[Zawgyi]



X5 Portable SSD








2B (Akhayar)

www.akhayar.com


[Unicode]

Samsung မိတ်ဆက်လိုက်တဲ့ Portable SSD က အမြန်ဆုံး ဖြစ်လာခဲ့ပြီလား

Samsung ကတော့ SSD မျိုးစုံထုတ်တာ အားမရသေးလို့ Portable Hard Disk နေရာမှာ SSD နဲ့ အစားထိုးချင်နေပြီ ထင်ပါတယ်။ ဈေးကွက်ထဲမှာ Performance အသင့်တင့် Portable SSD ရောင်းနေပြီဆိုမယ့် ဘယ်သူမှ Samsung လောက် မစွာနိုင်သေးပါဘူး။ ကမ္ဘာ့အကြီးဆုံး Memory ထုတ်လုပ်သူဖြစ်တဲ့အလျှောက် လတ်တလော Popular ဖြစ်လာတဲ့ Portable SSD တိုက်ပွဲမှာ အမြန်ဆုံး စွမ်းဆောင်ရည် ပိုင်ဆိုင်ထားတဲ့ X5 Portable SSD ကို Samsung မိတ်ဆက်လိုက်ပါပြီ။

X5 Portable SSD

ဆိုတော့ X5 SSD က ဘယ်လောက် စွာနေသလဲဆိုရင် 20GB ရှိတဲ့ File ကို ၁၂ စက္ကန့်တွင်း ကူးပစ်နိုင်တယ်ဆိုပဲ။ အဲ့လောက်ထိကို မြန်နေတာဆိုတော့ Samsung က 4K Video Edit လုပ်ဖို့၊ Real-time 3D Rendering လုပ်ဖို့နဲ့ Resoluiton မြင့် RAW Photo ကိုင်တွယ်ဖို့ အသင့်လျော်ဆုံး Portable SSD လို့ အမွမ်းတင်ထားပါသေးတယ်။

With Glossy Surface & Metal Frame

နဂိုကတည်းက အကြမ်းခံပြီးသား SSD ကိုမှ Metal Body နဲ့ ထပ်အုပ်ပေးထားသလို ကြားထဲမှာ Shock-resistance Frame ထပ်ခံထားသေးတဲ့အချက်က အမြင့် ၆ ပေ လောက်က ကျရင် မဖြုံဘူးဆိုပဲ။ X5 Body ကို ရုတ်တရက် ကြည့်လိုက်ရင် ပြောင်ချောချောနိုင်တယ် ထင်ရပေမယ့် Non-slip Bottom Mat နဲ့ ထပ်ဖုံးသေးထားတယ်တဲ့ဗျာ။ ဒီလို အကြမ်းလည်းခံ စွမ်းဆောင်ရည်လည်း မိုးမြောက်နေတဲ့ X5 ကို သုံးနှစ် အာမခံနဲ့ Samsung ရောင်းချပေးတော့မှာပါ။

Only Thunderbolt 3 Connectivity is allowed

ဒီလို အရမ်း၊ အရမ်းမြန်နေရတဲ့ အကြောင်းပြချက်တခုက SSD ထဲမှာတောင် အသာဆုံးဖြစ်နေတဲ့ NVMe (Non Volatile Memory Express) SSD Controller သုံးထားလိုတဲ့ဗျာ။ ဒါကြောင့် သီအိုရီအရ 2800 MB/s Read Speed နဲ့ 2300 MB/s Write Speed ရှိနိုင်တာမလို့ SATA-based Portable SSD ထက် ပိုမြန်နေရတာပါ။

Inner Construction of X5

အခုလို မြန်လည်းမြန်၊ အကြမ်းလည်းခံတဲ့ X5 Portable SSD ကို 500GB ၊ 1TB နဲ့ 2TB ဆိုပြီး ၃ မျိုး ရောင်းချပေးသွားမှာဖြစ်သလို ဈေးနှုန်းကို ဒေါ်လာ 399.99 ၊ 699.99  နဲ့ 1399.99 အသီးသီး သတ်မှတ်ထားတာမလို့ ဈေးတော့ အမြောက်လွန်နေပါတယ်။ နောက်ပြီး Thunderbolt 3 တမျိုးနဲ့ပဲ ချိတ်သုံးလို့ရမယ့်အချက်က Bandwidth လည်းနည်း၊ Read/Write Speed လည်းနည်းတဲ့ USB Connection နဲ့ တွဲသုံးလို့မရတာက စိတ်မကောင်းစရာပါ။

2B (Akhayar)

www.akhayar.com

Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။