[Zawgyi]

စမတ္ဖုန္းေရာင္အားျမႇင့္တင္ဖို႔ ေဒၚလာ ၂၂ ဘီလီယံ ရင္းႏွီးထားလိုက္တဲ့ Samsung Electronics

ေတာင္ကိုးရီးယားႏိုင္ငံရဲ႕ အႀကီးဆုံး Electronics ကုမၸဏီျဖစ္တဲ့ Samsung အေနနဲ႔ ဝမ္ေငြ ၂၅ ထရီလီယံ (ေဒၚလာ ၂၂ ဘီလီယံ) ကို ေနရာ ၄ ေနရာအတြက္ ရင္းႏွီးျမဳပ္ႏွံသြားေတာ့မယ္လို႔ သိရပါတယ္။ လက္ရွိအခ်ိန္မွာ ဖြံ႕ၿဖိဳးဆဲနည္းပညာေတြ ျဖစ္တဲ့ Artificial Intelligence (AI) ၊ 5G ၊ ေဆးဝါးစက္႐ုံ နဲ႔ ကားေတြအတြက္ Electronic Component ေထာက္ပံ့သြားဖို႔ကို လာမယ့္ ၃ ႏွစ္တာ ကာလအတြင္း ရင္းႏွီးျမဳပ္ႏွံသြားမယ္လို႔ ေၾကညာလိုက္တာပါ။

Galaxy S9

CNBC ေျပာၾကားခ်က္အရ ဆိုရင္ Display ပိုင္းနဲ႔ Semiconductor ထုတ္လုပ္မႈအပိုင္းမွာ ဝမ္ေငြ ၁၈၀ ထရီလီယံ (ေဒၚလာ ၁၆၁ ဘီလီယံ) လာမယ့္ ၃ ႏွစ္တာ ကာလအတြင့္ ရင္းႏွီးျမဳပ္သြားဖြယ္ရွိေနပါတယ္။ အခုခ်ိန္မွာ က႑ ၄ ခုအတြက္ လ်ာထားၿပီး ျဖစ္သလို ကမာၻတဝွမ္းမွာ အလုပ္ကိုင္ အခြင့္လမ္းေပါင္း ၄၀,၀၀၀ ေက်ာ္ ဖန္တီးေပးႏိုင္မယ္လို႔ သိရပါတယ္။

Galaxy S9 & S9+

ေနာက္ၿပီး AI ပိုင္းမွာ South Korea အပါအဝင္ U.K ၊ Canada ၊ Russia နဲ႔ U.S အစရွိတဲ့ ႏိုင္ငံေတြရဲ႕ ကြၽမ္းက်င္ပညာရွင္ အေယာက္ ၁,၀၀၀ ေခၚယူဦးမွာ ျဖစ္တယ္လို႔ သိရပါတယ္။ Samsung အေနနဲ႔ ဘယ္လိုပဲ ေၾကညာခ်က္ ထုတ္ျပန္ျပန္ ရင္းႏွီးျမဳပ္ႏွံမႈဟာ ဒုတိယသုံးလပတ္ ဝင္ေငြ ၄ ရာခိုင္ႏႈန္း က်ဆင္းမႈနဲ႔ တိုက္႐ိုက္သက္ဆိုင္ေနခဲ့တာပါ။ ကြၽမ္းက်င္သူေတြက Galaxy S9 ေရာင္းအားမေကာင္းခဲ့တာေၾကာင့္ ကုမၸဏီရွယ္ယာ ထိုးဆင္းေနသလို လာမယ့္ စမတ္ဖုန္းတိုက္ပြဲမွာ Samsung ဘယ္လို ျပင္ဆင္ေနသလဲဆိုတဲ့ အေၾကာင္းျပခ်က္ ျဖစ္မယ္လို႔ သုံးသပ္ထားပါတယ္။

2B (Akhayar)

www.akhayar.com

[Unicode]

စမတ်ဖုန်းရောင်အားမြှင့်တင်ဖို့ ဒေါ်လာ ၂၂ ဘီလီယံ ရင်းနှီးထားလိုက်တဲ့ Samsung Electronics

တောင်ကိုးရီးယားနိုင်ငံရဲ့ အကြီးဆုံး Electronics ကုမ္ပဏီဖြစ်တဲ့ Samsung အနေနဲ့ ဝမ်ငွေ ၂၅ ထရီလီယံ (ဒေါ်လာ ၂၂ ဘီလီယံ) ကို နေရာ ၄ နေရာအတွက် ရင်းနှီးမြုပ်နှံသွားတော့မယ်လို့ သိရပါတယ်။ လက်ရှိအချိန်မှာ ဖွံ့ဖြိုးဆဲနည်းပညာတွေ ဖြစ်တဲ့ Artificial Intelligence (AI) ၊ 5G ၊ ဆေးဝါးစက်ရုံ နဲ့ ကားတွေအတွက် Electronic Component ထောက်ပံ့သွားဖို့ကို လာမယ့် ၃ နှစ်တာ ကာလအတွင်း ရင်းနှီးမြုပ်နှံသွားမယ်လို့ ကြေညာလိုက်တာပါ။

Galaxy S9

CNBC ပြောကြားချက်အရ ဆိုရင် Display ပိုင်းနဲ့ Semiconductor ထုတ်လုပ်မှုအပိုင်းမှာ ဝမ်ငွေ ၁၈၀ ထရီလီယံ (ဒေါ်လာ ၁၆၁ ဘီလီယံ) လာမယ့် ၃ နှစ်တာ ကာလအတွင့် ရင်းနှီးမြုပ်သွားဖွယ်ရှိနေပါတယ်။ အခုချိန်မှာ ကဏ္ဍ ၄ ခုအတွက် လျာထားပြီး ဖြစ်သလို ကမ္ဘာတဝှမ်းမှာ အလုပ်ကိုင် အခွင့်လမ်းပေါင်း ၄၀,၀၀၀ ကျော် ဖန်တီးပေးနိုင်မယ်လို့ သိရပါတယ်။

Galaxy S9 & S9+

နောက်ပြီး AI ပိုင်းမှာ South Korea အပါအဝင် U.K ၊ Canada ၊ Russia နဲ့ U.S အစရှိတဲ့ နိုင်ငံတွေရဲ့ ကျွမ်းကျင်ပညာရှင် အယောက် ၁,၀၀၀ ခေါ်ယူဦးမှာ ဖြစ်တယ်လို့ သိရပါတယ်။ Samsung အနေနဲ့ ဘယ်လိုပဲ ကြေညာချက် ထုတ်ပြန်ပြန် ရင်းနှီးမြုပ်နှံမှုဟာ ဒုတိယသုံးလပတ် ဝင်ငွေ ၄ ရာခိုင်နှုန်း ကျဆင်းမှုနဲ့ တိုက်ရိုက်သက်ဆိုင်နေခဲ့တာပါ။ ကျွမ်းကျင်သူတွေက Galaxy S9 ရောင်းအားမကောင်းခဲ့တာကြောင့် ကုမ္ပဏီရှယ်ယာ ထိုးဆင်းနေသလို လာမယ့် စမတ်ဖုန်းတိုက်ပွဲမှာ Samsung ဘယ်လို ပြင်ဆင်နေသလဲဆိုတဲ့ အကြောင်းပြချက် ဖြစ်မယ်လို့ သုံးသပ်ထားပါတယ်။

2B (Akhayar)

www.akhayar.com