Samsung ရဲ႕ Budget စမတ္ဖုန္းေတြက အခုအခ်ိန္အထိ တျခားေသာ Mid Range စမတ္ဖုန္းေတြနဲ႔ ယွဥ္ရင္အားနည္းခ်က္ေတြအမ်ားၾကီးရွိေနတာျဖစ္ပါတယ္။ အဲ့ဒီထဲက အားနည္းခ်က္တစ္ခုကေတာ့ Auto Brightness အတြက္ Ambient Light Sensor မပါဝင္တာပဲျဖစ္ပါတယ္။

Samsung Galaxy J8

အဲ့ဒီအတြက္ လက္ရွိေရာင္းခ်ေနတဲ့ Samsung ရဲ႕ Budget Series စမတ္ဖုန္းေတြမွာ Auto Brightness ကို အသံုးျပဳလုိ႔မရျဖစ္ေနတာပဲျဖစ္ပါတယ္။ ဒါေပမယ့္ အခုအခ်ိန္မွာေတာ့ Samsung က Budget ဖုန္းေတြမွာ Ambient Light Sensor ထည့္မယ့္အစားေနာက္ထပ္နည္းလမ္းတစ္ခုနဲ႔ ျပင္ဆင္ေပးေတာ့မွာျဖစ္ပါတယ္။

Samsung Auto Brightness

အခုနည္းလမ္းကေတာ့ Samsung ကေန Ambient Light Sensor ေတြအစား Selfie Camera ကို အသံုးျပဳျပီးေတာ့ Auto Brightness ကို ရေအာင္လုပ္ေပးေတာ့မွာပါ။ အခုနည္းက ဘယ္လုိမ်ိဳးအလုပ္လုပ္မလဲဆုိရင္ ဖုန္းကို Unlock ျပဳလုပ္တဲ့အခ်ိန္မွာ ဖုန္းရဲ႕ Selfie Camera က ပတ္ဝန္းက်င္ကို ဓါတ္ပံုရုိက္ယူမွာျဖစ္ျပီး အဆိုပါ ဓါတ္ပံုကေနတစ္ဆင့္ Brightness ကို ခ်ိန္ညွိေပးမွာျဖစ္ပါတယ္။ အခုလုိမ်ိဳး ဓါတ္ပံုရုိက္တာကလည္း Device ေပၚမွာ သိမ္းဆည္းမွာမဟုတ္ဘဲ Brightness အတြက္ပဲ အသံုးျပဳမွာျဖစ္ပါတယ္။

အခုသတင္းကို Samsung Galaxy J8 ကို အသံုးျပဳေနတဲ့သူေတြက Software Update နဲ႔ရရွိလာတာကို ေတြ႕ရတာျဖစ္ျပီးေတာ့ ေနာက္လာမယ့္ Samsung ရဲ႕ Budget ဖုန္းေတြမွာပါ အသံုးျပဳလာႏုိင္ဖြယ္ရွိေနပါတယ္။

Samsung Galaxy J8

Samsung ကေတာ့ အခုအခ်ိန္အထိ ဒီသတင္းကိုအတည္ျပဳေပးျခင္းမရွိေသးပါဘူး။

Ref : Android Authority

Zawyè (Akhayar) 

www.akhayar.com

[UNICODE]

Samsung ရဲ့ Budget စမတ်ဖုန်းတွေက အခုအချိန်အထိ တခြားသော Mid Range စမတ်ဖုန်းတွေနဲ့ ယှဉ်ရင်အားနည်းချက်တွေအများကြီးရှိနေတာဖြစ်ပါတယ်။ အဲ့ဒီထဲက အားနည်းချက်တစ်ခုကတော့ Auto Brightness အတွက် Ambient Light Sensor မပါဝင်တာပဲဖြစ်ပါတယ်။

Samsung Galaxy J8

အဲ့ဒီအတွက် လက်ရှိရောင်းချနေတဲ့ Samsung ရဲ့ Budget Series စမတ်ဖုန်းတွေမှာ Auto Brightness ကို အသုံးပြုလို့မရဖြစ်နေတာပဲဖြစ်ပါတယ်။ ဒါပေမယ့် အခုအချိန်မှာတော့ Samsung က Budget ဖုန်းတွေမှာ Ambient Light Sensor ထည့်မယ့်အစားနောက်ထပ်နည်းလမ်းတစ်ခုနဲ့ ပြင်ဆင်ပေးတော့မှာဖြစ်ပါတယ်။

Samsung Auto Brightness

အခုနည်းလမ်းကတော့ Samsung ကနေ Ambient Light Sensor တွေအစား Selfie Camera ကို အသုံးပြုပြီးတော့ Auto Brightness ကို ရအောင်လုပ်ပေးတော့မှာပါ။ အခုနည်းက ဘယ်လိုမျိုးအလုပ်လုပ်မလဲဆိုရင် ဖုန်းကို Unlock ပြုလုပ်တဲ့အချိန်မှာ ဖုန်းရဲ့ Selfie Camera က ပတ်ဝန်းကျင်ကို ဓါတ်ပုံရိုက်ယူမှာဖြစ်ပြီး အဆိုပါ ဓါတ်ပုံကနေတစ်ဆင့် Brightness ကို ချိန်ညှိပေးမှာဖြစ်ပါတယ်။ အခုလိုမျိုး ဓါတ်ပုံရိုက်တာကလည်း Device ပေါ်မှာ သိမ်းဆည်းမှာမဟုတ်ဘဲ Brightness အတွက်ပဲ အသုံးပြုမှာဖြစ်ပါတယ်။

အခုသတင်းကို Samsung Galaxy J8 ကို အသုံးပြုနေတဲ့သူတွေက Software Update နဲ့ရရှိလာတာကို တွေ့ရတာဖြစ်ပြီးတော့ နောက်လာမယ့် Samsung ရဲ့ Budget ဖုန်းတွေမှာပါ အသုံးပြုလာနိုင်ဖွယ်ရှိနေပါတယ်။

Samsung Galaxy J8

Samsung ကတော့ အခုအချိန်အထိ ဒီသတင်းကိုအတည်ပြုပေးခြင်းမရှိသေးပါဘူး။

Ref : Android Authority

Zawyè (Akhayar) 

www.akhayar.com