Samsung Galaxy Note 9
Samsung Galaxy A8
Samsung Galaxy A8
Ref : The Verge
Zawyè (Akhayar) 
www.akhayar.com
Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။
[UNICODE]
ဘယ်လို စမတ်ဖုန်းအမျိုးအစားပဲဖြစ်ဖြစ် အကောင်းဆုံးဆိုတဲ့ Feature တွေဟာ အဆိုပါ စမတ်ဖုန်းကုမ္ပဏီကနေ ထုတ်လုပ်နေတဲ့ Flagship စမတ်ဖုန်းတွေမှာပဲ အရင်ဆုံးတွေ့ရတာများပါတယ်။ အဲ့ဒါကြောင့်လည်း စျေးနှုန်းမြင့်မားတဲ့ Flagship စမတ်ဖုန်းတွေဟာ Feature ပိုင်းအရလည်း အစုံလင်ဆုံးဖြစ်နေတာပါ။
Samsung Galaxy Note 9
ဒီအချက်က Samsung အတွက်လည်း မှန်ကန်ပြီးတော့ Feature အသစ်တွေဟာ Samsung ရဲ့ စျေးအကြီးဆုံးသော Flagship စမတ်ဖုန်းတွေမှာပဲ အရင်ဆုံးပါဝင်နေတာဖြစ်ပါတယ်။ ဒါပေမယ့် Samsung ရဲ့ Head of Mobile Division အဖြစ်တာဝန်ယူထားတဲ့ DJ Koh ကတော့ မကြာခင်မှာ အခုဆောင်ရွက်နေတဲ့ နည်းစနစ်ကနေ သွေဖယ်ပြီး ဆောင်ရွက်ချင်တဲ့ပုံပါပဲ။
အခုသတင်းဟာ DJ Koh က CNBC သတင်းဌာနက ပြောကြားခဲ့တာဖြစ်ပြီးတော့ “ပြီးခဲ့တဲ့အတိတ်မှာတုန်က နည်းပညာအသစ်အဆန်းတွေနဲ့ ကွဲပြားခြားနားမှုတွေကို Flagship ဖုန်းတွေဆီကို အရင်ဆုံးယူဆောင်လာပြီးမှ Mid-range ဖုန်းတွေကို ယူဆောင်ခဲ့တယ်။ ဒါပေမယ့် ဒီနှစ်ကစပြီးတော့ ဗျူဟာပြောင်းလဲလိုက်မှာဖြစ်ပြီးတော့ ဒီနည်းပညာအသစ်တွေနဲ့ ကွဲပြားတဲ့အချက်တွေကို Mid-end Model တွေကနေ စတင်ဆောင်ရွက်သွားမယ်” လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။
Samsung Galaxy A8
Samsung ဟာ အခုလိုမျိုး ဆုံးဖြတ်ရတာကလည်း လောလောဆယ်မှာ Samsung ရဲ့ Flagship ဖုန်းတွေဖြစ်တဲ့ Galaxy S9 နဲ့ S9+ လိုဖုန်းတွေ ရောင်းအားကျဆင်းနေတာကြောင့် အဓိကဖြစ်နိုင်ပါတယ်။ DJ Koh ရဲ့ ပြောကြားချက်အရဆိုရင် သူဟာ Samsung ရဲ့ Mobile Development Team တစ်ခုလုံးကို ယခုဗျူဟာအပြောင်းအလဲအတွက် ပြန်လည် ပြင်ဆင်ထားပြီးပြီဖြစ်ပြီးတော့ ပထမဆုံးအပြောင်းအလဲဖြစ်လာမယ့် စမတ်ဖုန်းတွေက Galaxy A Series ဖုန်းတွေဖြစ်လာမယ်လို့ ပြောကြားခဲ့ပါတယ်။ Samsung ရဲ့ Galaxy A Series စမတ်ဖုန်းတွေဟာ ပုံမှန်အားဖြင့် S Series ထက် တစ်ဆင့်နိမ့်တဲ့ High-end Mid-range ဖုန်းတွေဖြစ်ပြီး စျေးနှုန်းအားဖြင့် ဒေါ်လာ ၄၀၀ ဝန်းကျင်ရှိတဲ့ စမတ်ဖုန်းတွေဖြစ်ပါတယ်။ DJ Koh ကတော့ အခုလိုမျိုး ပြောင်းလဲမှုတွေဟာ Flagship ဖုန်းတွေကို ဝယ်ယူနိုင်ခြင်းမရှိတဲ့ Millennial တွေအတွက်ရည်ရွယ်တာဖြစ်တယ်လို့လည်း ပြောကြားခဲ့ပါသေးတယ်။
Samsung Galaxy A8
Samsung ကို အခုအချိန်အထိ High-end Flagship ဖုန်းတွေကလွဲရင် Mid-range ဖုန်းတွေက တခြားသော စမတ်ဖုန်းထုတ်လုပ်သူတွေ၊ Xiaomi နဲ့ OnePlus တို့လိုမျိုး High-end Mid-range စျေးနဲ့ Flagship စွမ်းဆောင်ရည်ရှိတဲ့ဖုန်းထုတ်လုပ်သူတွေကြားထဲမှာ နေရာမရဖြစ်နေခဲ့တာဖြစ်ပါတယ်။ အခုလိုမျိုးသာ Samsung ကနေ နည်းပညာအသစ်တွေကို Mid-range ဖုန်းတွေမှာ ထည့်သွင်းလာမယ်ဆိုရင် ဒါက Samsung Mid-range ဖုန်းတွေကို ပြန်လည်ရွေးချယ်သင့်တဲ့အချက်တစ်ချက်ဖြစ်လာနိုင်ပါတယ်။
Ref : The Verge
Zawyè (Akhayar) 
www.akhayar.com