[Zawgyi]

Foldable ဖုန္းနမူနာကို လာမယ့္လထဲ Samsung မိတ္ဆက္ေတာ့မယ္

တစ္ခုမဟုတ္ တစ္ခုထူးဆန္းတာေလး မလုပ္လိုက္ရရင္ အျငိမ္မေနတတ္တဲ့ Samsung ၊ လြန္ခဲ့တဲ့ ၄ ႏွစ္တုန္းက Concept ခ်ျပခဲ့ဖူးတဲ့ Foldable ဖုန္းပုံစံမ်ိဳး လာမယ့္လထဲ မိတ္ဆက္သြားမယ္လို႔ CEO ၾကီး DJ Koh ကို္ယ္တိုင္ CNET သတင္းမွာ အတည္ျပဳေျပာၾကားလုိက္ပါျပီ။

CEO DJ Koh

ဒီလိုသာဆိုရင္ေတာ့ Huawei ၊ LG ၊ Lenovo တို႔ထက္ ႏွာတဖ်ားသာရုံမက ေခါက္ခ်ိဳးစမတ္ဖုန္း ထုတ္ႏိုင္တာ Samsung ပဲ ရွိတယ္လို႔ တမင္ေျပာလိုက္တာလား? ျဖစ္ႏိုင္ပါတယ္ေလး၊ ဘာလို႔လဲဆို Tablet ကိုေတာင္ ေခါက္ခ်ိဳးထားျပီး စမတ္ဖုန္းလိုေရာသုံးႏိုင္မယ္လို႔ Koh ေျပာၾကားလိုက္တဲ့ အရိပ္ျမြက္စကားေလးက ျပိဳင္ဖက္ေတြကို ဆြံအသြားေစခဲ့ျပီ။

Samsung Foldable Panel

Koh ကိုယ္တိုင္ကလည္း “User Experience က ငါ့အတြက္ Standard မဟုတ္ဘူးဆိုရင္ အခုလို ေခါက္ခ်ိဳးစမတ္ဖုန္းေတြ၊ 10th Anniversary Edition ေတြ မထုတ္ခ်င္ဘူး” ေျပာဆိုထားလို႔ Samsung အေနနဲ႔ အသြင္ေျပာင္းေတာ့မယ္ ထင္ပါတယ္။ တခုရွိမွာက ျပိဳင္ဖက္ေတြလည္း ျငိမ္ေနၾကမွာ မဟုတ္ဘူး၊ အရင္လတုန္းက Foldable ဖုန္းနမူနာကို Lenovo ခ်ျပခဲ့ျပီးျပီ။

Lenovo Foldable Display

ဒီထဲမွာ ျပိဳင္ဖက္ျဖစ္လာဦးမွာက LG ၊ 2018 ဆန္းသစ္ နည္းပညာျပပြဲမွာတုန္းက Samsung ထက္အရင္ Foldable OLED Panel မိတ္ဆက္ခဲ့တယ္။ Huawei နဲ႔ Xiaomi တို႔ကေတာ့ ထုံးစံအတိုင္း တရုတ္ Supplier “BOE” Display နဲ႔ ပဲ နွစ္ပါးသြားမယ္ထင္တာပဲ။

Bendable BOE Panel

ဒါေၾကာင့္မလို႔ ဘယ္လိုပဲ Samsung မိတ္ဆက္မိတ္ဆက္ ၂၀၁၈ ဟာ စမတ္ဖုန္းေတြရဲ႕ နည္းပညာ အေျပာင္းလဲ တစ္ခုျဖစ္လာခဲ့ျပီဆိုတာ ျမန္ျမန္သရုပ္ျပခ်င္ေနျပီ။ အခုလိုသာ တအံ့အၾသျဖစ္သြားေအာင္ Samsung လုပ္ေတာ့မယ္ဆိုေတာ့ လာမယ့္ ႏို္ဝင္ဘာ ၇ ရက္ေန႔ဟာ Samsung အတြက္ အခ်ိန္အခါ ေကာင္းျဖစ္လာႏိုင္မလား..? ေလာေလာဆယ္အထိေတာ့ နားစြင့္ထားရဦးမွာပါ။

2B (Akhayar)
www.akhayar.com

[Unicode]

Foldable ဖုန်းနမူနာကို လာမယ့်လထဲ Samsung မိတ်ဆက်တော့မယ်

တစ်ခုမဟုတ် တစ်ခုထူးဆန်းတာလေး မလုပ်လိုက်ရရင် အငြိမ်မနေတတ်တဲ့ Samsung ၊ လွန်ခဲ့တဲ့ ၄ နှစ်တုန်းက Concept ချပြခဲ့ဖူးတဲ့ Foldable ဖုန်းပုံစံမျိုး လာမယ့်လထဲ မိတ်ဆက်သွားမယ်လို့ CEO ကြီး DJ Koh ကိုယ်တိုင် CNET သတင်းမှာ အတည်ပြုပြောကြားလိုက်ပါပြီ။

CEO DJ Koh

ဒီလိုသာဆိုရင်တော့ Huawei ၊ LG ၊ Lenovo တို့ထက် နှာတဖျားသာရုံမက ခေါက်ချိုးစမတ်ဖုန်း ထုတ်နိုင်တာ Samsung ပဲ ရှိတယ်လို့ တမင်ပြောလိုက်တာလား? ဖြစ်နိုင်ပါတယ်လေး၊ ဘာလို့လဲဆို Tablet ကိုတောင် ခေါက်ချိုးထားပြီး စမတ်ဖုန်းလိုရောသုံးနိုင်မယ်လို့ Koh ပြောကြားလိုက်တဲ့ အရိပ်မြွက်စကားလေးက ပြိုင်ဖက်တွေကို ဆွံအသွားစေခဲ့ပြီ။

Samsung Foldable Panel

Koh ကိုယ်တိုင်ကလည်း “User Experience က ငါ့အတွက် Standard တခုလိုမဟုတ်ဘူးဆိုရင် အခုလို ခေါက်ချိုးစမတ်ဖုန်းတွေ၊ 10th Anniversary Edition တွေ မထုတ်ချင်ဘူး” ပြောဆိုထားလို့ Samsung အနေနဲ့ အသွင်ပြောင်းတော့မယ် ထင်ပါတယ်။ တခုရှိမှာက ပြိုင်ဖက်တွေလည်း ငြိမ်နေကြမှာ မဟုတ်ဘူး၊ အရင်လတုန်းက Foldable ဖုန်းနမူနာကို Lenovo ချပြခဲ့ပြီးပြီ။

Lenovo Foldable Display

ဒီထဲမှာ ပြိုင်ဖက်ဖြစ်လာဦးမှာက LG ၊ 2018 ဆန်းသစ် နည်းပညာပြပွဲမှာတုန်းက Samsung ထက်အရင် Foldable OLED Panel မိတ်ဆက်ခဲ့တယ်။ Huawei နဲ့ Xiaomi တို့ကတော့ ထုံးစံအတိုင်း တရုတ် Supplier “BOE” Display နဲ့ ပဲ နှစ်ပါးသွားမယ်ထင်တာပဲ။

Bendable BOE Panel

ဒါကြောင့်မလို့ ဘယ်လိုပဲ Samsung မိတ်ဆက်မိတ်ဆက် ၂၀၁၈ ဟာ စမတ်ဖုန်းတွေရဲ့ နည်းပညာ အပြောင်းလဲ တစ်ခုဖြစ်လာခဲ့ပြီဆိုတာ မြန်မြန်သရုပ်ပြချင်နေပြီ။ အခုလိုသာ တအံ့အသြဖြစ်သွားအောင် Samsung လုပ်တော့မယ်ဆိုတော့ လာမယ့် နိုဝင်ဘာ ၇ ရက်နေ့ဟာ Samsung အတွက် အချိန်အခါ ကောင်းဖြစ်လာနိုင်မလား..? လောလောဆယ်အထိတော့ နားစွင့်ထားရဦးမှာပါ။

2B (Akhayar)
www.akhayar.com