[Zawgyi]

3GB ဖိုင္ကို 38 စကၠန္႔နဲ႔ကူးပစ္ႏိုင္မယ့္ microSD ကို အာမခံ 10 ႏွစ္နဲ႔ Samsung ေရာင္းခ်

ဒီဖက္ေခတ္ စမတ္ဖုန္းတစ္လုံးအတြက္ 64GB Storage ဆိုတာက Standard တစ္ခုလိုျဖစ္ေနျပီလို႔ သတ္မွတ္ေပးရေတာ့မွာပါ။ OS တင္ထားျပီး သီခ်င္းနားေထာင္တာ၊ အပ်င္းေျပ အင္တာနက္သုံးဖို႔အတြက္ လုံေလာက္တယ္လို႔ေျပာႏိုင္ေပမယ့္ Galaxy S9 နဲ႔ Note 9 လို Display အရမ္းေကာင္းတဲ့ဖုန္းကိုင္ထားရင္ေတာ့ BluRay Video ၾကည့္ခ်င္ၾကည့္မယ္၊ 4K Footage ရိုက္ဖို႔တြက္ဆိုရင္ေတာ့ 64GB ဆိုတာၾကီးက Minimal ျဖစ္သြားပါျပီ။

Samung microSD in its Smartphone

ဒါေၾကာင့္လည္း 128 ၊ 256GB စသျဖင့္ Onboard Stoarge အျဖစ္ထည့္သြင္းေပးလာသလို အဲ့ဒါကိုမွ မလုံေလာက္ေသးဘူး၊ ထပ္တုိးခ်င္သပဆိုရင္ေတာ့ Samsung မိတ္ဆက္ထားလိုက္တဲ့ Evo Plus microSD က သင့္ေတာ္တဲ့ေရြးခ်ယ္မႈျဖစ္လာပါျပီ။

Samsung Evo Plus microSD

ဘာလို႔လဲဆိုရင္ Evo စီးရီး Samsung Memory Prouduct အမ်ားစုဟာ Quality ေကာင္းတယ္၊ ျမန္လည္းျမန္တယ္၊ အခုမိတ္ဆက္ထားလိုက္တဲ့ Evo Plus အမ်ိဳးစားက သာမန္ microSD ထက္ပိုျမန္တယ္။ UHS-1 Interface ကို အေျခခံထားလို႔ Read/Write Speed အေနနဲ႔ ပုံမွန္ 100MB/s နဲ႔ ေဆာင္ရြက္ေပးႏိုင္တယ္၊ Samsung အဆုိရေျပာရရင္ 3GB ရွိတဲ့ 4K Video ကို 38 Seconds ထဲနဲ႔ကူးေပးႏိုင္တယ္။

Along with SD Card Adapter

ေနာက္ျပီး အာမခံ ၁၀ ႏွစ္နဲ႔ ေရာင္းခ်ေပးမွာဆိုေတာ့ တကယ့္အမွတ္တရ Data ေတြကိုသိမ္းထားခ်င္တယ္၊ ေပ်ာက္သြားမွာ၊ ပ်က္သြားမွာစိုးရိမ္ေနရရင္ ဒီ Evo Plus ကိုဆြဲထားလိုက္တာ ပိုေကာင္းမယ္ထင္ပါတယ္ ။ ဒီလိုႏွစ္လိုဖြယ္ Feature ေတြပါဝင္တယ္ဆိုေပမယ့္ Samsung ထုံးစံအတိုင္း သူမာ်းထက္ေတာ့ ေစ်းပိုေပးရမွာပါ။ ဒီ Evo Plus အမ်ိဳးစား 32GB ကို $30 ဝန္းက်င္နဲ႔ေရာင္းခ်သြားမွာျဖစ္ျပီး အျမင့္ဆုံး 512GB ကေတာ့ $330 ေလာက္ရွိႏိုင္ပါတယ္။

2B (Akhayar)
www.akhayar.com

[Unicode]

3GB ဖိုင်ကို 38 စက္ကန့်နဲ့ကူးပစ်နိုင်မယ့် microSD ကို အာမခံ 10 နှစ်နဲ့ Samsung ရောင်းချ

ဒီဖက်ခေတ် စမတ်ဖုန်းတစ်လုံးအတွက် 64GB Storage ဆိုတာက Standard တစ်ခုလိုဖြစ်နေပြီလို့ သတ်မှတ်ပေးရတော့မှာပါ။ OS တင်ထားပြီး သီချင်းနားထောင်တာ၊ အပျင်းပြေ အင်တာနက်သုံးဖို့အတွက် လုံလောက်တယ်လို့ပြောနိုင်ပေမယ့် Galaxy S9 နဲ့ Note 9 လို Display အရမ်းကောင်းတဲ့ဖုန်းကိုင်ထားရင်တော့ BluRay Video ကြည့်ချင်ကြည့်မယ်၊ 4K Footage ရိုက်ဖို့တွက်ဆိုရင်တော့ 64GB ဆိုတာကြီးက Minimal ဖြစ်သွားပါပြီ။

Samung microSD in its Smartphone

ဒါကြောင့်လည်း 128 ၊ 256GB စသဖြင့် Onboard Stoarge အဖြစ်ထည့်သွင်းပေးလာသလို အဲ့ဒါကိုမှ မလုံလောက်သေးဘူး၊ ထပ်တိုးချင်သပဆိုရင်တော့ Samsung မိတ်ဆက်ထားလိုက်တဲ့ Evo Plus microSD က သင့်တော်တဲ့ရွေးချယ်မှုဖြစ်လာပါပြီ။

Samsung Evo Plus microSD

ဘာလို့လဲဆိုရင် Evo စီးရီး Samsung Memory Prouduct အများစုဟာ Quality ကောင်းတယ်၊ မြန်လည်းမြန်တယ်၊ အခုမိတ်ဆက်ထားလိုက်တဲ့ Evo Plus အမျိုးစားက သာမန် microSD ထက်ပိုမြန်တယ်။ UHS-1 Interface ကို အခြေခံထားလို့ Read/Write Speed အနေနဲ့ ပုံမှန် 100MB/s နဲ့ ဆောင်ရွက်ပေးနိုင်တယ်၊ Samsung အဆိုရပြောရရင် 3GB ရှိတဲ့ 4K Video ကို 38 Seconds ထဲနဲ့ကူးပေးနိုင်တယ်။

Along with SD Card Adapter

နောက်ပြီး အာမခံ ၁၀ နှစ်နဲ့ ရောင်းချပေးမှာဆိုတော့ တကယ့်အမှတ်တရ Data တွေကိုသိမ်းထားချင်တယ်၊ ပျောက်သွားမှာ၊ ပျက်သွားမှာစိုးရိမ်နေရရင် ဒီ Evo Plus ကိုဆွဲထားလိုက်တာ ပိုကောင်းမယ်ထင်ပါတယ် ။ ဒီလိုနှစ်လိုဖွယ် Feature တွေပါဝင်တယ်ဆိုပေမယ့် Samsung ထုံးစံအတိုင်း သူမာျးထက်တော့ ဈေးပိုပေးရမှာပါ။ ဒီ Evo Plus အမျိုးစား 32GB ကို $30 ဝန်းကျင်နဲ့ရောင်းချသွားမှာဖြစ်ပြီး အမြင့်ဆုံး 512GB ကတော့ $330 လောက်ရှိနိုင်ပါတယ်။

2B (Akhayar)
www.akhayar.com