Huawei ရဲ့ Huawei P30 Pro စမတ်ဖုန်းက အခုအချိန်မှာ ထွက်ရှိသမျှဖုန်းတွေထဲမှာ Zoom ပိုင်းမှာ အကောင်းဆုံးသောဖုန်းတစ်ခုလို့ ပြောလို့ရပါတယ်။ ဒါပေမယ့် အခုအချိန်မှာတော့ Samsung ကနေ အလန်းစား Optical Zoom နည်းပညာကို စမတ်ဖုန်းတွေထဲမှာ ထည့်သွင်းလာတော့မှာဖြစ်ပါတယ်။

အခုအချိန်မှာတော့ Samsung က 5x Optical Zoom နည်းပညာပါဝင်တဲ့ Optical Module ကို Mass Production စတင်နေပြီဖြစ်တယ်လို့ သိရပါတယ်။ အဲ့ဒီအတွက် ဖြစ်နိုင်တာက လာမယ့် သြဂုတ်လဝန်းကျင်လောက်မှာ မိတ်ဆက်လာနိုင်တဲ့ Samsung Galaxy Note 10 ဖုန်းမှာ ဒီ Camera Setup ကို တွေ့မြင်ရဖို့များနေပါတယ်။

အခု 5x Optical Zoom Sensor က 5mm Profile ပဲရှိတဲ့အတွက် ယခင် Samsung Sensor တွေထက် ပါးလွှာပြီးတော့ Sensor ပုံစံက Circular Design အစား လေးထောင့် Design ပုံစံဖြစ်နေမှာပါ။

ဘာပဲဖြစ်ဖြစ် အခုလိုမျိုး Samsung ကလည်း စမတ်ဖုန်းတွေမှာ Optical Zoom ရရှိလာမယ့် Camera တွေကို ထုတ်လာတာက ဈေးကွက်အတွင်းမှာ ပိုပြီး ပြိုင်ဆိုင်မှုတွေများပြားလာောတ့ာမှာပါ။

Ref : GSMArena