[Zawgyi]










2B (akhayar)
www.akhayar.com

[Unicode]

360 Degree ကြည့်နိုင်ပြီး Transparent ဖြစ်နေမယ်ဆိုတဲ့ Samsung ရဲ့ OLED Display

ဒီတစ်လထဲ အထူးဆန်း အနေနဲ့ Samsung ဆီကမြင်တွေ့လိုက်ရတာက Flexible OLED Display ပါ၊ အခုချိန်မှာ နမူနာအဆင့်ပဲ ရှိသေးတယ်ဆိုပေမယ့် Samsung ကြောင့်ပဲ Foldable Smartphone ဆိုတာက ရေပန်းစားလာတော့မယ် ဆိုတာဗေဒင်မဟောလည်း သိနေရပါပြီ။

Samsung Galaxy F (Foldable) Smarphone

ဒါပေမယ့်လို့ ကျွန်တော်စဉ်းစားမိနေတဲ့အချက်က 2014 ကတည်းက Foldable Concept ကို ချပြဖူးတယ်၊ အဲ့ချိန်ကတည်းက ထုတ်နိုင်ရဲ့သားနဲ့ တမင်ငြိမ်နေခဲ့တာလား? အခု ဘယ်သူ (Huawei ၊ LG ) က Foldable Phone ထုတ်မယ်လို့ သတင်းထွက်လာခါကျမှ ငါလုပ်နိုင်တယ်ဆိုပြီး ဆွံ့အသွားစေတာလား?

OLED ဆိုတဲ့နည်းပညာကို LG မွေးဖွားခဲ့တယ်ဆိုပေမယ့် Samsung နည်းပညာတွေက ပိုပြီး တစ်ခေတ်ဆန်းနေပြီ၊ အခုဆိုရင် Flexible OLED Panel တွေ့နေပြီ၊ အရင်တခါကလည်း Military Standard ထက်တောင် မာကျောပါတယ်ဆိုတဲ့ Bendable OLED Panel ၊ ဒီတခါကျပြန်တော့ Cylindrical OLED Display တဲ့။ Display နည်းပညာထဲ ဘယ်လိုမှ လက်လမ်းမမီနိုင်တဲ့ ကုမ္ပဏီဟာ Samsung လို့ ပြောရင်လက်ခံမှာလား?

Samsung’s Unbreakable OLED Panel

IceUniverse ပြောကြားချက်အတိုင်းသာဆိုရင် OLED Panel အသစ်က TV ၊ Car Windscreen ၊ Smart Speaker နဲ့ တခြား Display Application တွေမှာ အသုံးချလာမယ်လို့ သိရတယ်။ ပုံစံက LG Display ရဲ့ Rollable OLED နဲ့ ခပ်ဆင်ဆင်လို့ ပြောနိုင်ပေမယ့် Samsung ဟာက လုံးဝ Transparent အနေထား၊ ဖွင့်ထားပြီး အရောင်တွေပေါ်နေမှ တစ်ဖက်ကို မမြင်ရမှာ၊ ဒါကြောင့်လည်း Car Windscreen မှာ သုံးမယ်လို့ ပြောနေတာကိုး။

Cylindrical Transparent Display

နောက်ပြီး Cylindrical (စလင်ဒါ) ပုံစံကွေးထားနိုင်လို့ ရုပ်ပုံတွေကို 360 Degree အနေထားတိုင်း ကြည့်ရှုနိုင်မယ်၊ ဒီလို အထင်ကြီးစရာ OLED Panel အသစ်ကို ဘယ်လိုအနေထားနဲ့ ထုတ်လုပ်မယ် အတည်တကျ မသိရသေးပေမယ့် ရုပ်ရှင်ထဲကလို Display အရှင်ကြီးတွေ၊ လေထဲမှာပဲရှိနေပြီး ရုပ်ပုံတွေ ဖော်ပြနေတာမျိုး Samsung ဆီက မြင်တွေ့ရတော့မှာလား?

2B (akhayar)
www.akhayar.com