[Zawgyi]

Galaxy F ကမွ တကယ့္ Foldable စမတ္ဖုန္းတဲ့လား

လာမယ့္ႏွစ္ထဲမွာ ေခါက္ခ်ိဳးထားလို႔ရမယ့္ Galaxy X လို စမတ္ဖုန္းမ်ိဳး Samsung ထုတ္ေပးေတာ့မယ္လို႔ အားလုံးက စိတ္ဝင္တစားျဖစ္ေနၾကတာပါ။ ၿပီးခဲ့တဲ့လကလည္း Project Valley ပုံရိပ္ေတြ ထြက္ေပၚလာခဲ့ေသးလို႔ Galaxy S10 ေမာ္ဒယ္ၿပီးသြားရင္ Foldable Smartphone လာေတာ့မယ္လို႔ အားလုံးက ထင္ေၾကးေပးေနၾကတာပါ။ အဲ့ခ်ိန္မွာ ဘာမေျပာ၊ ညာမေျပာဘဲ Huwaei ကေန Foldable ဖုန္းထုတ္ေတာ့မယ္လို႔ သတင္းထြက္လာတဲ့အခါမွာေတာ့ Samsung အေတာ္ေလး တုန္လႈပ္သြားခဲ့တယ္ထင္ပါတယ္။

Samsung Foldable Smartphone Concept

ဒီတေခါက္ ေပါက္ၾကားလာတဲ့သတင္းက အေတာ္ေလးစုံတယ္လို႔ ေျပာလို႔ရပါတယ္။ ဘာလို႔လဲဆိုရင္ Samsung ဖုန္းေတြထဲမွာ Gaming အသားေပးထုတ္လုပ္ထားတဲ့ ဖုးန္မ်ိဳး မရွိေသးပါဘူး။ Note ဆိုတာကလည္း Screen သာႀကီးၿပီး Stylus Pen ပါတာကလႊဲလို႔ Function အားလုံးက S စီးရီးေတြနဲ႔ အတူတူပါ။ ဒါေၾကာင့္မလို႔ Galaxy Note ဆက္ထုတ္ဖို႔ အစီအစဥ္မရွိဘူးလို႔ သတင္းထြက္လာသလို S10 ၿပီးသြားရင္လည္း Flagship တန္းမွာ Galaxy X ပဲ ဆက္ထုတ္သြားဖြယ္ ရွိတယ္လို႔ ေျပာေနၾကတာပါ။

Rumored Galaxy S10

အခုခ်ိန္မွာ Huawei က BOE အေထာက္အပံ့နဲ႔ Foldable ဖုန္းထုတ္ႏိုင္တဲ့အဆင့္ ေရာက္လာၿပီမလို႔ Samsung အေနနဲ႔ လက္ဦးထားဖို႔ ျပင္ဆင္ခဲ့ပုံရပါတယ္။ ဒါေၾကာင့္လည္း Galaxy F မတိုင္ခင္ တူနဲ႔ထုေတာင္ မကြဲတဲ့ OLED Panel အသစ္ မိတ္ဆက္ခဲ့သလို ပလပ္စတစ္သားနဲ႔ လုပ္ထားတာမလို႔ အရမ္းဘဲ Flexible ျဖစ္ၿပီး ႏူးညံ့ေပ်ာ့ေျပာင္းလွပါတယ္။ ေနာက္ၿပီး ပါဝါအစားနည္းပါးၿပီး စြမ္းေဆာင္ရည္ေကာင္းမြန္တဲ့ LPDDR5 လို စမတ္ဖုန္း RAM မ်ိဳးကလည္း Galaxy S10 နဲ႔တြဲသုံးဖို႔ ေသခ်ာသေလာက္ရွိေနၿပီျဖစ္သလို OLED Panel အသစ္က Galaxy F အတြက္လားလို႔ေတာင္ အထင္မွားသြားေစႏိုင္ပါေသးတယ္။

New OLED Panel is super flexible

Samsung က F ဆိုတဲ့ နာမည္ေျပာင္းသုံးလိုက္တာကို Twitter မွာ “Hello, Galaxy F!” ဆိုၿပီး ေဖာ္ထုတ္ခဲ့သလို Asia Nikkei သတင္းမီဒီယာမွာ F ဆိုတာ Foldable ကို ရည္ၫြန္းတဲ့အေၾကာင္း အတည္ျပဳေပးလိုက္ပါၿပီ။ တဆက္ထဲမွာပဲ Galaxy F မွာ 7.3″ Screen သုံးထားသလို ဖုန္းကိုယ္ထည္က iPhone 8 ေလာက္ပဲ အထူရွိတယ္လို႔ ေျပာထားပါတယ္။ ေနာက္ၿပီး ဖုန္းကို ထက္ဝက္ေခါက္ခ်ိဳးထားႏိုင္ၿပီး အႀကိမ္ ၂၀,၀၀၀ ခန္႔ အဲ့လိုအသုံးခံမယ္လို႔ သိရပါတယ္။ တကယ္လို႔သာ ဒီအႀကိမ္ေရေလာက္ပဲ ေခါက္ခ်ိဳးအသုံးျပဳလို႔ရမယ္ဆိုရင္ တစ္ႏွစ္ေလာက္သုံးၿပီးတာနဲ႔ လႊင့္ပစ္ရမယ့္ အေနအထားမွာရွိေနပါတယ္။

Samsung Foldable Phone Concept

ေနာက္ၿပီး Samsung က သီးသန္႔ GPU အသစ္ျပဳလုပ္ေနတယ္လို႔ သတင္းသဲ့သဲ့ၾကားေနရတာေၾကာင့္ Gaming အတြက္ ဟုတ္ရင္ဟုတ္၊ မဟုတ္ရင္ VR ကိုင္တြယ္ဖို႔နဲ႔ Infinity Display မွာ 4K Resolution အထိ ေထာက္ပံ့ဖို႔ ျဖစ္လာႏိုင္ပါတယ္။ အတည္မျပဳရေသးတဲ့ သတင္းေတြအရ GPU အသစ္ကို Galaxy S10 မွာ သုံးလာႏိုင္ၿပီး In-display Fingerprint Sensor နည္းပညာနဲ႔ iPhone အသစ္ေတြနဲ႔ Head-to-head ယွဥ္ထုတ္သြားဖြယ္ ရွိပါတယ္။ အရင္တုန္းက Flagship တန္းမွာ Apple တေယာက္ပဲ Samsung အတြက္ ၿပိဳင္ဖက္ရွိခဲ့တာဆိုေပမယ့္ အခုခ်ိန္မွာ Huawei လို တ႐ုတ္ကုမၸဏီက စိန္ေခၚလိုက္ၿပီျဖစ္တာေၾကာင့္ အဓိကၿပိဳင္ဖက္တေယာက္ ထပ္တိုးလာခဲ့ၿပီလို႔ သုံးသပ္ရပါတယ္။

2B (Akhayar)

www.akhayar.com

Facebook လူမႈကြန္ရက္ေပၚတြင္တင္ဆက္ေနသည့္ စာမ်က္ႏွာမ်ားတြင္ အခရာမွတင္ဆက္ထားသည့္ ေဆာင္းပါးမ်ား၊ သတင္းမ်ားကို ခြင့္ျပဳခ်က္ တစ္စုံတစ္ရာ ရယူထားျခင္းမရွိဘဲ စီးပြားျဖစ္ ကူးယူသုံးစြဲေနသည္မ်ားကို ေတြ႕ရွိေနရပါသည္။ အခရာစာမ်က္ႏွာအား တစ္ဦးတစ္ေယာက္ခ်င္း ေဝမွ်သည္ကို အသိအမွတ္ျပဳေက်းဇူးတင္ေသာ္လည္း စီပြားျဖစ္တည္ေထာင္ထားသည့္ စာမ်က္ႏွာမ်ား၊ ဝက္ဘ္ဆိုက္မ်ားတြင္ ကူးယူတင္ဆက္ေနသည္မ်ားကိုမူ ျပင္းထန္စြာကန႔္ကြက္ပါသည္။ သို႔ျဖစ္ပါ၍ အခရာမီဒီယာမွတင္ဆက္ေနသည့္ အေၾကာင္းအရာမ်ားထဲမွ စာသားအခ်ိဳ႕ကိုျဖစ္ေစ ၊ အပုဒ္လိုက္ျဖစ္ေစ ၊ တစ္ပိုဒ္ျခင္းျဖစ္ေစ ကူးယူသုံးစြဲျခင္းမျပဳရန္ႏွင့္ ဆက္လက္ျပဳလုပ္ပါက ခိုးယူသုံးစြဲေနသည့္ စာမ်က္ႏွာမ်ားကို အမည္ႏွင့္တကြ အမ်ားသိေစရန္ေၾကညာသြားမည္ျဖစ္ၿပီး ဥပေဒအရ အေရးယူမည္ျဖစ္ေၾကာင္း သတိေပးေၾကညာအပ္ပါသည္။

[Unicode]

Galaxy F ကမှ တကယ့် Foldable စမတ်ဖုန်းတဲ့လား

လာမယ့်နှစ်ထဲမှာ ခေါက်ချိုးထားလို့ရမယ့် Galaxy X လို စမတ်ဖုန်းမျိုး Samsung ထုတ်ပေးတော့မယ်လို့ အားလုံးက စိတ်ဝင်တစားဖြစ်နေကြတာပါ။ ပြီးခဲ့တဲ့လကလည်း Project Valley ပုံရိပ်တွေ ထွက်ပေါ်လာခဲ့သေးလို့ Galaxy S10 မော်ဒယ်ပြီးသွားရင် Foldable Smartphone လာတော့မယ်လို့ အားလုံးက ထင်ကြေးပေးနေကြတာပါ။ အဲ့ချိန်မှာ ဘာမပြော၊ ညာမပြောဘဲ Huwaei ကနေ Foldable ဖုန်းထုတ်တော့မယ်လို့ သတင်းထွက်လာတဲ့အခါမှာတော့ Samsung အတော်လေး တုန်လှုပ်သွားခဲ့တယ်ထင်ပါတယ်။

Samsung Foldable Smartphone Concept

ဒီတခေါက် ပေါက်ကြားလာတဲ့သတင်းက အတော်လေးစုံတယ်လို့ ပြောလို့ရပါတယ်။ ဘာလို့လဲဆိုရင် Samsung ဖုန်းတွေထဲမှာ Gaming အသားပေးထုတ်လုပ်ထားတဲ့ ဖုးန်မျိုး မရှိသေးပါဘူး။ Note ဆိုတာကလည်း Screen သာကြီးပြီး Stylus Pen ပါတာကလွှဲလို့ Function အားလုံးက S စီးရီးတွေနဲ့ အတူတူပါ။ ဒါကြောင့်မလို့ Galaxy Note ဆက်ထုတ်ဖို့ အစီအစဥ်မရှိဘူးလို့ သတင်းထွက်လာသလို S10 ပြီးသွားရင်လည်း Flagship တန်းမှာ Galaxy X ပဲ ဆက်ထုတ်သွားဖွယ် ရှိတယ်လို့ ပြောနေကြတာပါ။

Rumored Galaxy S10

အခုချိန်မှာ Huawei က BOE အထောက်အပံ့နဲ့ Foldable ဖုန်းထုတ်နိုင်တဲ့အဆင့် ရောက်လာပြီမလို့ Samsung အနေနဲ့ လက်ဦးထားဖို့ ပြင်ဆင်ခဲ့ပုံရပါတယ်။ ဒါကြောင့်လည်း Galaxy F မတိုင်ခင် တူနဲ့ထုတောင် မကွဲတဲ့ OLED Panel အသစ် မိတ်ဆက်ခဲ့သလို ပလပ်စတစ်သားနဲ့ လုပ်ထားတာမလို့ အရမ်းဘဲ Flexible ဖြစ်ပြီး နူးညံ့ပျော့ပြောင်းလှပါတယ်။ နောက်ပြီး ပါဝါအစားနည်းပါးပြီး စွမ်းဆောင်ရည်ကောင်းမွန်တဲ့ LPDDR5 လို စမတ်ဖုန်း RAM မျိုးကလည်း Galaxy S10 နဲ့တွဲသုံးဖို့ သေချာသလောက်ရှိနေပြီဖြစ်သလို OLED Panel အသစ်က Galaxy F အတွက်လားလို့တောင် အထင်မှားသွားစေနိုင်ပါသေးတယ်။

New OLED Panel is super flexible

Samsung က F ဆိုတဲ့ နာမည်ပြောင်းသုံးလိုက်တာကို Twitter မှာ “Hello, Galaxy F!” ဆိုပြီး ဖော်ထုတ်ခဲ့သလို Asia Nikkei သတင်းမီဒီယာမှာ F ဆိုတာ Foldable ကို ရည်ညွန်းတဲ့အကြောင်း အတည်ပြုပေးလိုက်ပါပြီ။ တဆက်ထဲမှာပဲ Galaxy F မှာ 7.3″ Screen သုံးထားသလို ဖုန်းကိုယ်ထည်က iPhone 8 လောက်ပဲ အထူရှိတယ်လို့ ပြောထားပါတယ်။ နောက်ပြီး ဖုန်းကို ထက်ဝက်ခေါက်ချိုးထားနိုင်ပြီး အကြိမ် ၂၀,၀၀၀ ခန့် အဲ့လိုအသုံးခံမယ်လို့ သိရပါတယ်။ တကယ်လို့သာ ဒီအကြိမ်ရေလောက်ပဲ ခေါက်ချိုးအသုံးပြုလို့ရမယ်ဆိုရင် တစ်နှစ်လောက်သုံးပြီးတာနဲ့ လွှင့်ပစ်ရမယ့် အနေအထားမှာရှိနေပါတယ်။

Samsung Foldable Phone Concept

နောက်ပြီး Samsung က သီးသန့် GPU အသစ်ပြုလုပ်နေတယ်လို့ သတင်းသဲ့သဲ့ကြားနေရတာကြောင့် Gaming အတွက် ဟုတ်ရင်ဟုတ်၊ မဟုတ်ရင် VR ကိုင်တွယ်ဖို့နဲ့ Infinity Display မှာ 4K Resolution အထိ ထောက်ပံ့ဖို့ ဖြစ်လာနိုင်ပါတယ်။ အတည်မပြုရသေးတဲ့ သတင်းတွေအရ GPU အသစ်ကို Galaxy S10 မှာ သုံးလာနိုင်ပြီး In-display Fingerprint Sensor နည်းပညာနဲ့ iPhone အသစ်တွေနဲ့ Head-to-head ယှဥ်ထုတ်သွားဖွယ် ရှိပါတယ်။ အရင်တုန်းက Flagship တန်းမှာ Apple တယောက်ပဲ Samsung အတွက် ပြိုင်ဖက်ရှိခဲ့တာဆိုပေမယ့် အခုချိန်မှာ Huawei လို တရုတ်ကုမ္ပဏီက စိန်ခေါ်လိုက်ပြီဖြစ်တာကြောင့် အဓိကပြိုင်ဖက်တယောက် ထပ်တိုးလာခဲ့ပြီလို့ သုံးသပ်ရပါတယ်။

2B (Akhayar)

www.akhayar.com

Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။