[Zawgyi] 

Apple ကို သေရာ္ခဲ့ၿပီးမွ အခုေတာ့ Samsung ကိုယ္တုိ္င္ပဲ ျပန္ခံရေတာ့မလိုပါပဲ။ လက္ရွိ Galaxy Note 9 နဲ႔ Galaxy S9 ဖုန္းေတြမွာေတာ့ Notch လည္းမပါေသးသလို Display ေတြကလည္း iPhone ေတြထက္ ပိုေကာင္းတယ္လို႔ ေျပာခံေနရတုန္းပါပဲ။ 

Samsung က US Market မွာေတာ့ Apple ကို ေရကုန္ေရးခမ္း လိုက္တိုက္ခိုက္ေနခဲ့ရပါတယ္။ iPhone X ထြက္လာၿပီးေနာက္ပိုင္းမွာ Galaxy S9 ဖုန္းေတြနဲ႔ ဆက္တိုက္တိုက္ခိုက္လာခဲ့သလို Note 9 ထြက္ၿပီးေတာ့ လည္း Video အသစ္ေတြနဲ႔ Apple Pencil ကို S Pen နဲ႔ ေလွာင္ေျပာင္ခဲ့ပါေသးတယ္။ 

အဲ့ဒီ Video ေတြထဲက တစ္ခုမွာ iPhone ရဲ႕ 3.5mm Headphone Port မပါတာကို သေရာ္ထားတာ ေတြ႕ရမွာပါ။ ဒါေပမယ့္ အခုထြက္လာတဲ့ သတင္းေတြအရ Samsung ကိုယ္တိုင္ Galaxy S10 ဖုန္းေတြမွာ 3.5mm Headphone Port ကိုပဲ ျဖဳတ္ေတာ့မယ္လို႔ သိရပါတယ္။ Apple ကေတာ့ လြန္ခဲ့တဲ့ ၂ ႏွစ္ေက်ာ္ကတည္းက iPhone 7 မွာ စၿပီး Headphone Port ကို ျဖဳတ္ပစ္ခဲ့တာပါ။ အဲ့ဒီေနာက္ပိုင္းမွာေတာ့ Headphone Port ကို ျဖဳတ္ပစ္တဲ့ ဖုန္း Model ေတြ ေစ်းကြက္ထဲမွာ အမ်ားႀကီးျဖစ္လာပါတယ္။ 

Stereo Speaker ေတြကေတာ့ ႐ုပ္ရွင္ၾကည့္ရင္ အဆင္ေျပပါေသးတယ္

 

Samsung အေနနဲ႔ေတာ့ Display ပိုင္းမွာ Apple လို Notch ထည့္လာမွာမဟုတ္ေပမယ့္ အခုလို Headphone Port ကို ျဖဳတ္တယ္ဆိုတဲ့အပိုင္းကေတာ့ ေတာ္ေတာ္ေလးကို အေျပာခံရမွာပါ။ Headphone Port က တန္ဖိုးႀကီး Headphone ေတြနဲ႔ Audiophile ေတြအတြက္ေတာ့ အေရးပါတဲ့ အစိတ္အပိုင္းတစ္ခုအျဖစ္ရွိေနတာေၾကာင့္ အခုလို လုပ္ရပ္ကေတာ့ Samsung အတြက္ အထိနာမယ္လို႔ ခန္႔႔မွန္းရပါတယ္။ ဒါေပမယ့္ သာမန္ User ေတြနဲ႔ Samsung Fan ေတြအတြက္ေတာ့ သိပ္ၿပီး သက္ေရာက္မႈမရွိႏိုင္တဲ့ ေျပာင္းလဲမႈလို႔ေျပာလို႔ရပါတယ္။ 

AKG Earphone ေတြကလည္း USB-C နဲ႔ျဖစ္လာႏိုုင္ပါတယ္

 

အခုထြက္ထားတဲ့ သတင္းေတြအတိုင္းဆိုရင္ေတာ့ Galaxy S10 နဲ႔ ေနာက္ထြက္မယ့္ Galaxy Note 10 ဖုန္းေတြမွာ Headphone Port ပါေတာ့မွာမဟုတ္သလို USB-C ကေနပဲ သံုးလို႔ရေတာ့မွာပါ။ Samsung ကိုယ္တိုင္ကလည္း Wireless Headphone ေတြနဲ႔ Gear Icon X လို ထုတ္ကုန္ေတြကို ပိုၿပီး အသံုးမ်ားလာေစခ်င္တဲ့သေဘာမွာရွိပါတယ္။ သင္ေရာ Samsung Fan လား၊ ဒါမွမဟုတ္ Headphone Port နဲ႔ ပတ္သက္ၿပီး စိတ္မဝင္စားသူလား။ 

Ref: BGR 

Min Than Htike (Akhayar)

www.akhayar.com

[Unicode] 

Apple သြားတဲ့အတိုင္း လိုက္လုပ္ရေတာ့မယ့္ Samsung

Apple ကို သရော်ခဲ့ပြီးမှ အခုတော့ Samsung ကိုယ်တိုင်ပဲ ပြန်ခံရတော့မလိုပါပဲ။ လက်ရှိ Galaxy Note 9 နဲ့ Galaxy S9 ဖုန်းတွေမှာတော့ Notch လည်းမပါသေးသလို Display တွေကလည်း iPhone တွေထက် ပိုကောင်းတယ်လို့ ပြောခံနေရတုန်းပါပဲ။ 

Samsung က US Market မှာတော့ Apple ကို ရေကုန်ရေးခမ်း လိုက်တိုက်ခိုက်နေခဲ့ရပါတယ်။ iPhone X ထွက်လာပြီးနောက်ပိုင်းမှာ Galaxy S9 ဖုန်းတွေနဲ့ ဆက်တိုက်တိုက်ခိုက်လာခဲ့သလို Note 9 ထွက်ပြီးတော့ လည်း Video အသစ်တွေနဲ့ Apple Pencil ကို S Pen နဲ့ လှောင်ပြောင်ခဲ့ပါသေးတယ်။ 

အဲ့ဒီ Video တွေထဲက တစ်ခုမှာ iPhone ရဲ့ 3.5mm Headphone Port မပါတာကို သရော်ထားတာ တွေ့ရမှာပါ။ ဒါပေမယ့် အခုထွက်လာတဲ့ သတင်းတွေအရ Samsung ကိုယ်တိုင် Galaxy S10 ဖုန်းတွေမှာ 3.5mm Headphone Port ကိုပဲ ဖြုတ်တော့မယ်လို့ သိရပါတယ်။ Apple ကတော့ လွန်ခဲ့တဲ့ ၂ နှစ်ကျော်ကတည်းက iPhone 7 မှာ စပြီး Headphone Port ကို ဖြုတ်ပစ်ခဲ့တာပါ။ အဲ့ဒီနောက်ပိုင်းမှာတော့ Headphone Port ကို ဖြုတ်ပစ်တဲ့ ဖုန်း Model တွေ ဈေးကွက်ထဲမှာ အများကြီးဖြစ်လာပါတယ်။ 

Stereo Speaker တွေကတော့ ရုပ်ရှင်ကြည့်ရင် အဆင်ပြေပါသေးတယ်

 

Samsung အနေနဲ့တော့ Display ပိုင်းမှာ Apple လို Notch ထည့်လာမှာမဟုတ်ပေမယ့် အခုလို Headphone Port ကို ဖြုတ်တယ်ဆိုတဲ့အပိုင်းကတော့ တော်တော်လေးကို အပြောခံရမှာပါ။ Headphone Port က တန်ဖိုးကြီး Headphone တွေနဲ့ Audiophile တွေအတွက်တော့ အရေးပါတဲ့ အစိတ်အပိုင်းတစ်ခုအဖြစ်ရှိနေတာကြောင့် အခုလို လုပ်ရပ်ကတော့ Samsung အတွက် အထိနာမယ်လို့ ခန့့်မှန်းရပါတယ်။ ဒါပေမယ့် သာမန် User တွေနဲ့ Samsung Fan တွေအတွက်တော့ သိပ်ပြီး သက်ရောက်မှုမရှိနိုင်တဲ့ ပြောင်းလဲမှုလို့ပြောလို့ရပါတယ်။ 

AKG Earphone တွေကလည်း USB-C နဲ့ဖြစ်လာနိုုင်ပါတယ်

 

အခုထွက်ထားတဲ့ သတင်းတွေအတိုင်းဆိုရင်တော့ Galaxy S10 နဲ့ နောက်ထွက်မယ့် Galaxy Note 10 ဖုန်းတွေမှာ Headphone Port ပါတော့မှာမဟုတ်သလို USB-C ကနေပဲ သုံးလို့ရတော့မှာပါ။ Samsung ကိုယ်တိုင်ကလည်း Wireless Headphone တွေနဲ့ Gear Icon X လို ထုတ်ကုန်တွေကို ပိုပြီး အသုံးများလာစေချင်တဲ့သဘောမှာရှိပါတယ်။ သင်ရော Samsung Fan လား၊ ဒါမှမဟုတ် Headphone Port နဲ့ ပတ်သက်ပြီး စိတ်မဝင်စားသူလား။ 

Ref: BGR 

Min Than Htike (Akhayar)

www.akhayar.com