[Zawgyi]

တရုတ္ႏိုင္ငံရဲ႕ အၾကီးဆုံး ဖုန္းစက္ရုံေတြ ရပ္နားသြားရဖြယ္ရွိေနတဲ့ Samsung

Samsung ကုမၸဏီအေနနဲ႔ ျပီးခဲ့တဲ့ ဒုတိယ သုံးလပတ္ (ဧျပီ၊ ေမ၊ ဇြန္) ရလာဒ္ေတြအရ စမတ္ဖုန္း တင္ပို႔ေရာင္းခ်မႈ အပိုင္းမွာ အေတာ္ေလး အေျခေန မေကာင္းျဖစ္ေနခဲ့တယ္လို႔ သိရပါတယ္။ ဒီအခ်က္က Galaxy S9 လို ေစ်းၾကီးလြန္းတဲ့ စမတ္ဖုန္းမ်ိဳး ဝယ္လိုအား တအိအိ က်ဆင္းေနမႈနဲ႔ တိုက္ရိုက္သက္ဆိုင္ေနမယ္လို႔ ကြ်မ္းက်င္သူေတြ ေျပာဆိုေနၾကပါတယ္။ ဘာလို႔လဲဆိုရင္ တရုတ္ျပည္ စမတ္ဖုန္း ေစ်းကြက္ထဲမွာ Galaxy S9 လို Specification မ်ိဳး OnePlus နဲ႔ OPPO စမတ္ဖုန္းေတြမွာ ပါဝင္လာသလို ပိုမို သက္သာတဲ့ ေစ်းႏႈန္းေၾကာင့္ Samsung စားေပါက္ေပ်ာက္ေနတယ္လို႔ ေျပာရမယ္ ထင္ပါတယ္။

Samsung Galaxy S9

ဒီလို Flagship ဖုန္းတန္းမွာ လူေတာမတိုးေတာ့သလို Mid-range စမတ္ဖုန္းထဲမွာလည္း Xiaomi နဲ႔ Huawei ထုတ္ Premium Feature ပါဝင္လာတဲ့ စမတ္ဖုန္းေရာင္းအားေၾကာင့္ Samsung တရုတ္ျပည္က တပ္ေခါက္သြားရဖြယ္ရွိေနပါျပီ။ တနၤလာေန႔တုန္းက The Electronics Times သတင္းစာမ်က္ႏွာမွာ ေဖာ္ျပထားခဲ့တဲ့အတိုင္းဆိုရင္ ေရာင္းအား မေကာင္းတာရယ္၊ ဝင္ေငြမေကာင္းေတာ့လို႔ အလုပ္သမားခ မတတ္ႏိုင္ေတာ့တဲ့ထိ အေျခေနဆိုးေနတာမလို႔ စမတ္ဖုန္းထုတ္လုပ္ေရး ဆိုင္းငံ့ထားမယ္လို႔ သိရတာပါ။

Samsung recently launched Galaxy Note 9

ဒါေၾကာင့္မလို႔ တရုတ္ျပည္အေနာက္ပိုင္းမွာ တည္ရွိေနတဲ့ Tianjin Samsung စက္ရုံၾကီး ရပ္နားရေတာ့မွာပါ။ ဒီအခ်က္နဲ႔ ပတ္သက္လို႔ ေတာင္ကိုးရီးယား သတင္းစာမွာ ယာယီရပ္နားျခင္းလို႔ပဲ ေဖာ္ျပထားေပမယ့္ Samsung အေနနဲ႔ ရပ္နားရျခင္းနဲ႔ ပတ္သက္လို႔ ဘာမွေျပာမထားပါဘူး။ Tianjian စီးပြားေရး ပညာရွင္ေတြကေတာ့ ျပီးခဲ့တဲ့ ပထမနဲ႔ ဒုတိယသုံးလပတ္ကာလ ႏွစ္ခုလုံး စမတ္ဖုန္းေရာင္းအား မေကာင္းခဲ့လို႔ စက္ရုံလည္ပတ္ဖို႔ အင္အားမလုံေလာက္ ေတာ့တာလို႔ ကနဦး သုံးသပ္ေျပာဆိုေနၾကပါတယ္။

Battery Testing in China Factory

The Electronics Times သတင္းစာထဲမွာလည္း “လြန္ခဲ့တဲ့ ၅ ႏွစ္တုန္းကေတာင္ တရုတ္ မိုဘိုင္းေစ်းကြက္ရဲ႕ ၂၀ ရာခိုင္ႏႈန္းကို Samsung ပဲ ပိုင္ဆိုင္ထားတာပါ။ အခုေနာက္ပိုင္း Xiaomi နဲ႔ Huawei အပါ တျခားစမတ္ဖုန္း ထုတ္လုပ္သူေတြ နာမည္ရလာေတာ့ သူ႔ရွယ္ယာထိုးက်သြားခဲ့တာပါ။ ဒါေတာင္ အမ်ားၾကီး ဆုံးရႈံးခဲ့တာ မဟုတ္ဘဲ မဆိုစေလာက္ေလး ၁ ရာခိုင္ႏႈန္းေလာက္ပဲ က်ဆင္းခဲ့တာပါ၊ အဓိက သူဝင္မဆ့ံျဖစ္သြားတာ ေစ်းၾကီးတဲ့ အခ်က္တစ္ခုပါပဲ” လို႔ ေရးသားထားတာ ေတြ႔ရပါတယ္။

The most popular Galaxy S8 Smartphone

အခုလို Tianjin စက္ရုံ ရပ္နားလိုက္ရတာနဲ႔ ဆက္စပ္လို႔ Huizhou စက္ရုံကိုလည္း ရပ္နားသြားဖြယ္ရွိေနပါတယ္။ တကယ္လို႔သာ တရုတ္ျပည္ရဲ႕ Samsung စက္ရုံေတြ အားလုံး ရပ္နားပစ္လိုက္ရင္ အေတာ္ေလး အထိနာသြားႏိုင္ပါတယ္။ ဘာလို႔လဲဆိုရင္ အာရွတစ္ခြင္ Samsung ဖုန္းထုတ္လုပ္ေနတဲ့ စက္ရုံဆိုလို႔ တရုတ္မွာ ၂ ရုံ၊ ဗီယက္နမ္မွာ ၂ ရုံ အဲ့ဒါပဲ ရွိတာပါ။

Samsung Factory – Vietnam

ဒီ တရုတ္ႏိုင္ငံရဲ႕ Tianjin စက္ရုံကေန တစ္ႏွစ္ကို စမတ္ဖုန္း အလုံးေရ ၃၆ သန္းနဲ႔ Huizhou ကေန ၇၂ သန္း ထုတ္ေပးေနတာပါ။ ဗီယက္နမ္ စက္ရုံနွစ္ရုံကေနေတာ့ စုစုေပါင္း အလုံး သန္း ၂၄၀ ႏႈန္းနဲ႔ အမ်ားဆုံး ထုတ္ေပးေနတာပါ။ အရင္ တစ္ေလာတုန္းက အိႏၵိယႏိုင္ငံျမိဳ႕ေတာ္ နယူးေဒလီမွာ တည္ေဆာက္ခဲ့တဲ့ အၾကီးဆုံး Samsung စက္ရုံက တင္ပို႔ဖို႔အတြက္ပဲဆိုေတာ့ Samsung အေနနဲ႔ သူထုတ္ေနတဲ့ စမတ္ဖုန္း တန္ဖိုးေလွ်ာ့ခ်ေပးနိုင္ ေလွ်ာ့ခ်၊ တကယ္လို႔ အဲ့လို မလုပ္ႏိုင္ဘူးဆိုရင္ တပ္ေခါက္အိမ္ျပန္သြားလဲ ဘာမွမထူးဘူးလုိ႔ ေရးသားထားတာ ေတြ႔ရပါတယ္။

2B (Akhayar)

www.akhayar.com

[Unicode]

တရုတ်နိုင်ငံရဲ့ အကြီးဆုံး ဖုန်းစက်ရုံတွေ ရပ်နားသွားရဖွယ်ရှိနေတဲ့ Samsung

Samsung ကုမ္ပဏီအနေနဲ့ ပြီးခဲ့တဲ့ ဒုတိယ သုံးလပတ် (ဧပြီ၊ မေ၊ ဇွန်) ရလာဒ်တွေအရ စမတ်ဖုန်း တင်ပို့ရောင်းချမှု အပိုင်းမှာ အတော်လေး အခြေနေ မကောင်းဖြစ်နေခဲ့တယ်လို့ သိရပါတယ်။ ဒီအချက်က Galaxy S9 လို ဈေးကြီးလွန်းတဲ့ စမတ်ဖုန်းမျိုး ဝယ်လိုအား တအိအိ ကျဆင်းနေမှုနဲ့ တိုက်ရိုက်သက်ဆိုင်နေမယ်လို့ ကျွမ်းကျင်သူတွေ ပြောဆိုနေကြပါတယ်။ ဘာလို့လဲဆိုရင် တရုတ်ပြည် စမတ်ဖုန်း ဈေးကွက်ထဲမှာ Galaxy S9 လို Specification မျိုး OnePlus နဲ့ OPPO စမတ်ဖုန်းတွေမှာ ပါဝင်လာသလို ပိုမို သက်သာတဲ့ ဈေးနှုန်းကြောင့် Samsung စားပေါက်ပျောက်နေတယ်လို့ ပြောရမယ် ထင်ပါတယ်။

Samsung Galaxy S9

ဒီလို Flagship ဖုန်းတန်းမှာ လူတောမတိုးတော့သလို Mid-range စမတ်ဖုန်းထဲမှာလည်း Xiaomi နဲ့ Huawei ထုတ် Premium Feature ပါဝင်လာတဲ့ စမတ်ဖုန်းရောင်းအားကြောင့် Samsung တရုတ်ပြည်က တပ်ခေါက်သွားရဖွယ်ရှိနေပါပြီ။ တင်္နလာနေ့တုန်းက The Electronics Times သတင်းစာမျက်နှာမှာ ဖော်ပြထားခဲ့တဲ့အတိုင်းဆိုရင် ရောင်းအား မကောင်းတာရယ်၊ ဝင်ငွေမကောင်းတော့လို့ အလုပ်သမားခ မတတ်နိုင်တော့တဲ့ထိ အခြေနေဆိုးနေတာမလို့ စမတ်ဖုန်းထုတ်လုပ်ရေး ဆိုင်းငံ့ထားမယ်လို့ သိရတာပါ။

Samsung recently launched Galaxy Note 9

ဒါကြောင့်မလို့ တရုတ်ပြည်အနောက်ပိုင်းမှာ တည်ရှိနေတဲ့ Tianjin Samsung စက်ရုံကြီး ရပ်နားရတော့မှာပါ။ ဒီအချက်နဲ့ ပတ်သက်လို့ တောင်ကိုးရီးယား သတင်းစာမှာ ယာယီရပ်နားခြင်းလို့ပဲ ဖော်ပြထားပေမယ့် Samsung အနေနဲ့ ရပ်နားရခြင်းနဲ့ ပတ်သက်လို့ ဘာမှပြောမထားပါဘူး။ Tianjian စီးပွားရေး ပညာရှင်တွေကတော့ ပြီးခဲ့တဲ့ ပထမနဲ့ ဒုတိယသုံးလပတ်ကာလ နှစ်ခုလုံး စမတ်ဖုန်းရောင်းအား မကောင်းခဲ့လို့ စက်ရုံလည်ပတ်ဖို့ အင်အားမလုံလောက် တော့တာလို့ ကနဦး သုံးသပ်ပြောဆိုနေကြပါတယ်။

Battery Testing in China Factory

The Electronics Times သတင်းစာထဲမှာလည်း “လွန်ခဲ့တဲ့ ၅ နှစ်တုန်းကတောင် တရုတ် မိုဘိုင်းဈေးကွက်ရဲ့ ၂၀ ရာခိုင်နှုန်းကို Samsung ပဲ ပိုင်ဆိုင်ထားတာပါ။ အခုနောက်ပိုင်း Xiaomi နဲ့ Huawei အပါ တခြားစမတ်ဖုန်း ထုတ်လုပ်သူတွေ နာမည်ရလာတော့ သူ့ရှယ်ယာထိုးကျသွားခဲ့တာပါ။ ဒါတောင် အများကြီး ဆုံးရှုံးခဲ့တာ မဟုတ်ဘဲ မဆိုစလောက်လေး ၁ ရာခိုင်နှုန်းလောက်ပဲ ကျဆင်းခဲ့တာပါ၊ အဓိက သူဝင်မဆံ့ဖြစ်သွားတာ ဈေးကြီးတဲ့ အချက်တစ်ခုပါပဲ” လို့ ရေးသားထားတာ တွေ့ရပါတယ်။

The most popular Galaxy S8 Smartphone

အခုလို Tianjin စက်ရုံ ရပ်နားလိုက်ရတာနဲ့ ဆက်စပ်လို့ Huizhou စက်ရုံကိုလည်း ရပ်နားသွားဖွယ်ရှိနေပါတယ်။ တကယ်လို့သာ တရုတ်ပြည်ရဲ့ Samsung စက်ရုံတွေ အားလုံး ရပ်နားပစ်လိုက်ရင် အတော်လေး အထိနာသွားနိုင်ပါတယ်။ ဘာလို့လဲဆိုရင် အာရှတစ်ခွင် Samsung ဖုန်းထုတ်လုပ်နေတဲ့ စက်ရုံဆိုလို့ တရုတ်မှာ ၂ ရုံ၊ ဗီယက်နမ်မှာ ၂ ရုံ အဲ့ဒါပဲ ရှိတာပါ။

Samsung Factory – Vietnam

ဒီ တရုတ်နိုင်ငံရဲ့ Tianjin စက်ရုံကနေ တစ်နှစ်ကို စမတ်ဖုန်း အလုံးရေ ၃၆ သန်းနဲ့ Huizhou ကနေ ၇၂ သန်း ထုတ်ပေးနေတာပါ။ ဗီယက်နမ် စက်ရုံနှစ်ရုံကနေတော့ စုစုပေါင်း အလုံး သန်း ၂၄၀ နှုန်းနဲ့ အများဆုံး ထုတ်ပေးနေတာပါ။ အရင် တစ်လောတုန်းက အိန္ဒိယနိုင်ငံမြို့တော် နယူးဒေလီမှာ တည်ဆောက်ခဲ့တဲ့ အကြီးဆုံး Samsung စက်ရုံက တင်ပို့ဖို့အတွက်ပဲဆိုတော့ Samsung အနေနဲ့ သူထုတ်နေတဲ့ စမတ်ဖုန်း တန်ဖိုးလျှော့ချပေးနိုင် လျှော့ချ၊ တကယ်လို့ အဲ့လို မလုပ်နိုင်ဘူးဆိုရင် တပ်ခေါက်အိမ်ပြန်သွားလဲ ဘာမှမထူးဘူးလို့ ရေးသားထားတာ တွေ့ရပါတယ်။

2B (Akhayar)

www.akhayar.com