[Zawgyi]

အနာဂတ္ Galaxy Smartphone ေတြမွာ Notch ပါလာေတာ့မွာလား?

အခုခ်ိန္ Galaxy S8 ၊ S9 နဲ႔ Note 8 ၊ Note 9 စမတ္ဖုန္းေတြ ပိုင္ဆိုင္ထားရင္ တရိုတေသ ဖုန္းကိုင္ရမယ့္အေနထားေရာက္ေနျပီလို႔ ေျပာရေတာ့မွာပါ။ ဘာလို႔လဲ? မေန႔တေန႔ကက်င္းပသြားတဲ့ Developer Conference မွာ Notch ပါဝင္လာမယ့္ Infinity Display ၃ မ်ိဳးတရားဝင္မိတ္ဆက္သြားတယ္၊ ဒီလိုသာဆိုရင္ Samsung လည္း Apple လမ္းစဥ္လိုက္ေနျပီလား?

New Infinity Display

ဟုတ္ပါတယ္၊ Marketing Director “Hassan Anjum” ကုိယ္တိုင္ Conference ပြဲမွာ Infinity U ၊ Infinity V ၊ Infinity O ဆိုျပီး Notch Display ၃ မ်ိဳးနဲ႔ New Infinity ကိုပါမိတ္ဆက္ေၾကညာသြားတယ္၊ Infinity U ကေတာ့ Essential Phone ရဲ႕ Notch Design နဲ႔ ခပ္ဆင္ဆင္။ V ဒီဇိုင္းက U နဲ႔တူတယ္ဆိုေပမယ့္လို႔ အနားသတ္ လုံးဝန္းေနတဲ့ပုံစံနဲ႔ျမင္ေတြ႔ရမယ္။

Notch Display Concept Design

ေပါက္တဲ့နဖူး မထူးေတာ့ဘူးလို႔ေျပာရမလား Notch ပါတယ္ဆိုေပမယ့္လို႔ Display ၃ မ်ိဳးလုံး iPhone ေတြလိုထူထူၾကီးမဟုတ္ဘူး၊ Infinity O ရဲ႕ Notch ပုံစံက စက္ဝိုင္းေလးလိုျဖစ္ေနေပမယ့္ Zenfone 6 လို Center မက်၊ ဟိုမေရာက္ဒီမေရာက္ ပုံစံမ်ိဳးျဖစ္ေနမလား? ေလာေလာဆယ္မွာေတာ့ Infinity O ဒီဇိုင္းကို သေဘာမေခြ႔က်ဘူးျဖစ္ေနတယ္။

Small or Big? What does it really matter?

ေနာက္ဆုံးေမွ်ာ္လင့္ခ်က္ျဖစ္လာႏိုင္တာက New Infinity ဆိုတာပဲ၊ ဒီေကာင္က လုံးဝ Notchless၊ ျပီးေတာ့ Edge-to-edge ပုံစံနဲ႔ ျမင္ေတြ႔ရႏိုင္တယ္။ ဒီလိုျဖစ္လာမယ္ဆိုရင္ Samsung အေနနဲ႔ စဥ္းစားရလာမွာက Slider Phone ေတြလို Camera ၊ Sensor ေတြတြန္းထုတ္သုံးရမွာလား? ေနာက္ျပီး ဘယ္အခ်ိန္က်မွ တကယ့္ 100% Screen Ratio အျပည့္ကိုျမင္ရမွာလဲ? ေနာက္ ၃ ႏွစ္ေနမွလား?

When will it come? New Infinity!!

အခုေလာေလာဆယ္ေတာ့ အတည္တက် ေျပာႏိုင္တာမရွိေသးေပမယ့္ Hassan Anjum က “Display Bezel ေတြအရင္ထက္ ပိုေသး၊ ပိုက်ဥ္းလာမယ္၊ Infinity U ၊ V ၊ O ေတြနဲ႔ စမတ္ဖုန္း Display နည္းပညာေတြကို ကြ်န္ေတာ္တို႔ ကန္႔သတ္လာႏိုင္မယ္ဆိုျပီး” Notch ဒီဇိုင္းအသစ္ေတြနဲ႔ အနာဂတ္စိန္ေခၚမႈေတြကို Samsung ေက်ာ္လႊားႏိုင္မယ္လို႔ ယံုၾကည္ထားပုံရပါတယ္။

2B (Akhayar)
www.akhayar.com

[Unicode]

အနာဂတ် Galaxy Smartphone တွေမှာ Notch ပါလာတော့မှာလား?

အခုချိန် Galaxy S8 ၊ S9 နဲ့ Note 8 ၊ Note 9 စမတ်ဖုန်းတွေ ပိုင်ဆိုင်ထားရင် တရိုတသေ ဖုန်းကိုင်ရမယ့်အနေထားရောက်နေပြီလို့ ပြောရတော့မှာပါ။ ဘာလို့လဲ? မနေ့တနေ့ကကျင်းပသွားတဲ့ Developer Conference မှာ Notch ပါဝင်လာမယ့် Infinity Display ၃ မျိုးတရားဝင်မိတ်ဆက်သွားတယ်၊ ဒီလိုသာဆိုရင် Samsung လည်း Apple လမ်းစဉ်လိုက်နေပြီလား?

New Infinity Display

ဟုတ်ပါတယ်၊ Marketing Director “Hassan Anjum” ကိုယ်တိုင် Conference ပွဲမှာ Infinity U ၊ Infinity V ၊ Infinity O ဆိုပြီး Notch Display ၃ မျိုးနဲ့ New Infinity ကိုပါမိတ်ဆက်ကြေညာသွားတယ်၊ Infinity U ကတော့ Essential Phone ရဲ့ Notch Design နဲ့ ခပ်ဆင်ဆင်။ V ဒီဇိုင်းက U နဲ့တူတယ်ဆိုပေမယ့်လို့ အနားသတ် လုံးဝန်းနေတဲ့ပုံစံနဲ့မြင်တွေ့ရမယ်။

Notch Display Concept Design

ပေါက်တဲ့နဖူး မထူးတော့ဘူးလို့ပြောရမလား Notch ပါတယ်ဆိုပေမယ့်လို့ Display ၃ မျိုးလုံး iPhone တွေလိုထူထူကြီးမဟုတ်ဘူး၊ Infinity O ရဲ့ Notch ပုံစံက စက်ဝိုင်းလေးလိုဖြစ်နေပေမယ့် Zenfone 6 လို Center မကျ၊ ဟိုမရောက်ဒီမရောက် ပုံစံမျိုးဖြစ်နေမလား? လောလောဆယ်မှာတော့ Infinity O ဒီဇိုင်းကို သဘောမခွေ့ကျဘူးဖြစ်နေတယ်။

Notch vs Original Display

နောက်ဆုံးမျှော်လင့်ချက်ဖြစ်လာနိုင်တာက New Infinity ဆိုတာပဲ၊ ဒီကောင်က လုံးဝ Notchless၊ ပြီးတော့ Edge-to-edge ပုံစံနဲ့ မြင်တွေ့ရနိုင်တယ်။ ဒီလိုဖြစ်လာမယ်ဆိုရင် Samsung အနေနဲ့ စဉ်းစားရလာမှာက Slider Phone တွေလို Camera ၊ Sensor တွေတွန်းထုတ်သုံးရမှာလား? နောက်ပြီး ဘယ်အချိန်ကျမှ တကယ့် 100% Screen Ratio အပြည့်ကိုမြင်ရမှာလဲ? နောက် ၃ နှစ်နေမှလား?

When will it come? New Infinity!!

အခုလောလောဆယ်တော့ အတည်တကျ ပြောနိုင်တာမရှိသေးပေမယ့် Hassan Anjum က “Display Bezel တွေအရင်ထက် ပိုသေး၊ ပိုကျဉ်းလာမယ်၊ Infinity U ၊ V ၊ O တွေနဲ့ စမတ်ဖုန်း Display နည်းပညာတွေကို ကျွန်တော်တို့ ကန့်သတ်လာနိုင်မယ်ဆိုပြီး” Notch ဒီဇိုင်းအသစ်တွေနဲ့ အနာဂတ်စိန်ခေါ်မှုတွေကို Samsung ကျော်လွှားနိုင်မယ်လို့ ယုံကြည်ထားပုံရပါတယ်။

2B (Akhayar)
www.akhayar.com