စမတ်ဖုန်းတွေ မှိုလိုပေါက်နေတဲ့ မျက်မှောက်ကာလကြီးက အသစ်ဝယ်ရင် ပိုကောင်းတယ်ဆိုမယ့် မော်ဒယ်တမျိုးထဲကိုပဲ စွဲစွဲမြဲမြဲသုံးချင်သူတွေအတွက် မကိုက်တော့ဘူးထင်ပါတယ်။ ယုတ်စွအဆုံး အဟောင်းဈေးကွက်မှာ အရည်သွေးကောင်းတဲ့ Flagship ကိုင်ချင်တယ်ဆိုရင်တောင် Update မရတဲ့ Blacklist ထဲဝင်နေရင် မျက်နှာငယ်နေရပါပြီ။

ဒါကလည်း ကုမ္ပဏီကို သွားအပြစ်ပြောလို့မရသလို Non-stop ထွက်နေတဲ့ ဖုန်းတမျိုးချင်းစီ ပိုက်စိပ်တိုက်ပြီး OS နဲ့ Security Update ချပေးဖို့ဆိုတာ အချိန်အရမ်းယူရမယ့် ကိစ္စတခုပါ။ Stock Android သုံးထားမယ်ဆိုရင်တောင် အလွန်ဆုံး ၂ နှစ် လောက်ထိပဲ Update ချနိုင်မှာမို့ ဘဝင်မကျဖြစ်စရာပါ။

အဲ့ဒါကြောင့် Stable Update ရနေတဲ့ Apple Ecosystem ကို အများစု နှစ်သက်ကြသလို Android Manufacturer တွေကိုလည်း တတ်နိုင်သမျှ Update ထုတ်ပေးဖို့ မျှော်လင့်နေတာပါ။ ဒီထဲကမှ Galaxy Device တွေကို ဘယ်လို Update ပေးသွားမလဲ Samsung ထုတ်ပြန်လိုက်ပြီမလို့ ကိုယ့် Smartphone ၊ Tablet လေး ဘယ်လောက် သက်ဆိုးရှည်မလဲ ဖတ်ကြည့်သွားပါဦး။

Monthly Update ရမယ့်အလုံးများ

S Series

Galaxy S7 Active ၊ Galaxy S8 ၊ Galaxy S8+ ၊ Galaxy S8 Active ၊ Galaxy S9 ၊ Galaxy S9+ ၊ Galaxy S10 ၊ Galaxy S10 + ၊ Galaxy S10e

Note Series

Galaxy Note 8 ၊ Galaxy Note 9

A Series

Galaxy A5 (2017) ၊ Galaxy A8 (2018)

Quarterly Security Update ရမယ့်အလုံးများ

Flagship

Galaxy S7 ၊ Galaxy S7 Edge ၊ Galaxy S8 Lite ၊ Galaxy Note FE

A Series

Galaxy A5 (2016) ၊ Galaxy A6 ၊ Galaxy A6+ ၊ Galaxy A7 (2018) ၊ Galaxy A8+ (2018) ၊ Galaxy A8 Star ၊ Galaxy A8s ၊ Galaxy A9 (2018) ၊ Galaxy A2 Core ၊ Galaxy A10 ၊ Galaxy A20 ၊ Galaxy A30 ၊ Galaxy A40 ၊ Galaxy A50 ၊ Galaxy A70

J Series

Galaxy J2 (2018) ၊ Galaxy J2 Core ၊ Galaxy J3 (2017) ၊ Galaxy J3 Top ၊ Galaxy J4 ၊ Galaxy J4+ ၊ Galaxy J4 Core ၊ Galaxy J5 (2017) ၊ Galaxy J6 ၊ Galaxy J6+ Galaxy J7 (2017) ၊ Galaxy J7 Duo ၊ Galaxy J7 Max ၊ Galaxy J7 Neo ၊ Galaxy J7 Pop ၊ Galaxy J7 Top ၊ Galaxy J7 Prime 2 ၊ Galaxy J7+ ၊ Galaxy J8

M Series

Galaxy M10 ၊ Galaxy M20 ၊ Galaxy M30

Galaxy Tab Series

Galaxy Tab A (2017) ၊ Galaxy Tab A 10.5 ၊ Galaxy Tab 10.1 (2019) ၊ Galaxy Tab A Plus 8 (2019) ၊ Galaxy Tab Active 2 ၊ Galaxy Tab S4 10.5 ၊ Galaxy S5e 10.5 ၊ Galaxy Tab E 8 Refresh ၊ Galaxy View 2

လျာထားဆဲ Device များ

Galaxy A3 (2016) ၊ Galaxy A3 (2017) ၊ Galaxy A7 (2017) ၊ Galaxy J3 Pop ၊ Galaxy J5 (2016) ၊ Galaxy J5 Prime ၊ Galaxy J7 (2016) ၊ Galaxy J7 Prime ၊ Galaxy Tab A 10.1 (2016) ၊ Galaxy Tab S2 L Refresh ၊ Galaxy Tab S2 S Refresh ၊ Galaxy Tab S3 9.7

Source: Samsung
2B (Akhayar)