ဝယ္ယူရေတာ့မယ့္ပံုပါပဲ။

Samsung Theme

ဘာပဲျဖစ္ျဖစ္ လက္ရွိအခ်ိန္မွာ Samsung ရဲ႕ UI ကို ၾကိဳက္ႏွစ္သက္တဲ့သူအမ်ားစုက အလြယ္တကူရရွိႏုိင္တဲ့ Theme ေတြေၾကာင့္လည္း ပါဝင္တဲ့အတြက္ ဒီ Samsung ရဲ႕ ဆံုးျဖတ္ခ်က္က အသံုးျပဳသူေတြကို စိတ္ပ်က္ေစႏုိင္မလားဆုိတာကေတာ့ ေစာင့္ၾကည့္ရမွာပါ။

Ref : The Verge

Zawyè (Akhayar) 

www.akhayar.com

[UNICODE]

Samsung ကနေ ပြီးခဲ့တဲ့ Samsung Developer Conference မှာတုန်းက Android Version 9.0 Pie ကို အခြေခံထားတဲ့ One UI အသစ်ကို မိတ်ဆက်ပေးခဲ့ပါတယ်။ အဲ့ဒီအတွက် Samsung ဖုန်းတွေမှာ Android 9 Pie ကို လာမယ့်နှစ်အစောပိုင်းကနေ စတင်ပြီးတော့ ရရှိတော့မယ်လို့ ယူဆလို့ရသွားပါတယ်။

Samsung One UI

ဒါပေမယ့် လက်ရှိနောက်ဆုံးသိရတဲ့သတင်းတွေအရ အခု Samsung ရဲ့ Android 9 Pie Update ဟာ အသုံးပြုသူတွေအပေါ်ကို မကောင်းတဲ့အချက်နောက်တစ်ခုရှိမှာဖြစ်ပါတယ်။ ဒီအချက်ကတော့ Android 9 Pie ကို Update ပြုလုပ်ပြီးပြီဆိုရင် Free Theme တွေကို အမြဲတမ်းအသုံးပြုနိုင်မှာမဟုတ်တော့ဘဲ အချိန် ၁၄ ရက်ပဲ အသုံးပြုနိုင်မှာဖြစ်ပါတယ်။

လောလောဆယ်မှာ Samsung ကနေ အသုံးပြုသူတွေကို အခုလိုမျိုး Android 9 Pie Update ပြုလုပ်ပြီးရင် Free Theme တွေကို ၁၄ ရက်ပဲ ပေးသုံးတော့မယ်ဆိုတဲ့ Notification ကို စတင်ပေးပို့နေပြီဖြစ်ပြီးတော့ Samsung ရဲ့ ပြောကြားချက်အရတော့ Free Theme တွေကို အသုံးပြုနေတုန်းဆိုရင် ၂၄ နာရီအကြာမှာ ပထမ Notification နဲ့ ပြောမှာဖြစ်ပြီးတော့ ၁၄ ရက်နေ့ပြည့်ဖို့ ၁၀ မိနစ်အလိုမှာ ဒုတိယမြောက် Notification နဲ့ သတိပေးမှာဖြစ်ပြီး နဂိုမူလ Theme ကို ပြန်ပြောင်းသွားမှာဖြစ်ပါတယ်။

Samsung ကတော့ အခုလိုမျိုး Free Theme တွေကို အချိန်အကန့်အသတ်နဲ့ပဲ ပေးသုံးတာက Theme Designer တွေကို ပိုပြီး အရည်အသွေးကောင်းတဲ့ Theme တွေအပေါ်ကိုပဲ အာရုံစိုက်စေဖို့နဲ့ ကောင်းမွန်တဲ့ Theme တွေကိုပဲ သုံးစွဲသူတွေအတွက် သုံးစေချင်တာကြောင့်လို့ပြောကြားခဲ့ပါတယ်။ အဲ့ဒီအတွက် အဓိပ္ပါယ်ကတော့ Samsung ဖုန်းတွေမှာ Theme တွေအသုံးပြုချင်တယ်ဆိုရင် Premium Theme တွေကို မဝယ်မနေရပုံစံမျိုး ဝယ်ယူရတော့မယ့်ပုံပါပဲ။

Samsung Theme

ဘာပဲဖြစ်ဖြစ် လက်ရှိအချိန်မှာ Samsung ရဲ့ UI ကို ကြိုက်နှစ်သက်တဲ့သူအများစုက အလွယ်တကူရရှိနိုင်တဲ့ Theme တွေကြောင့်လည်း ပါဝင်တဲ့အတွက် ဒီ Samsung ရဲ့ ဆုံးဖြတ်ချက်က အသုံးပြုသူတွေကို စိတ်ပျက်စေနိုင်မလားဆိုတာကတော့ စောင့်ကြည့်ရမှာပါ။

Ref : The Verge

Zawyè (Akhayar) 

www.akhayar.com